သုံးယောက်ပေါင်းရေးမှ တစ်အုပ်ထွက်မယ့် Jonas Brothers တို့ရဲ့ Memoir

သုံးယောက်ပေါင်းရေးမှ တစ်အုပ်ထွက်မယ့် Jonas Brothers တို့ရဲ့ Memoir

ပရိသတ်ကြီးတို့တော့ဘယ်လိုထင်လဲမသိပေမယ့် ဖတ်ဖူးသမ ျှကြားဖူးသမ ျှ Memoir တွေကမှာတော့ စာရေးဆရာတစ်ယောက်က သူ့ဘဝဇာတ်ကြောင်းကို ကိုယ်တွေ့မှတ်တမ်းလိုမျိုး ၊ အတ္ထုပတ္တိလိုမျိုးရေးတာပေါ့နော်။ ဘယ်လိုနေနေပါ နာမည်ကြီး Jonas Brothers တွေကလည်း သူတို့ဘဝဇာတ်ကြောင်းကို Memior တစ်အုပ်ထုတ်တော့မယ်တဲ့။

သူတို့သုံးယောက်ရဲ့ဘဝဇာတ်လမ်းကို ပုံဖော်ပြီးတော့ရေးမယ့် Memior လေးရဲ့နာမည်က Blood တဲ့။ ဒီစာအုပ်ထဲမှာအဓိကပါမှာတွေက သူတို့ရဲ့ Jonas Brothers Band ဘယ်လိုဖြစ်လာတာ ၊ အောင်မြင်ခဲ့တဲ့အချိန်တွေနဲ့ ၂ဝ၁၃ မှာ သူတို့အဖွဲ့ကွဲသွားခဲ့ရတဲ့အကြောင်း ၊ ပြီးတော့နောက်ဆုံးအနေနဲ့ ၂ဝ၁၉ ခုနှစ်မှာ သူတို့သုံးယောက်ပြန်လှန်ပေါင်းစည်းပြီးဇာတ်သိမ်းမယ်ပေါ့နော်။ စာအုပ်ကတော့ နိုဝင်ဘာလ ၁၂ ရက်နေ့မှထွက်မှာဆိုပေမယ့် ကြိုတင်ပြီးတော့စာရင်းပေးဝယ်လို့တောင်ရနေပါပြီတဲ့နော်။

Nick Jonas ရော ၊ Joe Jonas ရော လတ်တလောမှ မင်္ဂလာဆောင်သွားကြတာတွေရော ၊ သုံးယောက်ပေါင်းပြီး Hit Single နှစ်ပုဒ်ထွက်ထားတာတွေရော ၊ အယ်လ်ဘမ်အသစ်ထွက်မှာနဲ့ လှည့်လည်ဖျော်ဖြေမှာတွေနဲ့ Behind-the-scenes-documentary တွေရော စုံစိနေအောင်လုပ်ပြီး စီးပွားရှာပြီးပြီဆိုတော့ နောက်ဆုံးအနေနဲ့ စာအုပ်ထုတ်ဖို့ပဲကျန်တော့တာပေါ့။ ဒီလောက်အလုပ်များနေချိန်မှာ အချိန်တိုလေးအတွင် ဘယ်လို Memoir ရေးမယ်ဆိုတာတော့ မသိပေမယ့်လို့ Blood အတွက် ကူရေးပေးမယ့် Co-Author တော့ရှိနေပါတယ်နော်။ Mötley Crüe ရဲ့ The Dirt စာအုပ်ကိုကူရေးပေးခဲ့တဲ့ Neil Strauss က Jonas Brothers တွေထုတ်မယ့် Memior ရဲ့ Co-Author ပါ။

သူတို့ရဲ့ဒီနှစ်နွေက အမှန်တကယ် အလုပ်များမယ့်နွေပါ။ သူတို့ရဲ့ အယ်လ်ဘမ်အသစ် Happiness Begins က ဂျွန်လ ၇ ရက်နေ့မှာထွက်မယ် Documentary က ၈ျွန်လ ၄ ရက်နေ့မှာထွက်မယ်။ Joe Jonas ကတော့ သူတို့ရင်ဆိုင်ခဲ့ရတဲ့အခက်အခဲတွေနဲ့ဆိုရင် သူတို့ကအောင်မြင်မှုကိုတောင် ဖမ်းဆုပ်နိုင်မှာမဟုတ်ဘူးတဲ့။ ဒါပေမယ့်အခုတော့အောင်မြင်နေပြီလေတဲ့။ ဒါကြောင့်သူတို့ အနုပညာရှင်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ရော မိသားစုတစ်စုအနေနဲ့ပါ ဖြတ်သန်းခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို သူတို့နဲ့အတူ အစကနေရှိနေခဲ့ကြတဲ့သူတိုင်းကို ပြောပြချင်လို့ စာအုပ်ထုတ်ရတာဖြစ်တယ်လို့ ပြောခဲ့တယ်။

ဒီတော့မေးစရာရှိတာက နောက်ဆိုရင် သုံးယောက်ပေါင်းပြီး ဒီ Memior ကိုပဲ Audiobook ထုတ်ကြဦးမှာလား။ ရေးရင်ရော တစ်ယောက်တစ်ပိုင်းရေးမှာလားဘာလားပေါ့။ ပရိသတ်ကြီးတို့ရော စာရေးသူတွေးသလိုတွေးမိလား။

Photo Credit: Hollywood Reporter, Instagram

Ref: People.com

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle