PS4 ထက် PS4 Pro ပိုကောင်းတယ်လို့ပြောနိုင်တာ ဘယ်အချက်တွေကြောင့်လဲ?

PS4 ထက် PS4 Pro ပိုကောင်းတယ်လို့ပြောနိုင်တာ ဘယ်အချက်တွေကြောင့်လဲ?

Gamer တွေ စွဲစွဲမြဲမြဲကစားလာကြတဲ့ PlayStation Console ဟာ အခုဆိုရင် နှစ် ၂၀ ပြည့်သွားခဲ့ပြီလို့ စကားချီးအရင်စရပါလိမ့်မယ်။ လက်ရှိ Console Gaming ထဲမှာ PlayStation နဲ့အပြိုင် Xbox ၊ Nintendo တို့ရှိနေပေမယ့် ဈေးကွက် အနေထားရရော Experience ပိုင်းမှာပါ အားလုံးကိုကျော်တတ်ပြီး Sony လက်မထောင်နိုင်ခဲ့တာ မျက်မြင်ကိုယ်တွေ့ပါပဲ။ ဒီတော့ ဂိမ်မာတွေအတွက် PlayStation 4 နဲ့ 4 Pro တို့ ဘယ်လိုကွဲသလဲဆိုတာ ဆောင်းပါးလေးနဲ့ ဖော်ပြပေးသွားပါ့မယ်။

သာလွန်တဲ့ Gaming Experience
PS4 Pro မှာ Processor Power ၃၀ ရာခိုင်နှုန်း ပိုတိုးထားသလို Graphics အတွက် ရုပ်ထွက်နှစ်ဆ အဆင့်မြှင့်ထားပါတယ်။ အထိအကျပြောရရင် PS4 Pro ရဲ့CPU ( 8 Cores AMD Jaguar) ဟာ 2.1GHz မြန်နှုန်းရှိပြီး GPU မှာတော့ AMD Radeon (36CU, 911MHz) ကို အသုံးပြုထားပါတယ်။ ဒီ GPU ရဲ့တွက်ချက်နှုန်းဟာ 4.2 TFLOP ရှိတာမလို့ Gaming အတွက် Powerful ဖြစ်တယ်လို့ ပြောနိုင်ပါသေးတယ်။ Memory ပိုင်းမှာဆိုရင်လည်း 8GB GDDR5 အပြင် 1GB RAM ပါထပ်ထည့်ထားလို့ 4K Gaming ပို Smooth ဖြစ်စေပါတယ်။

4K Gaming
4K Gaming ဆိုတာက Playstation 4 Pro ရဲ့ အထင်ရှားဆုံး အားသာချက်ပါ။ RTX 2080 လို အမြင့်ဆုံး Graphics Card နဲ့ 4K မှာ Struggle လုပ်နေရချိန် PlayStation ဂိမ်မာတွေကတော့ အေးအေးလူးလူးပါပဲ။ 4K ရုပ်ထွက်မရှိတဲ့တီဗီ သုံးနေတယ်ဆိုရင်လည်း တွေးပူနေစရာမလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ PS4 Pro ရဲ့ HD ရုပ်ထွက်ကို ဘယ်လိုဖန်သားပြင်မှာမဆို မြင်တွေ့ခံစားရမယ့်အပြင် 1080p ထုတ်ပေးတဲ့ မော်နီတာများအတွက်လည်း ရုပ်ထွက်အမြင့်ဆုံးတင်ပေးမယ့်စနစ်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ Native 4K ဖြစ်တာကြောင့် 2160p ရုပ်ထွက်ရှိတဲ့ 4K တီဗီကို ပိုင်ဆိုင်ထားသူများအဖို့ လက်မလွှတ်သင့်တဲ့ရွေးချယ်မှုဖြစ်သလို 4K မဟုတ်တဲ့ ဖန်သားပြင်များအတွက်လည်း ထူးခြားမှုကိုခံစားရမယ့် Playstation 4 Pro ဖြစ်ပါတယ်။

1TB Storage နဲ့ပိုကောင်းတဲ့ ချိတ်ဆက်မှု
PS4 မှာ 500 GB ပမာဏပဲဝင်ဆန့်နိုင်ပေမယ့် PS4 Pro မှာ ၂ ဆ တိုးပေးလိုက်တာကြောင့် စုစုပေါင်း 1TB Hard Drive ဖြစ်သွားပါပြီ။ ဒါ့အပြင် တီဗီဖန်သားပြင်နဲ့ ချိတ်ဆက်ဖို့ HDMI 1.6 Port ကို HDMI 2.0 အဆင့်မြင့်လိုက်တဲ့အတွက် VR ပိုင်း ပိုကောင်းလာပါတယ်။ နောက်ပြီး Wireless Controller အားသွင်းပေးဖို့ USB 3.1 Port ၂ ခုကို ဂိမ်းစက်ရဲ့အရှေ့ဘက်မှာ လွယ်လွယ်တင်သုံးလို့ရအောင် ထည့်ထားပါသေးတယ်။ အင်တာနက်သုံးဖို့ Ethereal Port နဲ့ Optical Audio Port တို့လည်း ပါဝင်ပါတယ်။

ပိုကြီးမားတဲ့ဒီဇိုင်းနဲ့ သေသပ်တဲ့စက်အပြင်အဆင်
PS4 Pro ဂိမ်းစက်ဟာ အရင်ဒီဇိုင်းနဲ့ မတိမ်းမယိမ်းလေးဆင်တူပေမယ့် တကယ်တမ်းမှာ ထူးခြားမှုတစ်ချို့ပါဝင်တာကို တွေ့ရမှာပါ။ ရိုးရိုးသာမန် PS4 နဲ့ သေးသွယ်ပေါ့ပါးတဲ့ PS4 Slim တို့ဟာ အလေးချိန် ၆.၂ ပေါင်နဲ့ ၄.၁ ပေါင်တို့ အသီးသီး အလေးချိန်ရှိကြပေမယ့် PS4 Pro ကတော့ ၇.၂ ပေါင် ပိုလေးသွားပါပြီ။ ဒါ့အပြင် ပတ်ပတ်လည်အရှည်နဲ့အကျယ်ဟာ အလျား 327  အနံ 295 နဲ့ အမြင့် 55 မီလီမီတာ (12.9 x 11.6 x 2.17 စင်တီမီတာ) ရှိပါတယ်။ ဒါကြောင့် ပိုမိုကောင်းမွန်သာလွန်အောင် တိုးချဲ့ထားတဲ့စနစ်တွေနဲ့ ယခင်ကထက် အရွယ်အစားအနည်းငယ်ကြီးပြီး အလေးပိုစီးတဲ့ PlayStation 4 Pro ဖြစ်စေပါတယ်။

အခုလိုအချက်တွေကို ဖတ်ရှုပြီး နောက်ဆုံးထွက်ရှိထားတဲ့ Playstation 4 Pro ရဲ့ ထူးကဲတဲ့စနစ်တွေကို သိရှိသွားကြမယ်ထင်ပါတယ်။

ဒီတော့ PS4 ရှိနှင့်ပြီးသားသူတွေရော၊ အခုမှ ဂိမ်းစက်ဝယ်ဖို့ စဉ်းစားနေကြတဲ့သူများပါ အလွယ်တကူရွေးချယ်ဝယ်ယူနိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးကို ရေးသားမျှဝေတာဖြစ်ပြီး PlayStation 4 Pro ကိုဝယ်ယူလိုသူများအနေနဲ့ လက်ရှိသတ်မှတ်ဈေးနှုန်း ဒေါ်လာ ၃၉၉ ကျပ် (မြန်မာငွေ ၅၀၀,၀၀၀ ကျပ်ဝန်းကျင်) နဲ့ နီးစပ်ရာကုန်တိုက်နဲ့ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ကြောင်း ပြောရင်း နောက်ဆောင်းပါးတွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Yan
Ref: trustedreview, forbes

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle