အသက်(၅၀) ကျော်အထိ ကြံ့ခိုင်အောင် Aamir Khan ဘာတွေစားသောက်လဲ

အသက်(၅၀) ကျော်အထိ ကြံ့ခိုင်အောင် Aamir Khan ဘာတွေစားသောက်လဲ

Bollywood ရဲ့ “Mr Perfectionist” လို့နာမည်ကျော်တဲ့ Aamir Khan ဟာ အခုဆိုရင် အသက် ၅၄ နှစ်ရှိနေပါပြီ။ အသက် (၅၄) နှစ်အရွယ်ရှိနေပေမယ့် လူငယ်တစ်ဦးလို ကြံ့ခိုင်သန်စွမ်းတောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်နေတဲ့အတွက် အသက်အရွယ်ဆိုတာဟာ သူ့အတွက် ကိန်းဂဏန်းတစ်ခုသာသာ ဖြစ်ပါတယ်။ ဘယ်လိုလျှို့ဝှက်ချက်တွေကြောင့် အသက် (၅၀) အရွယ်ကျော်တဲ့အထိတောင် တက်ကြွနေပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းနေရတာလဲဆိုပြီး နှုှိက်နှိုက်ချွတ်ချွတ်ရှာဖွေကြည့်လိုက်တဲ့အခါ သူရဲ့စားသောက်နေထိုင်မှုပုံစံကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။စားသောက်နေထိုင်မှုပုံစံဆိုတာ သိပေမယ့်လည်း ကိုယ်တိုင်မကျင့်သုံးနိုင်ရင် ကျန်းမာကြံ့ခိုင်မှာ မဟုတ်ပါဘူူးနော်။ပိုက်ဆံတွေဘယ်လောက်များများရှိနေရင်တောင် မကျင့်သုံးရင် ကျန်းမာကြံ့ခိုင်ကြမှာ မဟုတ်လို့ သူအခုချိန်ထိ ကျန်းမာကြံ့ခိုင်နေအောင် ဘယ်လိုစားသောက်နေထိုင်လဲဆိုတာ လိုက်လေ့လာပြီး ကျင့်သုံးနိုင်အောင် ကြိူးစားကြည့်ပါ။ ကဲ…..အခုချိန်ကစပြီး လေ့လာကြည့်ကြရအောင်။

Seekh Kebab စားရတာကြိုက်နှစ်သက်သူပါ
Aamir က Social Gathering တွေကိုမကြိုက်ဘဲ အိမ်ချစ်တဲ့သူဖြစ်တာနဲ့အညီ သူမွေးနေ့တုန်းကလည်း အိမ်မှာ ချက်ပြုတ်တဲ့ ဟင်းတွေကိုပဲ စားသောက်ကာ ဖြတ်သန်းခဲ့ပါတယ်။

သတင်းတွေအရဆိုရင် သူ့မွေးနေ့မှာ သူ့အမေချက်ပြုတ်ပေးတဲ့ အိမ်ချက် Seekh Kebab(ကြက်သားခပတ်လို) ဟင်းမျိုးမပါဘဲနဲ့ မဖြတ်သန်းတတ်ပါဘူး။ ဒါပေမယ့်အခုချိန်မှာတော့ သူဟာ အသီးအရွက်သမားဖြစ်သွားတဲ့အတွက် အသီးအရွက်တွေနဲ့လုပ်တဲ့ ခပတ်မျိူးကိုသာ စားသောက်ပြီး ဖြတ်သန်းပါတယ်။

ရေအစွမ်း
အင်တာဗျူးတစ်ခုမှာ သူ့ဟာ အသားအရေကောင်းပြီး  ယောကျာ်းပီသတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်စေဖို့အတွက် ရေကို ပုံမှန်သောက်သုံးနေကျထက် အများကြီး ပိုမိုသောက်သုံးပါတယ်။ ရေအများကြီးသောက်ပေးခြင်းက သူကို ရေဓာတ်ပြည့်စေရုံသာမက ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို သဘာဝအတိုင်း သန့်စင်စေပါတယ်။

အသီးအရွက်သမားဖြစ်ခြင်း
သူဟာ ကြက်သား၊ငါးနဲ့ ဥတွေကို စားနေရာကနေ ၂၀၁၅ ခုနစ်မှာ အသီးအရွက်စားသမား အဖြစ် ပြောင်းလဲလိုက်ပါတယ်။ သူ့အမျိူးသမီး Kiran Rao က ရောဂါ ၁၅ မျိုးကို စားသောက်နေထိုင်မှုပုံစံပြောင်းရုံနဲ့ ကာကွယ်နိုင်တယ်ဆိုတဲ့ အကြောင်းကို ဗီဒီယိုတစ်ခုပြပြီး ပြောပြရာကနေ အသီးအရွက်စားသမား ဖြစ်သွားပါတော့တယ်။

Olive Oil
သူစားသမျှ ဟင်းတွေကို Olive Oil တွေနဲ့ ချက်ပြူတ်ပြီး စားသောက်ပါတယ်။ အဲဒီလို Olive Oil နဲ့ ချက်ပြုတ်စားသောက်ခြင်းဟာ Cholesterol တွေ မတက်လာအောင် ထိန်းချုပ်ပြီးသား ဖြစ်သွားစေပါတယ်။

သံပုရာရည်
သူဟာ ရုပ်ရှင်တွေအတွက် ခန္ဓာကိုယ်အပြောင်းအလဲတွေ အများကြီးပြုလုပ်ရတဲ့အတွက် Fitness တွေကို ပြင်းပြင်းထန်ထန် ပြုလုပ်ရတဲ့သူဖြစ်တယ်ဆိုတာကို ပရိသတ်တွေ သိကြမှာပါ။ ဒါပေမယ့် လူတော်တော်များက သူ Work Out လုပ်ပြီးရင် အားအင်တွေ မကုန်ခန်းအောင် ဘာတွေသောက်ပြီး လုပ်လဲဆိုတာကိုတော့ လူတော်တော်များများ မသိကြပါဘူး။ သူဟာ Workout တွေလုပ်လို့ စွမ်းအင်တွေကို ကုန်ဆုံးသွားတာမျိုးမဖြစ်စေဖို့အတွက် သံပုရာရည်ကို သောက်သုံးပေးပါတယ်။

အစားအစာတွေကို (၈) နာရီနောက်ဆုံးထားပြီး စားပေးခြင်း
Bollywood ရဲ့ နာမည်ကျော် ခန္ဓာကိုယ်ကြံ့ခိုင်တဲ့ Celebrity တွေတိုင်းဟာ ညအရမ်းနက်မှ အစားအစာ စားခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါတယ်။ Aamir ကလည်း သူရဲ့ နောက်ဆုံးစားတဲ့ အစားအစာကို တတ်နိုင်သမျှ အရမ်းနောက်မကျဘဲ စောစောလေး စားပေးပါတယ်။

အဲ့ဒီလိုစားပေးတဲ့အတွက်ကြောင့် သူရဲ့ခန္ဓာကိုယ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ လှုပ်ရှားနိုင်တာပါ။ Fitness ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ နောက်ဆုံးအစားအစာကို ခုနစ်နာရီနဲ့ ရှစ်နာရီအကြား အပြီးစားပေးခြင်းက အစာခြေစနစ်ကို ချောမွေ့စေပြီး ကောင်းကောင်းအိပ်ပျော်စေကာ ခန္ဓာကိုယ်ကို အားဖြည့်စေပါတယ်။

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle