အလှအပအတွက် ဘယ်လိုဖြည့်စွတ်စာတွေ စားသောက်ပေးဖို့ လိုအပ်လဲ

အလှအပအတွက် ဘယ်လိုဖြည့်စွတ်စာတွေ စားသောက်ပေးဖို့ လိုအပ်လဲ

ဒီဘက်ခေတ်မှာ အလှအပရေးရာအတွက် လှပအောင် ပြုပြင်ပြောင်းလဲနေထိုင်တော့မယ်ဆိုရင် လိုအပ်တဲ့အရာတွေက Cosmetics တွေနဲ့ Skincare Product တွေချည်းပဲ ဖြစ်ပါ့မလား။ တခြားရော ဘာတွေလိုဦးမလဲ။ နေထိုင်စားသောက်မှုပုံစံပါ ပြောင်းဖို့ လိုတာကတော့ အရင်တစ်ခေါက်ထဲက ပြောပြီးပါပြီ။ တော်ပြီလား။ ဘာတွေလိုသေးလဲ။ လိုသေးတာပေါ့။ အခုနောက်ပိုင်း အလှအပအတွက် ဖြည့်စွက်စားသောက်ရတဲ့ ဖြည့်စွက်စာတွေအများကြီး ပေါ်လာပါတယ်။ ဒီလိုခေတ်စားလာတဲ့အထဲကမှ လူတွေကရော ဘယ်လိုဖြည့််စွတ်စာတွေကို ခုံခုံမင်မင်နဲ့ သောက်သုံးနေကြလဲဆိုတာ သိရင်တော့ ကိုယ်ရော အလှအပအတွက် လိုက်သောက်ရင်ကောင်းမလား စဉ်းစားရမယ်။

Collagen
လူကြိုက်အများဆုံးကတော့ Collagen မှီဝဲတာပါ။ အသက် ၃၀ ကျော်လာတာနဲ့ ကိုယ်တွင်းက သဘာ၀ Collagen ထုတ်လုပ်မှုက ကျဆင်းလာမှာဖြစ်လို့ အသက် ၂၅နှစ်လောက်ဆို Collagen ကို ပုံမှန်မှီဝဲလာကြပါတယ်။ Collagen က ဘာကြောင့်လိုအပ်လဲဆိုရင် အသားအရေ တင်းရင်းလှပဖို့၊ အရွယ်တင်နုပျိုဖို့၊ အရေးအကြောင်းတွေ ဖြစ်ပေါ်လာတာကို တားဆီးနိုင်ဖို့ နဲ့ အရိုးအဆစ်ကြံ့ခိုင်သန်မာဖို့အတွက် လိုအပ်တာပါ။ တချို့က အမှုန့်ထုပ်လေးတွေကို ရေနဲ့ ဖျော်သောက်ရတာဖြစ်ပြီး တချို့ကတော့ Juice လိုမျိုး အဆင်သင့်သောက်သုံးနိုင်တဲ့အချိုရည်လေးတွေအဖြစ် ထုတ်လုပ်ပါတယ်။

Chia Seeds
ရုတ်တရက်ကြည့်လိုက်ရင် ငယ်ငယ်ကတည်းက အအေးတွေထဲမှာ ထည့်သောက်တဲ့ ပင်ပွားနဲ့ ခပ်ဆင်ဆင်တူပေမယ့် ပင်ပွားမဟုတ်တဲ့ Chia Seeds ကိုလည်း တော်တော်များများ သောက်သုံးတာကို တွေ့ရပါတယ်။ Chia Seeds မှာ အမျှင်ဓာတ်ပါဝင်မှုနှုန်းများတဲ့အတွက်ကြောင့် Diet လုပ်တဲ့အခါလည်း အစာခံအောင် မှီဝဲလေ့ရှိကြသလို အပူအပုပ်နဲ့ ဝမ်းကောင်းဖို့အတွက်လည်း မှီဝဲလေ့ရှိကြပါတယ်။ Chia Seeds ကို ပုံမှန်သောက်သုံးနေသူတွေဟာ ကိုယ်ရေစစ်ပြီး အသားအရည်ကြည်လင်လှပလာလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။ သူက အစေ့ခြောက်ကလေးတွေအဖြစ် လာပြီး ရေမှာ နာရီဝက်လောက်စိမ်ပြီး ပွပေးရပါတယ်။ ပြီးရင်တော့ ရေ၊ Detox Water တွေထဲထည့်သောက်လေ့ရှိကြပါတယ်။

Butterfly Pea
သူ့ကိုတော့ မြန်မာလို အောင်မဲညိုလို့ လူသိများပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်ပြီး သက်ရှည်နုပျိုစေတယ်လို့ ပြောကြပါတယ်။ ခရမ်းရောင်အပွင့်လေးတွေဖြစ်ပြီးတော့ ရေနွေးကြမ်းလို စိမ်ပြီး သောက်သုံးရတာပါ။ အောင်မဲညိုက အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးတယ်။ ဆံသားကိုလည်း ကောင်းမွန်စေပြီး အသားအရေကိုလည်း ချောမွတ်စေတယ်။ လက်သည်းခြေသည်းတွေကိုလည်း ခိုင်မာစေပါတယ်။

Vitamin C
Vitamin C ဟာ လူနဲ့တည့်ပါတယ်။ သူက ကျန်းမာရေးအတွက်ဆိုရင်လည်း ရောဂါဘယတွေကို ခုခံနိုင်တဲ့အစွမ်းသတ္တိရှိပြီး အသားအရေအတွက်ဆိုရင်လည်း အသားအရေကြည်လင်လှပစေပြီး အမဲစက်၊ အမာရွတ်နဲ့ နေလောင်ဓာဏ်ကိုလည်း မဖြစ်လာအောင် ကာကွယ်ပေးနိုင်ပါတယ်။ အရင်တုန်းကတော့ Vitamin C ဆိုရင် အားဆေးတွေထဲမှာပါတဲ့ Vitamin တစ်မျိုးလို့ ထင်ကြတယ်။ ပြီးတော့ ဆေးလို နေမကောင်းမှ သောက်ရတယ်၊ ဆရာဝန်ညွှန်ကြားမှ သောက်ရတယ်လို့ ယုံကြည်ကြပေမယ့် အခုကတော့ Vitamin C ကို အလှအပအတွက် လိုအပ်တဲ့ဓာတ်စာအဖြစ် သောက်သုံးကြပါတယ်။

Evening Primrose Oil
နောက်ထပ် နာမည်ကြီးလူကြိုက်များတာကတော့ Evening Primrose Oil ပါပဲ။ အရင်ကတော့ သာမန်အမျိုးသမီးအားဆေးလို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းအသိအမြင်ကျယ်ပြန့်လာတဲ့အခါ အလှအပရေးရာအတွက် အထောက်အကူပြုတဲ့ဆေးတစ်မျိုးအနေနဲ့ သောက်သုံးကြပါတယ်။ သူကတော့ အသားအရေစိုပြည်ဝင်းမွတ်စေတယ်။ အမျိုးသမီးရောဂါတွေကို သက်သာစေတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့နေရာမှာလည်း အထောက်အကူပြုပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တာမို့ လက်ရှိမှာ မိန်းကလေးအများစုက နှစ်နှစ်ခြိုက်ခြိုက် မှီဝဲလေ့ရှိကြပါတယ်။

Detox Water
အခုနောက်ပိုင်းဆို ကော်ဖီဆိုင်တွေသွားရင်တောင် ချဉ်ပြုံးပြုံးနဲ့ အရွက်စိမ်းလေးတွေပါတဲ့သောက်ရေကို ချပေးတာကို ကြုံဖူးကြမှာပါ။ အဲဒါကတော့ Detox Water ပါ။ ရေကိုမှ သံပုရာ၊ ပူစီနံနဲ့ ကိုယ်သဘောကျနှစ်သက်တဲ့ သစ်သီးသစ်ရွက်တွေ ထည့်သွင်းသောက်သုံးတဲ့ရေအမျိုးအစားလို့ အလွယ်ပြောရမှာပါပဲ။ သူက အူရှင်းစေတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အသားအရေကြည်လင်လှပပြီး ဝိတ်ချဖို့အတွက်လည်း အထောက်အကူပြုသလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ တချို့တွေကတော့ အခြောက်ခံထားတဲ့ အသီးအရွက်ထုတ်လေးတွေကို ရေစိမ်ဖျော်လို့ရတဲ့ Detox Water အဖြစ် ထုတ်လုပ်ကြပြီး ပုံမှန်ကတော့ အိမ်မှာ ကိုယ့်ဘာသာကိုယ် စိမ်သောက်ကြတာပဲ များပါတယ်။

ဒီတော့ အခုဆိုရင် အလှအပနဲ့ပတ်သက်လာရင် အလှပြင်နေတာ၊ အသားအရည်ထိန်းသိမ်းနေတာမျိုးတင်မဟုတ်ဘဲ ဖြည့်စွတ်စာတွေပါ ဘယ်လိုမှီဝဲရမလဲသိသွားပြီ ဟုတ်။ ဘယ်လိုပဲဖြစ်ဖြစ် လှချင်ရင်တော့ ဘေးထွက်ဆိုးကျိုးမရှိတဲ့ နည်းလမ်းတွေကိုပဲ သေချာဂရုတစိုက်လေ့လာပြီးမှ ရွေးချယ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ အခရာပရိသတ်ကြီးတွေထဲမှာလည်း ဒီဖြည့်စွတ်စာတွေ စားဖူးတဲ့သူတွေရှိရင် Review လေး ပေးပါဦးနော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle