Low Budget Trip ဆိုပေမယ့် ခရီးစဉ်ရဲ့ဘယ်လိုနေရာတွေမှာ ငွေသုံးသင့်လဲ

Low Budget Trip ဆိုပေမယ့် ခရီးစဉ်ရဲ့ဘယ်လိုနေရာတွေမှာ ငွေသုံးသင့်လဲ

အခုနောက်ပိုင်း လူငယ်တွေ ခရီးသွားကြတဲ့အခါ Low Budget Trip ဆိုတာ အရမ်းခေတ်စားလာပါတယ်။ သူငယ်ချင်းတွေစုပြီး ခရီးစဉ်ကို အစအဆုံးစုံစမ်းရင်း ကုန်ကျစရိတ်ကို တက်နိုင်သမျှ အနည်းဆုံးနည်းအောင် ချွေတာပြီး ခရီးသွားကြခြင်းအားဖြင့် ကုန်ကျစရိတ်ကိုချွေတာပြီး လက်ထဲမှာ စုမိထားတဲ့မုန့်ဖိုးငွေလေးတွေနဲ့ ခရီးသွားလို့ရပါတယ်။ ဒါကို Low Budget Trip လို့ ခေါ်ကြပေမယ့် ကိုယ့်ရဲ့ ခရီးသွားအတွေ့အကြုံတွေအရ ကုန်ကျစရိတ်ကို ချုံ့ပေမယ့်လည်း ငွေသုံးဖို့ ခရီးသွားဖို့ စဉ်းစားရင် ငွေသုံးဖို့ မနှမြောသင့်တဲ့နေရာတွေက ရှိနေပြန်ပါတယ်။ အဲဒီနေရာတွေကိုပါ ငွေမသုံးဘဲ ပေါချောင်ကောင်းရွေးမိမယ်ဆိုရင်တော့ ခရီးစဉ်တစ်လျှောက်လုံး စိတ်ညစ်နေရတော့မှာ အသေအချာပါပဲ။

အဝေးပြေးကား
အဝေးပြေးကားကို ဈေးသက်သာတာရွေးစီးတာက သာမန်အားဖြင့် မှန်တယ်လို့ ယူဆထားကြပါတယ်။ ခဏ ခရီးသွားဖို့ စီးတာ အများကြီးကောင်းစရာမလိုဘူးပေါ့။ ဒီလိုတော့ တသမတ်ကြီး မယူဆစေချင်ပါဘူး။ တစ်ခါတလေ စသွားတဲ့လမ်းမှာ သက်တောင့်သက်သာနဲ့ စိတ်ကျေနပ်မှုမရှိတာက ခရီးစဉ်တစ်လျှောက်လုံးကို စိတ်မပါဘဲ ဖြစ်သွားစေနိုင်ပါတယ်။ စီးရတာက တစ်နာရီ၊ နှစ်နာရီမဟုတ်ပါဘူး။ နာရီများစွာဖြစ်နိုင်ပါတယ်။ အဲဒီ့အခါ အဲကွန်းကမအေးတာတို့၊ ခုံက သက်တောင့်သက်သာမရှိတာတို့၊ ဝန်ဆောင်မှုမကောင်းတာတို့ဖြစ်လာရင် ခရီးစဉ်အစမှာကတည်းက အာရုံနောက်စရာတွေဖြစ်လာတော့မှာပါ။ ဒါ့ကြောင့် အဝေးပြေးကားလိုင်း ရွေးချယ်ရင်တော့ အကောင်းဆုံးမဟုတ်တောင် စုတ်တဲ့ကားလိုင်းကို မရွေးချယ်သင့်ပါဘူး။

ဟိုတယ်
ဒီလိုပြောလို့ စိတ်မဆိုးပါနဲ့။ သူက အကုန်ပိုက်ဆံသုံးခိုင်းနေတာချည်းပဲလို့ မထင်လိုက်ပါနဲ့။ ဟိုတယ်ဆိုတာကလည်း အနားယူစရာဖြစ်တော့ ခရီးသွားတဲ့အခါ အနားမရဘဲ စုတ်ချာနေတဲ့ ဟိုတယ်က မနက်စာလည်း မပေး၊ ရေပူရေအေးလည်း မရ၊ ခြင်တွေကိုက်နဲ့ဖြစ်နေမယ်ဆိုရင် တစ်နေကုန် သွားလာပြီးလည်ပတ်ထားသမျှ ညဘက်အနားယူတော့မယ်ဆိုမှ ဆိုးရွားတဲ့အခန်းနဲ့ ဘယ်လိုမှ နေထိုင်ကောင်းမှာမဟုတ်ပါဘူး။ Luxury Hotel ကြီးတွေမှာ တည်းဖို့ပြောနေတာမဟုတ်ပါဘူးနော်။ ဒါပေမယ့် ကောင်းမွန်သင့်တော်တဲ့ဟိုတယ်ကို ရွေးချယ်ဖို့ မနှမြောပါနဲ့။

နေရာစုံအလည်အပတ်
ပုဂံတော့ ရောက်ပါရဲ့နဲ့။ ပိုက်ဆံကုန်မှာကြောက်လို့ အကုန်မလည်ခဲ့ရဘူး။ (၄)ဆူပဲ လည်ခဲ့ရတယ်လို့တော့ မလုပ်ပါနဲ့။ ကိုယ်သွားမယ့်နေရာအပေါ်မူတည်ပြီး နာမည်ကြီးတဲ့လည်ပတ်စရာတွေ အကုန်ရောက်ဖို့ သွားလာတဲ့အခါ ပိုက်ဆံသုံးပါ။ ခရီးတော့ သွားခဲ့ပါရဲ့။ အပြင်ထွက်ရင် ပိုက်ဆံကုန်မှာကြောက်လို့ အခန်းထဲအောင်းနေတာမျိုးကြီးကတော့ အဆင်မပြေသေးပါဘူး။

အစားအသောက်
အစားအသောက်ကိုလည်း Low Budget လုပ်စရာမလိုအပ်ပါဘူး။ လမ်းဘေးက မကောင်းတဲ့အစားအစာတွေ၊ မသန့်ရှင်းတဲ့အစားအစာတွေစားမိမှ နေမကောင်းဖြစ်ပြီး ဒုက္ခများတော့မှာပါ။ သင့်တင့်လျှောက်ပတ်အောင် စားပါ။ နောက်ပြီး ဒေသစာတွေကို စုံအောင်တော့ စားကြည့်ခဲ့ပါ။ ဒါမှလည်း ခရီးသွားရတာ ကျန်းမာပျော်ရွှင်ရပြီး အကျိုးရှိမှာပါ။ မဟုတ်ရင်တော့ နေမကောင်းလို့ ဆေးလိုက်ကုရတာနဲ့ ပိုက်ဆံနှစ်ဆထပ်ကုန်ပြီး စိတ်ညစ်စရာအတိဖြစ်သွားပါလိမ့်မယ်။

ကဲ ဒီတော့ အားလုံးမေးကြပါလိမ့်မယ်။ ဒါဆို Low Budget Trip လို့ ဘာလို့ခေါ်တော့မှာလဲ။ ဘယ်နေရာမှာသွားပြီး ချွေတာရမှာလဲလို့ပေါ့။ အဲဒီကိစ္စကို တစ်ခါတည်း ပြောပေးမယ်နော်။

ခရီးသွားဖို့ စီစဉ်တဲ့အခါ အပိုတွေဇာမချဲ့ပါနဲ့။ ကမ်းခြေသွားမှာမို့လို့ ဂါဝန်အသစ်တွေ ဝယ်လိုက်တာမျိုး၊ အိတ်အသစ်ဝယ်တာမျိုးနဲ့ ပစ္စည်းအသစ်တွေဝယ်လိုက်တာမျိုး။ ဒါတွေကသာ တကယ် ပိုက်ဆံဖြုန်းရာကျမှာပါ။ ဘာမှအသစ်ဝယ်မနေဘဲ ရှိတာလေးနဲ့ လှအောင်ဝတ်၊ လောက်အောင်သုံးပြီး သွားပါ။

သွားရည်စာ အများကြီး ဝယ်မစားပါနဲ့။ လိုအပ်တဲ့ အစားအသောက် သုံးနပ်ကို ပြည့်မီအောင် စားပါ။ လမ်းတစ်လျှောက် ဈေးကြီးတဲ့သွားရည်စာတွေ ရန်ကုန်ထဲက ဝယ်ထည့်သွားပြီး တစ်စွတ်စွတ်စားနေတာမျိုးကို ချွေတာပါ။

ဈေးတအားမဝယ်ပါနဲ့။ Shopping ထွက်ဖို့ နိုင်ငံခြားခရီးသွားတာမျိုးမဟုတ်ဘဲနဲ့တော့ ဈေးတွေလျှောက်မဝယ်ပါနဲ့။ တစ်ခါတလေ ဘယ်မှကျန်ခဲ့မှန်းတောင် သေချာသိတာမဟုတ်ပါဘူး။ ဒေသစာတွေ တစ်ခါတည်းစားခဲ့ပါ။ ပါဆယ်သယ်မလာပါနဲ့။ မလိုတဲ့အပိုအလှဆင်ပစ္စည်းတွေ၊ အဝတ်အစားတွေနဲ့ အစားအစာတွေ လျှောက်မဝယ်ပါနဲ့။

လက်ဆောင်ဝယ်ပြန်မလာပါနဲ့။ ဒီလိုပြောလို့ သိပ်စိမ်းကားသလိုများ ဖြစ်သွားလား။ ဒါပေမယ့် မတက်နိုင်ပါဘူး။ Low Budget နဲ့ သွားတဲ့ခရီးဆိုတာ အပြန် တစ်မျိုးလုံးတစ်ဆွေလုံးနဲ့ သူငယ်ချင်းအပေါင်းအသင်းအားလုံးအတွက် လက်ဆောင်တွေ လိုက်ဝယ်ပေးနေစရာမလိုအပ်ပါဘူး။ ကိုယ် ခရီးသွားတာ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက်ပါ။ လက်ဆောင်ဝယ်ဖို့မဟုတ်ပါဘူး။

ဒီတော့ Low Budget နဲ့ ခရီးသွားတိုင်း ကောင်းသလား။ ဘယ်နေရာတွေကို ကုန်ကျစရိတ်ချွေတာသင့်လဲ၊ ဘယ်လိုနေရာတွေမှာ ငွေသုံးသင့်လဲစတာတွေကို သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်နော်။

Photo Credit

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle