အကယ်ဒမီဆုကို အော်စကာဆုလို့ ဘာကြောင့်ခေါ်ဝေါ်သလဲ

အကယ်ဒမီဆုကို အော်စကာဆုလို့ ဘာကြောင့်ခေါ်ဝေါ်သလဲ

Hollywood လောကရဲ့ ထူးချွန်ပြောင်မြောက်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို ပေးအပ်တဲ့ အကယ်ဒမီဆု (Academy Award) ကို အော်စကာဆု (Oscar) ဆိုပြီးတော့ နာမည်ပြောင်ခေါ်ကြတာ ရုပ်ရှင်ချစ်သူတိုင်း သိကြမယ်ထင်ပါတယ်။ ဒါပေမယ့် အော်စကာဆိုတဲ့ နာမည်ကို ဘယ်အချိန်တည်းက သုံးစွဲခဲ့တယ်၊ ဘာကြောင့် သုံးစွဲခဲ့တယ်ဆိုတာ လူသိနည်းပါသေးတယ်။ အခုဆောင်းပါးမှာတော့ အကယ်ဒမီဆုကို အော်စကာဆုလို့ ဘာကြောင့်ခေါ်ဝေါ်သလဲဆိုတဲ့ အကြောင်းကို စုစည်းဖော်ပြပါမယ်။

Academy of Motion Picture Arts and Sciences (AMPAS) အဖွဲ့အစည်းကနေ အကယ်ဒမီဆုကို ၁၉၂၉ခုနှစ် မေလ (၁၆) ရက်နေ့မှာ စတင်ပေးအပ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အကယ်ဒမီဆုလို့ပဲ သုံးနှုန်းခဲ့ပြီး အော်စကာဆုအနေနဲ့ မခေါ်သေးပါဘူး။ ပြီးတော့ အော်စကာဆုလို့ ဘာကြောင့်နာမည်ပြောင်ဖြစ်လာသလဲဆိုတာ ဝိဝါဒကွဲပြားဆဲပါ။

AMPAS အဖွဲ့အစည်းရဲ့ ပထမဆုံးအမျိုးသမီးဥက္ကဌ Bette Davis ရဲ့ အထုပ္ပတ္တိထဲမှာတော့ သူမရဲ့ အမျိုးသား Harmon ‘Oscar’ Nelson ကို အစွဲပြုပြီး အကယ်ဒမီရုပ်တုကို အော်စကာလို့ နာမည်ပြောင်းခဲ့တယ်လို့ ရေးသားထားပါတယ်။ ၁၉၃၁ခုနှစ်မှာ AMPAS အဖွဲ့အစည်းရဲ့ Executive Secretary ဖြစ်တဲ့ Margaret Herrick ဟာ အကယ်ရုပ်တုကို ပထမဆုံးအကြိမ်မြင်တွေ့တဲ့အခါ သူမရဲ့ ဦးလေး Oscar Pierce နဲ့ ဆင်တူတယ်လို့ ယူဆပြီး Uncle Oscar လို့ ရေရွတ်မိရာကနေ အော်စကာအနေနဲ့ နာမည်တွင်လာတယ်လို့ တချို့က ဆိုကြပါတယ်။

မင်းသမီးကြီး Katharine Hepburn ဟာ အော်စကာဆုကို ရရှိတယ်လို့ အမေရိကန်စာရေးဆရာ Sidney Skolsky က ၁၉၃၄ခုနှစ်မှာ သုံးနှုန်းခဲ့ဖူးပါတယ်။ ၁၉၃၄ခုနှစ် အကယ်ဒမီဆုပေးပွဲမှာလည်း အော်စကာဆိုတဲ့ စကားလုံးကို Time Magazine က သုံးဖူးပါတယ်။ ၁၉၃၄ခုနှစ်တည်းက မီဒီယာတွေဟာ အကယ်ဒမီဆုအစား အော်စကာဆုအနေနဲ့ သုံးစွဲခဲ့တယ်လို့ ယူဆရမှာပါ။ ဒါပေမယ့် ၁၉၃၉ခုနှစ်မှာတော့ AMPAS အဖွဲ့အစည်းဟာ အော်စကာဆုဟာ အကယ်ဒမီဆုရဲ့ နာမည်ပြောင်ဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။ အော်စကာဆုဆိုတဲ့ နာမည်ပြောင်ကို ဘာကြောင့်ရလာတယ်ဆိုတာ တိတိကျကျမပြောနိုင်ပေမယ့် ၁၉၃၉ခုနှစ်ရောက်မှ တရားဝင်သုံးစွဲလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Reference and Photo Credit – Fortune ၊ Mental Floss

ကျော်စိုးအောင် (အခရာ)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle