Disney က ဘာလို့ ကာတွန်းကားတွေကိုပဲ Live Action တွေပြန်ရိုက်နေတာလဲ ၊ အသစ်ထုတ်ဖို့ စိတ်ကူးမရှိတော့ဘူးလား

Disney က ဘာလို့ ကာတွန်းကားတွေကိုပဲ Live Action တွေပြန်ရိုက်နေတာလဲ ၊ အသစ်ထုတ်ဖို့ စိတ်ကူးမရှိတော့ဘူးလား

၂ဝ၁၉ ရဲ့ Aladdin ရုပ်ရှင်ဇာတ်ကားထွက်လာတာနဲ့ ဝေဖန်သူတွေကလည်း ဝေဖန်ကြ ၊ ချီးကျူးတဲ့သူတွေကလည်း ချီးကျူးနေကြတော့ အတွေးတစ်ခုပေါ်လာတယ်။ အဲဒါကဘာလဲဆိုတော့ Disney က အရင်ကထွက်ပြီးသား Animated Classics တွေကို ဘာလို့ Live Action Movie တွေဆက်တိုက်ထုတ်နေတာလဲပေါ့။ အခုဆိုရင်လည်း ဇူလိုင်လမှာ Lion King လာတော့မယ်။ Sleeping Beauty ရဲ့ Maleficent ဒုတိယတစ်ကားလည်းထွက်တော့မယ်။ မတ်လ ၂ဝ၂ဝ မှာဆိုရင် Mulan ကို လူသရုပ်ဆောင်နဲ့ Live Action ထွက်လာတော့မယ်။

ဒါပေါ့ Disney ကာတွန်းကားတွေကြည့်ပြီး ကြီးပြင်းလာခဲ့ရတဲ့ ကိုယ်လိုလူအတွက် ကာတွန်းဇာတ်ကားတွေကို Live Action အနေနဲ့ပြန်ထုတ်ပေးတဲ့အချိန်မှာ လူလာဖြစ်လို့အရမ်းကံကောင်းတယ်လို့တောင် ခံစားရပါတယ်။ ဒါပေမယ့် ဟောဒီလူရဲ့စိတ်ထဲက မကောင်းတဲ့အတွေးဘဲတွေးတတ်တဲ့ ဝိညာဉ်ဆိုးလေးက Disney ကနေ ဘာလို့ အသစ်စက်စက် ဇာတ်ကားတွေမထွက်တာလဲလို့ဘဲ တွေးနေမိတယ်။ ကိုယ်တွေးရင်လည်းတွေးချင်စရာကိုး Frozen 2 ဆိုတာကလည်း ထွက်ပြီးသား Frozen 1 ရဲ့ အဆက် ၊ Toy Story ဆိုတာကလည်း ငယ်ငယ်တည်းက ဆက်တိုက်ထွက်နဲ့ ဒီနှစ်ထဲမှာတင် Dumbo ၊ Aladdin ၊ Lion King ၊ Toy Story နဲ့ Maleficent တို့တွေပဲ ထွက်နေတော့။ ဇာတ်ကောင်အသစ်နဲ့ ဇာတ်လမ်းအသစ် တောင်းတမိတာ မှားလို့လား ပြောပါဦးကွယ်။ ကဲ…ကဲ ခံစားချက်တွေခဏထားပါတော့ ဘာလို့ Live Action တွေပဲ ဆက်တိုက်ထုတ်နေရတာလဲ။ ဘာလို့လဲကွယ်။

ပိုက်ဆံရရင် တော်ပါပြီ
Walt Disney အတွက်က ဝင်ငွေတွေအများကြီးရဖို့က အဓိကပဲလေ။ ဝေဖန်သူတွေရဲ့အကြိုက်မခံရရင်တောင်မှ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝခံစားနေရတုန်းပဲလေ။ Disney အနေနဲ့ ဝင်ငွေရဖို့နဲ့ ပရိသတ်ကျေနပ်ဖို့အတွက် ဇာတ်ကားတွေရိုက်နိုင်နေရုံနဲ့တင် လုံလောက်နေပြီလေ။ ပြီးတော့ ရုပ်ရှင်ဆိုတာလည်း ဝေဖန်သူတွေအတွက် ထုတ်တာမှမဟုတ်တာ။ ကြည့်တဲ့ပရိသတ်တွေကျေနပ်အားရပြီး Cinematic Experience တွေရအောင် ရိုက်တာလေနော်။ အရင်ကကြိုက်ခဲ့ရပါပေ့ဆိုတဲ့ ဇာတ်ကားတွေကို နည်းနည်းလေးကွန့်မြူးပြီးတော့ရိုက်ရင်း ပရိသတ်ရဲ့ရင်ကိုဖမ်းစားနိုင်မယ် ၊ ဒီကနေဝင်ငွေတွေဆက်တိုက်ရနေမယ်ဆိုရင် ဘာလုပ်ဖို့ကားသစ်တွေထပ်ပြီး ဖန်တီးနေတော့မှာလဲ။

ပြန်လည်အသက်သွင်းပြီး ဟက်ထိအောင်လုပ်ချင်တာ
ကိုယ့်ရဲ့ငယ်ဘဝတစ်လေ ျှာက်လုံး Disney ရဲ့ ကာတွန်းတွေကြည့်ပြီး ခုန်ပေါက်မြူးတူးရင်း ကြီးပြင်းလာခဲ့ရတယ်ဆိုရင် ဒီဇာတ်ကောင်တွေကို အသက်ကြီးမှနောက်တစ်ခေါက်ပြန်မြင်ရတာ မဟုတ်ရင်လည်း ကိုယ်နဲ့ဇာတ်ကောင်က သက်တူရွယ်တူဖြစ်နေတဲ့ဇာတ်ကားမျိုးကို ကြည့်ခွင့်ရတာတွေ ဖြစ်လာမယ်ဆိုရင် ပရိသတ်စိတ်နှလုံးသားအနက်ရှိုင်းဆုံးနေရာတွေကို လှုပ်ခတ်နိုင်မယ်ဆိုတာကို Diseny က သိနေတယ်ထင်ပါတယ်။ နောက်ပြီး အခု Aladdin ဇာတ်ကားဆိုရင်လည်း သရုပ်ဆောင်တွေထဲမှာ အာရှတိုက်သားတွေပါလို့ ယဉ်ကျေးမှုတူတဲ့သူတွေက ပိုပြီးတော့ခံစားလို့ရတယ်။ ဒါကြောင့်လည်း Disney က Mulan Live Action ကို အာရှက သရုပ်ဆောင်တွေနဲ့ ရိုက်ချင်တာဖြစ်မယ်။ ယဉ်ကျေးမှုတူတဲ့ပရိသတ်တွေကို ထိတွေ့ချင်တယ်ဆိုရင် Moanna တို့ Coco တို့လို ဇာတ်ကားတွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါသေးတယ်နော်။

ဒါက Phase တစ်ခုပဲ ဖြစ်မှာပါ
Disney ရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ငယ်ငယ်ကလေးဘဝက ယုံကြည်ခဲ့တဲ့ Disney ရဲ့ မှော်ဝင်တဲ့ဇာတ်ကားတွေ ပျောက်ဆုံးဖို့ဆိုတာ ဝေးသေးတယ်လို့ထင်ပါတယ်။ အခုဒီလို Live Action တွေပြန်လုပ်နေတယ်ဆိုတာက ဒီကြားကာလမှာ ပိုပြီးမိုက်တဲ့ ပိုပြီးကောင်းတဲ့ ပိုပြီးအဓိပ္ပါယ်ရှိမယ့် အရာတွေကိုဖန်တီးဖို့ ပြင်ဆင်နေတယ်လို့ ယုံကြည်မိလို့ပါ။

ဘယ်ပြောလို့ရမှာလဲနော်။ ကိုယ်တွေအသက်တွေကြီးလာလို့ သားတွေသမီးတွေလက်ထက်ရောက်မှ ကိုယ်တွေခေတ်ကထက် ပိုကောင်းတဲ့ Diseny ရဲ့ ဇာတ်ကောင်အသစ်တွေကို မြင်တွေ့ခွင့်ရမလားမှ မသိတာ။ ဖတ်နေရင်းနဲ့ထင်တာမြင်တာတွေ တူသွားလား။ ပြောပါဦး။

Source: Jakartapost

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle