ရည်မှန်းချက်ပန်းတိုင်ချမှတ်တာက ဘာလို့အရေးပါအရာရောက်ရတာလဲ

ရည်မှန်းချက်ပန်းတိုင်ချမှတ်တာက ဘာလို့အရေးပါအရာရောက်ရတာလဲ

ရည်မှန်းချက်ပန်းတိုင်က ဘယ်လောက်အရေးပါတယ်ဆိုတာကို လူတွေပြောတာ ဖန်တရာတေအောင်ကြားဖူးနေကြလိမ့်မယ်ဆိုတာကို သိပါတယ်။ ဘယ်လောက်ပဲသမာရိုးကျတဲ့သတ်မှတ်ချက်ဖြစ်နေပါစေ ဒီအချက်ကို ထပ်ပြီးတော့ပြောရဦးမှာပဲ ၊ ထပ်ပြီးလည်းပြောနေကြဦးမှာပဲ။ Goal ဆိုတာ ဘဝမှာလျှောက်လှမ်းတဲ့လမ်းခရီးတွေရဲ့ စမှတ်နဲ့ဆုံးမှတ်ပဲ။ ရည်မှန်းချက် တွေကပဲတို့တွေကို ရှေ့ဆက်လျှောက်ဖို့ တွန်းအားတွေပေးနေတာဖြစ်တယ်။ ပြောရရင် Goal ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အောက်စီဂျင်လိုပဲ။ ဘာလို့လဲဆိုတော့

ရည်မှန်းချက်ပန်းတိုင်ချမှတ်တာက ကိုယ့်ကို ဦးတည်ချက်တစ်ခုရစေတယ်
အနီးစပ်ဆုံးဥပမာပေးရရင် မြှားပစ်တာကိုပြောလို့ရပါတယ်။ ပြောရရင် မြှားပစ်တဲ့အခါမှာ ပစ်မှတ်ကိုချိန်ရတယ်။ ပစ်မှတ်မရှိဘဲ ဘယ်ကိုပစ်မှာလဲပေါ့။ ပစ်ချင်တဲ့နေရာကိုပစ်လို့မှမဖြစ်ဘဲ ၊ ဦးတည်ချက်တော့ရှိရမယ်လေနော်။ ဦးတည်ချက်မရှိဘဲပစ်တဲ့မြှားက ရောက်ချင်တဲ့နေရာရောက်ပြီး အလဟသဖြစ်သွားမှာ။ ဘဝကလည်းဒီလိုပါပဲ။ ဦးတည်ချက်ပန်းတိုင်မရှိဘဲ လျှောက်နေရင် မြူတွေထဲ စမ်းတဝါးဝါးနဲ့လျှောက်နေသလိုဖြစ်ပြီး လမ်းပျောက်သွားပါလိမ့်မယ်။ ဒါကြောင့်ဘဝမှာပန်းတိုင်ချမှတ်ဖို့လိုပါတယ်။ ကိုယ့်မှာရည်မှန်းချက်ပန်းတိုင်ချထားပြီးသားဆိုရင် ကိုယ်ဘယ်ကိုရောက်ရမယ်ဆိုတဲ့ ဦးတည်ချက်တစ်ခုရပြီး လမ်းပျောက်ဖို့အခွင့်အလမ်းနည်းသွားနိုင်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်ရှိနေရင် Motivation ကိုလည်းပိုင်ဆိုင်လာပါလိမ့်မယ်
ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်ရှိနေတယ်ဆိုရင် ငါဒါဖြစ်ချင်တယ် ငါဒါကိုလုပ်ကိုလုပ်ရမယ်ဆိုပြီး လုပ်ချင်စိတ်တွေဖြစ်လာလိမ့်မယ်။ ပန်းတိုင်ဆိုတာက Mission တစ်ခုလိုပဲ။ အောင်မြင်ရင်ဆုလဒ်တွေရနိုင်တဲ့အရာဖြစ်တယ်။ ပန်းတိုင်တိုင်းရဲ့အဆုံးသတ်မှာ ကိုယ်လိုချင်တဲ့ ၊ ကိုယ်တပ်မက်တဲ့အရာရှိနေတာကြောင့် ဒီအရာကိုတပ်မက်တဲ့ ကိုယ့်စိတ်ကိုနှိုးကြွစေတယ်။ ဒါကြောင့်ရည်မှန်းချက်ပန်းတိုင်ရှိမယ်ဆိုရင် ဘဝကိုခါတိုင်းလိုပဲ အိပ်လိုက်စားလိုက် အလုပ်လုပ်လိုက်ဖြတ်သန်းနေတာမျိုးထက် ဘဝကိုအရှိန်အဟုန်နဲ့သွားနေတဲ့ ကားလိုစွမ်းအင်အပြည့်နဲ့ တစိုက်မတ်မတ် ဖြတ်သန်းနိုင်ပါလိမ့်မယ်။

ရည်မှန်းချက်ပန်းတိုင်တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ဖြစ်စေတယ်
ရည်မှန်းချက်တွေချမှတ်တယ်ဆိုတာ အစီအစဉ်တွေဆွဲပြီး စာရွက်ပေါ်မှာချရေးတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ ရည်မှန်းချက်ပန်းတိုင် ချမှတ်တယ်ဆိုတာက ဘယ်သူမှမဖြစ်နိုင်ဘူးလို့ထင်တဲ့အရာတစ်ခုကို ကိုယ်ကမဖြစ်ဖြစ်အောင်လုပ်မယ်လို့ သန္နိဋ္ဌာန်ချမှတ်ပြီး အကောင်အထည်ဖော်နိုင်တဲ့အထိ လုပ်ဆောင်သွားတာမျိုးဖြစ်တယ်။ ဒီလိုအကောင်အထည်ဖော်နိုင်ခဲ့ရင် အော်….ငါဒါကိုလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်တွေဖြစ်စေတယ်။ တကယ်လို့အဆုံးထိအကောင်အထည်မဖော်နိုင်သေးရင်တောင် တိုးတက်လာတဲ့အခြေအနေတွေကို မြင်လာရင် စိတ်အားတကကြွစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာစေပါတယ်။

ရည်မှန်းချက်ပန်းတိုင်တွေက ကြီးကျယ်လွန်းတယ်လို့ ထင်ရတဲ့အရာတွေကို သေးမွှားသွားစေတယ်
ရည်မှန်းချက်ပန်းတိုင်တွေချမှတ်တဲ့အခါ ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကိုအရင်ရွေးချယ်ဆုံးဖြတ်ရမယ်။ အဲဒီရွေးချယ်ထားတဲ့အရာကိုအကောင်အထည်ဖော်ဖို့ ကြားမှာလုပ်ရမယ့်အရာတွေရှိတယ်။ အဲဒီအရာတွေကို စာရေးသူက ပန်းတိုင်အသေးစားလို့သဘောထားမယ်။ ဒီတော့ ပင်မပန်းတိုင်ကို အကောင်အထည်ဖော်နိုင်ဖို့ ကြားထဲမှာ ပန်းတိုင်အသေးလေးတွေထားတာက ကိုယ်ဖြစ်ချင်တာကို ကြီးကြီးကျယ်ကျယ်လုပ်ရမယ့်အရာလို့မြင်နေတာကနေ အဆင့်လေးတွေခွဲပြီး သေးသေးမွှားမွှားအောင်မြင်နိုင်တဲ့အရာတွေအဖြစ်မြင်စေလို့ ပိုမိုလွယ်ကူတယ်လို့ခံစားရစေပါတယ်။

ရည်မှန်းချက်ပန်းတိုင်တွေကကိုယ်အမှန်တကယ်လိုချင်တာကို ရှာဖွေတွေ့ရှိစေတယ်
တခါတလေ ဘဝမှာ ပန်းတိုင်တွေချမှတ်ပြီး ကြိုးစားကြည့်တယ်။ ဒါပေမယ့် ဖြစ်လာတဲ့အခြေအနေ ၊ ရလာတဲ့ရလဒ်က ကိုယ်လိုချင်တာနဲ့မကိုက်ဘူး။ ကိုယ်ကပိုက်ဆံတွေအများကြီးရှာချင်တယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ ပျော်ဖို့ကောင်းတဲ့အလုပ်ကိုပဲလုပ်ချင်တာမျိုး ၊ ကိုယ်ကအနားယူသင့်တယ်လို့ထင်ခဲ့ပေမယ့် အမှန်မှာအလုပ်လုပ်ချင်နေတာမျိုး ဖြစ်နေတတ်တယ်။ အဲလိုဖြစ်ရင် ကိုယ့်ရဲ့ ပန်းတိုင်ကို ပြောင်းဖို့ဖြစ်လာတယ်။ ကိုယ်လိုချင်တာကိုရဖို့ ကိုယ့် ပန်းတိုင်နဲ့ကိုက်ညီအောင်လိုက်ချိန်ရတယ်။ အဲလိုပြောင်းရင်းပြောင်းရင်း ကိုယ်တစ်ကယ်ကြိုက်တဲ့အခြေအနေကိုရောက်သွားတတ်တယ်။ ဒါကြောင့် ပန်းတိုင်တွေချမှတ်ရင်းကနေ ကိုယ်နှစ်သက်တဲ့အရာကိုရှာဖွေတွေ့ရှိတတ်တယ်။

အားလုံးကိုခြုံပြီးပြောရရင် ရည်မှန်းချက်ပန်းတိုင်ချမှတ်တာက ဘဝကိုလမ်းမပျောက်ဘဲလျှောက်လှမ်းနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ်လည်းယုံကြည်ချက်ရှိစေပြီး ကိုယ်မအောင်မြင်နိုင်ဘူးထင်တဲ့အရာတွေကို အောင်မြင်အောင်လုပ်နိုင်စွမ်းပေးတယ်။ ဒါ့အပြင်ကိုယ်နှစ်သက်တဲ့ကိုယ့် Passion ကိုလည်းရှာဖွေတွေ့ရှိနိုင်အောင် ကူညီပေးနိုင်တယ်။ ဒါကြောင့် တို့တွေလည်းဘဝမှာ ရည်မှန်းချက်ပန်းတိုင်တွေချမှတ်သင့်ပြီလို့ထင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle