ကမ္ဘာ့အချမ်းသာဆုံးသူက အာကာသခရီးသွားရေးမှာ ရင်းနှီးမြှုပ်နှံတာ ဘာကြောင့်လဲ

ကမ္ဘာ့အချမ်းသာဆုံးသူက အာကာသခရီးသွားရေးမှာ ရင်းနှီးမြှုပ်နှံတာ ဘာကြောင့်လဲ

Amazon ရဲ့ သူဌေး Jeff Bezos က ကမ္ဘာပေါ်မှာအချမ်းသာဆုံးသူဖြစ်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုက လောလောဆယ်မှာ ဒေါ်လာ ၁၂၅ ဘီလီယံရှိပါတယ်။ သူက Amazon ကနေရတဲ့ ဝင်ငွေတွေကို သူ့ရဲ့ အာကာသယာဉ်တည်ဆောက်ရေးနည်းပညာကုမ္ပဏီဖြစ်တဲ့ Blue Origin မှာ အာကာသနဲ့ဆိုင်တဲ့ နည်းပညာဖွံ့ဖြိုးမှုတွေလုပ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံနေတယ်။

ဘာလို့ဒီလိုလုပ်တာလဲ။ သူဘာလို့ဒီလိုလုပ်ရလဲဆိုတော့ ဒီလိုရင်းနှီးမြှုပ်နှံတာက အရေးကြီးတယ်ထင်လို့ ဖြစ်ပါတယ်။ အာကာသခရီးသွားရေးက ဒီကမ္ဘာအတွက်အရေးပါတယ်လို့ Jeff Bezos က ထင်ပါတယ်။ နောင်လာမယ့်မျိုးဆက်သစ်တွေရဲ့စွမ်းအားအတွက် အာကာသခရီးသွားရေးက အရေးပါတယ်။ ပြီးတော့ ဒီလိုလုပ်နိုင်ဖို့ကို သူ့ဘဝတစ်လျှောက်လုံးမှာ တွေးခဲ့တာဖြစ်ပါတယ်။ Jeff Bezos ငယ်ရွယ်စဉ်အခါမှာ အာကာသယာဉ်မှူး Buzz Aldrin နဲ့ Neil Armstrong တို့ လပေါ်ကိုဆင်းသက်တာကိုကြည့်ရင်း အာကာသနဲ့ပတ်သက်ပြီး စွဲလမ်းခဲ့တယ်။ အာကာသနဲ့ဆိုင်တဲ့နည်းပညာတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာက လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်လို့လည်း Jeff က တွေးထင်ထားတယ်။ Jeff Bezos ဘာပြောခဲ့လဲဆိုတော့

“ရှင်သန်နေတဲ့လူနေမှုစနစ်ကြီးဆက်ရှိနေဖို့ဆိုရင် ငါတို့လူသားတွေ အာကာသထဲကို သွားရမယ်။ ငါတို့ရဲ့လူဦးရေအရေအတွက်ကများလာသလို ၊ လူသားမျိုးစိတ်ကလည်း များလာတယ် ၊ ပြီးတော့ဒီကမ္ဘာကသေးသေးလေးပဲ။ ရာသီဥတုပြောင်းလဲတာတွေ ၊ လေထုညစ်ညမ်းတာတွေနဲ့ စက်မှုလုပ်ငန်းတွေလုပ်နေတာကြောင့် ငါတို့တွေက ကမ္ဘာကြီးကိုဖျက်ဆီးတဲ့လမ်းပေါ်ရောက်နေပြီ။ ပြီးတော့ စကြာဝဠာပတ်လမ်းမှာရှိတဲ့ ဂြိုဟ်တိုင်းကိုလည်း စက်ရုပ်အာကာသစူးစမ်းယာဉ်တွေ ငါတို့လွှတ်ပြီးပြီ – ဒီဂြိုဟ်တွေအားလုံးထဲမှာ ကမ္ဘာကအကောင်းဆုံးပဲ။ ဒါကြောင့်ကမ္ဘာမြေကြီးကို ငါတို့ထိန်းသိမ်းရမယ်”

အခုအာကာသထဲကိုပို့နေတဲ့ပစ္စည်းတွေ အားလုံးကိုကမ္ဘာပေါ်မှာပဲ ဖန်တီးတာဖြစ်တယ်။ တဖြည်းဖြည်းကြာလာရင် ဒီပစ္စည်းတွေရဲ့တန်ဖိုးလည်း နည်းလာပြီး လုပ်ရတာလွယ်လာမယ်။ ဒါဆိုရင် အာကာသထဲမှာ နေထိုင်ပြီးစက်ရုံတွေတည်ဆောက်ဖို့ လုပ်ဆောင်နိုင်လာမယ်။ ဒါဆိုရင် စက်ရုံတွေသုံးပြီးလုပ်ရမယ့်အရာတွေကို ကမ္ဘာပေါ်မှာမလုပ်ဘဲ အာကာသမှာပဲဖန်တီးပြီး ကမ္ဘာပေါ်ပြန်ပို့နိုင်ရင် လေထုညစ်ညမ်းတာတွေ ၊ စက်ရုံကစွန့်ပစ်ပစ္စည်းတွေ ကမ္ဘာမှာမရှိတော့ဘူးလို့ Jeff က တွေးတယ်။ ဒီလိုဖြစ်လာအောင်လုပ်ဖို့ မျိုးဆက်တွေအများကြီးတော့ ကြာသွားမယ် ၊ နှစ်တွေလည်း ရာနဲ့ချီကြာသွားမယ်။ ဒါပေမယ့် နည်းပညာဖွံ့ဖြိုးဖို့ သူအခုလုပ်နေတဲ့ Blue Origin လုပ်ငန်းက ဒီအိပ်မက်ကိုအမှန်တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်ပေးနိုင်မယ်။ လူတွေအာကာသမှာနေဖို့ရွေးချယ်ရင်လည်း အာကာသမှာနေလို့ရမယ်။

“လူတွေက ကမ္ဘာပေါ်မှာလည်းနေချင်မှာပဲ ၊ ပြီးတော့ အာကာသထဲမှာလည်းနေချင်မှာပဲ။ သူတို့ကမ္ဘာမြေပေါ်မနေလည်း နေလို့ကောင်းမယ့်နေရာတွေ ရှိနေမှာပဲ။ လူတွေရွေးချယ်ကြပါလိမ့်မယ်” လို့ Jeff Bezos က ပြောခဲ့တယ်။

ကမ္ဘာပေါ်ကနေအာကာသထဲကို ပထမဆုံးထွက်ခွာခွင့်ရခဲ့တဲ့ အမေရိကန်အာကာသယာဉ်မှူး John Glenn က ၂ဝ၁၆ ခုနှစ်တုန်းက စာတစ်စောင်ရေးခဲ့တယ်။ အဲဒီစာထဲမှာ ဘာပါလဲဆိုတော့ Jess Bezos လုပ်နေတာက အာကာသခရီးသွားခြင်းကို လေကြောင်းနဲ့ခရီးသွားသလိုပဲ လွယ်ကူလာစေမယ်လို့ရေးထားတာပါတယ်။ အခုသူတွေးနေတဲ့အာကာသထဲမှာနေထိုင်မယ်ဆိုတဲ့အိပ်မက်က လုံးဝယုံနိုင်စရာရှိတယ်လို့လည်း Jeff က ပြောခဲ့ပါတယ်။

“တကယ်လို့ လွန်ခဲ့တဲ့နှစ်တစ်ရာကိုပြန်သွားပြီး ကမ္ဘာပတ်ဖို့လက်မှတ်တစ်စောင်ဝယ်လိုက်တာနဲ့ လေယာဉ်ပျံနဲ့သွားလို့ရတယ်လို့ သွားပြောရင် မင်းကိုရူးနေတယ်လို့ထင်ကြမှာ။ ဒါပေမယ့် ဒီလိုပြောင်းလဲမှုမျိုးက နှစ် ၁ဝဝ အတွင်းမှာဖြစ်နိုင်တဲ့ ပြောင်းလဲမှုပါ။”

ဒါကြောင့်မို့လို့ အာကာသခရီးသွားလာရေးမှာ Jeff Bezos တစ်ယောက်ရင်းနှီးမြှုုပ်နှံနေတာဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်နေတယ်ဆိုကတည်းကိုက သူ့ရဲ့အတွေးတွေက အဓိပ္ပါယ်ရှိပြီး တန်ဖိုးရှိတဲ့အတွေးတွေဖြစ်မှာပါ။ တကယ်လည်း လူတွေသာဒီပုံစံတိုင်း အသက်ဆက်ရှင်နေရင် တစ်နေ့ကမ္ဘာကြီးက ပျက်စီးသွားမှာ။ ဒါကြောင့် အစားထိုးနေထိုင်ဖို့နေရာကို ကြိုတင်ပြီးရှာဖွေထားတာ မမှားတဲ့အပြင် အမျှော်အမြင်ကြီးတယ်လို့လည်း ထင်ပါတယ်။

Photo Credit

Source: CNBC

Piki (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle