ဘာသာစကားအသစ်တွေကိုသင်ယူသင့်တာဘာကြောင့်များလဲ

ဘာသာစကားအသစ်တွေကိုသင်ယူသင့်တာဘာကြောင့်များလဲ

ကျွန်မတို့ကမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့် မြန်မာဘာသာစကားအပြင် တခြားတိုင်းရင်းသားဘာသာစကားတွေကိုပြောတတ်တဲ့သူတွေလည်းကျွန်မတို့ထဲမှာရှိကြပါတယ်။ ဒီတော့ဘာသာစကားတစ်မျိုးထက်ပိုပြောတတ်တာရဲ့ကောင်းကျိုးတွေကို ကျွန်မတို့အနည်းနဲ့အများတော့သိကြပါတယ်။ ဒါပေမယ့်ပိုပြီးထဲထဲဝင်ဝင်သိစေချင်တဲ့တခြားအကြောင်းပြချက်လေးတွေကျွန်မမှာရှိပါသေးတယ်။ ဒါကတော့ ဘာသာစကားအသစ်တစ်မျိုးကိုပြောနိုင်တာက

အလုပ်ကိုင်အခွင့်အလမ်းသစ်တွေအများကြီးရလာလိမ့်မယ်
ဒီခေတ်ကြီးမှာ တရုတ်တို့ ၊ ဂျပန်တို့ပြောတတ်ရုံနဲ့ အလုပ်ကမ်းလှမ်းကြတဲ့ကုမ္ပဏီတွေရှိတာ အားလုံးသိကြပါတယ်။ ဒါ့အပြင်ဘာသာစကားအသစ်တစ်ခုတတ်နေရင် ဘာသာပြန်စားလို့ရမယ် ၊ Interpreter လုပ်လို့ရမယ် ၊ Tour Guide လုပ်လို့ရမယ်။ ဘာသာစကားသင်တန်းကျောင်းတွေမှာ ဆရာအနေနဲ့ပြန်လုပ်လို့ရမယ်။ ဘာသာစကားတစ်ခုတတ်တာနဲ့တင် ကိုယ့်အတွက်တစ်ပန်းသာနေပါတယ်။

ဦးနှောက်ကိုအားကောင်းစေတယ်
လေ့လာတွေ့ရှိချက်တွေအရ အသက်ဘယ်လောက်ပဲကြီးနေပါစေ ဘာသာစကားအသစ်တစ်ခုကိုလေ့လာတာကနေ သိသာထင်ရှားတဲ့ကောင်းကျိုးတွေဖြစ်တယ်လို့ဖော်ပြကြတယ်။ ဘာသာစကားနှစ်မျိုးသုံးမျိုးပြောတာကြောင့် ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတချို့က မှတ်ဉာဏ်အားကောင်းတာရယ် ၊ ကြာကြာအာရုံစူးစိုက်နိုင်တယ် ၊ အသက်ကြီးလာရင် ချွတ်ယွင်းတတ်တဲ့အရာတွေကိုလည်း လျှော့ချပေးပြီးတာတွေဖြစ်တယ်။

ယဉ်ကျေးမှုမတူညီတဲ့သူတွေနဲ့မိတ်သဟာဖွဲ့ဖြစ်တယ်
ကျွန်မတို့ဘဝရဲ့အချိုးအကွေ့တစ်ခုမှာ ကိုယ်နဲ့မတူတဲ့ဘာသာစကားကိုပြောတဲ့သူတစ်ယောက်နဲ့တော့ တွေ့ကိုတွေ့ရမှာပါ။ ဒီလိုအချိန်မျိုးမှာ ကိုယ်ကသူ့ဘာသာစကားကို ကံကောင်းထောက်မစွာနဲ့သင်ထားမယ်ဆိုရင် သူနဲ့စကားပြောရတာအဆင်ပြေတယ်။ သူရဲ့ဘာသာစကားကိုပြောတဲ့အတွက်သူလည်းဝမ်းသာမယ်။ နှစ်ယောက်သားပိုပြီးရင်းနှီးမှုရလာမယ် ၊ တစ်ယောက်ယဉ်ကျေးမှုအကြောင်းတစ်ယောက်မျှဝေလို့ရမယ်။ ဒီလိုနဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်တယ်။

ကိုယ်ကပိုပြီးစိတ်ဝင်စားဖို့ကောင်းလာလိမ့်မယ်
ကိုယ်ကသူများတွေမပြောနိုင်တဲ့ဘာသာစကားကိုပြောနိုင်နေရင် လူတွေရဲ့စိတ်ဝင်စားမှုကိုအနည်းနဲ့အများတော့ရမှာဖြစ်တယ်။ ကိုယ်ပြောတဲ့ဘာသာစကားကို သူတို့နားထောင်ချင်လာမယ် ၊ ဘာအဓိပ္ပါယ်လဲဆိုတာသိချင်လာမယ် ၊ ကိုယ်နဲ့စကားပြောချင်လာမယ် ၊ နောက်ဆိုကိုယ့်ဆီကတောင်သင်ချင်လာလိမ့်မယ်။

ခရီးသွားတွေကြားထဲလည်လည်ဝယ်ဝယ်နေနိုင်မယ်
ကိုယ်ကတခြားနိုင်ငံကိုခရီးသွားမယ်ဆိုရင် သေချာပါတယ် လူတိုင်းပြောတဲ့အင်္ဂလိပ်ဘာသာစကားကိုပြောမှရတော့မယ်။ ဒါပေမယ့်မသမာသူတွေ ၊ ခရီးသွားတွေများတဲ့နေရာမှာ အလစ်သုတ်တတ်တဲ့သူတွေက သူစိမ်းဖြစ်ကြတဲ့အင်္ဂလိပ်ဘာသာစကားပြောတဲ့သူတွေကို ပစ်မှတ်ထားတတ်ကြတယ်။ လိမ်မယ်ဆိုရင်လည်း သူတို့ဘာသာစကားကို မပြောနိုင်တဲ့သူတွေကို ပစ်မှတ်ထားပြီးလိမ်ကြတယ်။ ဒီတော့ကိုယ်ကသာသူတို့ပြောတဲ့ဘာသာစကားကို လေ့လာထားနိုင်မယ်ဆိုရင် နိုင်ငံခြားကလာလည်ပေမယ့် သူတို့ဘာသာစကားကိုပြောနိုင်တော့ ကိုယ့်ကိုသိပ်ပြီးမလှိမ့်ရဲတော့ဘူး။ ဒါကြောင့်ဘာသာစကားတစ်မျိုးမျိုးသင်ယူထားတာက အချိန်ကျရင်အသုံးချလို့ရတာ ထင်ရှားလာတယ်လေ။

ပိုတော်တဲ့သင်ယူသူဖြစ်လာမယ်
ဘာသာစကားတစ်ခုကိုသင်ပြီးသွားပြီဆိုရင် နောက်ဘာသာစကားတစ်ခုကိုသင်ဖို့ကမခက်ခဲတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဘာသာစကားတစ်ခုကိုလေ့လာပြီးတိုင်း ဘယ်လိုနည်းတွေကပိုပြီးလွယ်ကူမလဲ ၊ ထိရောက်မလဲဆိုတာကို သိသွားတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ကဘာသာစကားတစ်ခုကိုပြောနိုင်ပြီဆိုတဲ့အတွက် တခြားဘာသာစကားတွေကိုလေ့လာချင်စိတ်လည်းပိုဖြစ်လာတာကြောင့်ဖြစ်ပါတယ်။

အနုပညာဖန်တီးချက်တွေကို မူရင်းဘာသာစကားနဲ့ ခံစားနိုင်မယ်
အထူးသဖြင့်စာအုပ်တွေဘာတွေဖတ်ရင် ဘာသာပြန်ကိုဖတ်တာက မူရင်းစာအုပ်ကိုဖတ်ရတာလောက် ဖတ်လို့မကောင်းပါဘူး။ ဘာသာပြန်လိုက်ရင် မူလကအနှစ်သာရကို ဘယ်တော့မှတိတိကျကျပြန်မခေါ်လာနိုင်ပါဘူး။ ဆီလျော်အောင်ပြန်ရတာ ၊ ကိုယ့်ရဲ့စာဖတ်ပရိသတ်နားလည်တဲ့စကားလုံးကိုရွေးသုံးရတာတွေကြောင့်တချို့စာတွေဆို အဓိပ္ပါယ်ပါ ပေါ့သွားပါတယ်။ ဒါကြောင့်မူရင်းဘာသာစကားကိုသာလေ့လာနိုင်ရင် အရှိကိုအရှိတိုင်းခံစားနိုင်မယ်။ ဒါကစာအုပ်ကိုမှပြောတာမဟုတ်ပါဘူး။ ရုပ်ရှင်တွေ ၊ သီချင်းတွေ ၊ ကဗျာတွေအားလုံးကိုပြောချင်တာဖြစ်ပါတယ်။
ဒီတော့ဘာသာစကားဆိုတာသင်ကိုသင်ယူသင့်တဲ့အရာဖြစ်တယ်ဆိုတာကို ပရိသတ်ကြီးတို့လက်ခံမယ်လို့ထင်ပါတယ်။ ဒါကြောင့်ခါတိုင်းလိုတွေဝေတွန့်ဆုတ်မနေဘဲ ဘာသာစကားတစ်ခုခုကိုလေ့လာလိုက်ရအောင်နော်။
Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle