အမျိုးသမီးတွေဟာ ကိုကိုတွေကို ဘာကြောင့် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတာလဲ

အမျိုးသမီးတွေဟာ ကိုကိုတွေကို ဘာကြောင့် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတာလဲ

ဒီခေတ်အမျိုးသမီးတွေဟာ ချစ်သူနဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်တဲ့အခါမှာ သက်တူရွယ်တူတွေထက် အသက်အရွယ်ပိုကြီးတဲ့ အမျိုးသားတွေကို ပိုပြီးရွေးချယ်လာကြပါတယ်။ ဘဝတစ်လျှောက်လုံး ဖြတ်သန်းရင်းလည်း သူတို့ဟာ အသက်အရွယ်ပိုကြီးတဲ့အိမ်ထောင်ဖက်နဲ့ ဖြတ်သန်းဖို့ ပိုယုံကြည်စိတ်ချလာကြတဲ့ အမျိုးသမီးတွေ များလာပါတယ်။ အမျိုးသမီးတွေဟာ ဘာကြောင့် သက်တူရွယ်တူတွေကို မရွေးဘဲ အသက်အရွယ်ကြီးတဲ့သူတွေကို ပိုပြီး ရွေးချယ်လာကြတာလဲဆိုတဲ့အကြောင်းအရင်းကို မသိချင်ကြဘူးလား။ ဘာကြောင့် ကိုကိုတွေကို ပိုရွေးလာတာလဲဆိုတာကတော့…

ပိုပြီးရင့်ကျက်လို့ပါတဲ့
ပုံမှန်လိုဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုရင့်ကျက်တတ်ကြပါတယ်။ အဲဒီလို ဖြစ်တဲ့အခါကျတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေကို လိုက်ပြီး ထိန်းကျောင်း ပဲ့ပြင်ရတာမျိုးတွေ ရှိတတ်ပါတယ်။ အမြဲလိုလို လိုက်ထိန်းကျောင်းနေရတာမျိုးတွေဟာ မိန်းကလေးတွေအတွက် တစ်ခါတရံကျရင် စိတ်ညစ်စရာတွေ ဖြစ်လာပါတယ်။ ငယ်ရွယ်တဲ့ဘဝမှာ လုပ်သင့်တာအကုန်လုပ်ပြီး ရင့်ကျက်နေပြီဖြစ်တဲ့ ကိုကိုအရွယ်တွေကိုသာ ရွေးချယ်လိုက်ရင် ထိန်းကျောင်းပဲ့ပြင်ရတာမျိုးတွေလည်း သိပ်မရှိတော့လို့ ချစ်ခရီးလမ်းမှာ စိတ်ပင်ပန်းတာမျိုးတွေ နည်းပါတယ်တဲ့။ အသက်ပိုကြီးတဲ့အတွက် ပိုရင့်ကျက်နေပြီဖြစ်လို့ မိသားစုအတွက်လည်း ယုံကြည်အားကိုးလို့ရသလို အမှီအခိုကောင်းဖြစ်မယ်လို့ထင်ပြီး မြင်တဲ့အတွက် သူတို့ရဲ့မျက်လုံးထဲမှာ ကိုကိုတွေဟာ နေရာအပြည့်ယူလာတာ ဖြစ်ပါတယ်။

ဘာဖြစ်ချင်တယ်ဆိုတာသေချာသိကြပါတယ်
အသက်ပိုကြီးတဲ့ အမျိုးသားတွေရဲ့ နောက်ထပ်အားသာချက်ကတော့ သူတို့ဘာသာ သူတို ဘာဖြစ်ချင်တယ်ဆိုတာ ကောင်းကောင်းသိကြပါတယ်။ ကောင်းကောင်းသိတဲ့အတွက် သူတို့ဘဝမှာ အရှုပ်တွေလည်း သိပ်မဖြစ်တော့ပါဘူး။ အရှုပ်အရှင်းကင်းတဲ့ အမျိုးသားတွေ ဖြစ်နေတာကလည်း အမျိုးသမီးတွေအတွက် စွဲဆောင်မှုတစ်ခုပါပဲ။ ဘာဖြစ်ချင်တယ်ဆိုတာ သိတဲ့အတွက် မိန်းကလေးတွေကို ရွေးချယ်ရင်လည်း သူတို့ တကယ်စုံမက်မြတ်နိုးတဲ့ မိန်းကလေးကို ရွေးချယ်လေ့ရှိတဲ့အတွက် သူတို့နဲ့တွဲရင် ဆော့ကစားခံရတာမျိုးလည်း မဖြစ်ဖူးလို့ ယုံကြည်ကြတဲ့အတွက်ကြောင့် အမျိုးသမီးတွေဟာ ကိုကိုတွေကို ပိုကြွေကြတာ ဖြစ်ပါတယ်။ ဟုတ်မဟုတ်တော့ မသိဘူးနော်။

ငွေရေးကြေးရေးခိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်
အမျိုးသမီးတွေ အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ ကြည့်တဲ့အခါမှာ ငွေရေးကြေးရေးခိုင်မခိုင် အမြဲထည့်ကြည့်တတ်ကြပါတယ်။ အိမ်ထောင်ပြုတာက နှစ်ဦးနှစ်ဖက် ချစ်ကြိုက်လို့ ပြုတာမှန်ပေမယ့်လည်း ငွေရေးကြေးရေး မတည်ငြိမ်ရင် အချစ်ဆိုတာ နောက်ဖေးတံခါးကနေ ထွက်သွားတတ်တဲ့အတွက် အဲ့ဒီလိုကြည့်တာကိုလည်း အပြစ်ပြောလို့တော့ မရပါဘူး။ အသက်အရွယ်တစ်ခုကို ရောက်နေတဲ့ ကိုကိုတွေဟာ ငွေကြေးလည်း အတော်အသင့်စုဆောင်းမိနေပြီဖြစ်လို့ သူနဲ့ မိသားစုဘဝကို စတင်မယ်ဆို အဆငေ်ပြေနိုင်သလို ကလေးတွေရလာရင်လည်း ကောင်းကောင်းပျိုးထောင်နိုင်ဖို့ အာမခံချက်ရှိတယ်လို့ ထင်မြင်တဲ့အတွက် ရွေးချယ်ကြတာပါ။ အသည်းအသန်ပိုက်ဆံရှာနေရတာမျိုးမလိုတော့တဲ့ ငွေရေးကြေးရေးတည်ငြိမ်နေပြီးဖြစ်တဲ့သူကို ရွေးချယ်ရင် မိသားစုကိုလည်း ပထမဦးစားပေး ဂရုစိုက်နိုင်တယ်လို့ အမျိုးသမီးတွေ တွေးထင်တဲ့အတွက် ကိုကို တွေကို ဦးစားပေးစဉ်းစားလာကြတာ ဖြစ်ပါတယ်။

အမျိုးသမီးတွေကိုကူညီရရင်လည်းပြဿနာမရှိကြပါဘူး
သူတို့ဟာ အသက်ပိုကြီးတဲ့အတွက်ကြောင့် အတွေ့အကြုံတွေကလည်း ငယ်ရွယ်တဲ့သူနဲ့ ယှဉ်လို့မရအောင် ပိုများပါတယ်။ ဒါ့အပြင် ကိုယ်ထက် အသက်ပိုကြီးတဲ့သူဖြစ်လို့ ကိုယ်ဘက်ကနေ အခက်အခဲတွေရှိလို့ အကူအညီတောင်းရင်လည်း အကြံဉာဏ်တွေ ပေးနိုင်သလို၊ ဘယ်လိုလုပ်ပါဆိုပြီး လမ်းပြမှုတွေလည်း ရရှိနိုင်ပါတယ်။ အိမ်မှုရေးရာကိစ္စတွေမှာ လိုအပ်လို့ အကူအညီ တောင်းရင်လည်း ငြင်းတာမျိုးမရှိဘဲ ကူညီပေးတတ်ကြပါတယ်။ အကြီးဖြစ်တဲ့အတွက် သူတို့လုပ်ပေးနိုင်တာဆိုရင် အကုန်ကူညီပေးပြီး တွယ်ကပ်တာမျိုးလည်း မရှိတတ်ကြပါဘူး။

လုံခြုံစိတ်ချမှုကို ပေးစွမ်းပါတယ်တဲ့
ကိုယ်နဲ့ ဘဝတစ်လျှောက်လုံး အတူဖြတ်သန်းမယ့်သူဟာ အနည်းဆုံးတော့ ကိုယ်ကို လုံခြုံစိတ်ချမှု ပေးစွမ်နိုင်တဲ့သူတော့ ဖြစ်သင့်ပါတယ်။ သူနဲ့နေရရင် ဘယ်လိုလေးပဲနေနေ လုံခြုံစိတ်ချမှုကို ရတယ်၊ သက်သောင့်သက်သာရှိတယ်ဆိုရင် အမျိုးသမီးတွေအတွက် သုခဘုံလိုပါပဲတဲ့။ အဲဒီလိုမျိုးကိုပေးစွမ်းနိုင်တာကလည်း ငယ်ရွယ်တဲ့သူတွေထက်စာရင် အသက်အရွယ်ပိုရနေပြီဖြစ်တဲ့ ကိုကိုအရွယ်တွေကသာ ပေးနိုင်တဲ့အတွက်ကြောင့်ပါ။

ဘာကြောင့် အမျိုးသမီးတွေဟာ ကိုကိုတွေကို ပိုရွေးချယ်ကြလဲ၊ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ မြင်ကြလဲဆိုတာကို ဒီလောက်ဆိုရင်တော့ သိသလောက် သိသွားလောက်ပြီးလို့ ထင်ပါတယ်နော်။

Photo Credit: Korea Bizwire , Wikipedia, ensiklopedia bebas , brightside.me

H.H(Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle