မသန်စွမ်းဝန်ထမ်းတွေနဲ့ အလုပ်တူတူလုပ်ရတဲ့အခါ ဘယ်လိုကိုယ်ချင်းစာကြမလဲ

မသန်စွမ်းဝန်ထမ်းတွေနဲ့ အလုပ်တူတူလုပ်ရတဲ့အခါ ဘယ်လိုကိုယ်ချင်းစာကြမလဲ

ခြေထောက်နှစ်ဖက်လုံး မကောင်းလို့ ချိုင်းထောင့်နဲ့ သွားနေရတဲ့ ဝန်ထမ်းကို ကုမ္ပဏီက တက်စီခအပိုပေးတာဟာ သင့်လို ခြေထောင်နှစ်ဖက်လုံး သန်စွမ်းနေတဲ့လူကို မပေးရကောင်းလားဆိုပြီး စိတ်ဆိုးလို့မရပါဘူးနော်။

လုပ်ငန်းခွင်ဆိုတာ ဝန်ထမ်းတိုင်းအတွက် အရေးပါတဲ့နေရာတစ်နေရာပါ။ ဒီနေရာကနေ သူတို့ အတွေ့အကြုံကို ရှာဖွေကြရတယ်။ နောက်ပြီး ဝင်ငွေရှာဖွေကြရတယ်။ ကိုယ့်အကြောင်းနဲ့ ကိုယ်စီ အလုပ်ထွက်လုပ်လို့ လုပ်ငန်းခွင်မှာ အတူတူလာဆုံနေကြသူအချင်းချင်း စေတနာ၊ မေတ္တာ၊ ကိုယ်ချင်းစာစိတ်တွေနဲ့ ဆက်ဆံပေးတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် တစ်စုံတစ်ရာ မသန်စွမ်းသူတွေအပေါ်ပေါ့။ ရံဖန်ရံခါ တချို့လုပ်ငန်းခွင်တွေမှာ မသန်စွမ်းဝန်ထမ်းတွေကို တွေ့ရတတ်ပါတယ်။ ဒီလိုပဲ သင့်ရဲ့လုပ်ငန်းခွင်မှာလည်း ရှိနေမှာပါ။ သူတို့နဲ့ ဆက်ဆံတဲ့အခါ ကိုယ့်ဘက်က စည်းစောင့်ပြီး ထိန်းသိမ်းစရာတွေကို သာမန်လူတွေထက် ပိုဂရုစိုက်ရပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်ထဲမှာ မသန်စွမ်းဝန်ထမ်းရှိနေတယ်ဆိုရင် သူ့ကို ဒီလို မဆက်ဆံပါနဲ့။

“နင်က ဘာဖြစ်တာလဲ။”
အရေးအကြီးဆုံးက သူဟာ ဘာပုံမှန်မဟုတ်တာလဲ။ ဘာဖြစ်နေတာလဲ။ နောက်ပြီး ဘာမသန်စွမ်းတာလဲ။ အဲဒါတွေကို မမေးဖို့ပါပဲ။ ဝန်ထမ်းသစ်ဖြစ်နေတယ်ဆိုရင်လည်း ခဏလောက်နေပြီးရင် တဖြည်းဖြည်းနဲ့ “သြော် …. ဒီလိုလား” ဆိုပြီး သူ့ရဲ့ အားနည်းချက်နဲ့ ဘဝအကြောင်းကို သိသွားပါလိမ့်မယ်။ သူများအကြောင်း အရမ်းသိချင်နေတာ မကောင်းပါဘူး။ မသိချင်တောင် အချိန်တန်သိလာရပါလိမ့်မယ်။ တစ်ပါးသူ စိတ်အနှောင့်အယှက်ဖြစ်အောင် အာရုံစိုက်ကြည့်ပြီး လိုက်မေးတာမျိုးတွေ မလုပ်ပါနဲ့။

“သူက ဒီလိုပုံစံနဲ့ အဆင်ပြေမှာမဟုတ်ပါဘူး။ သူ့ကိုခေါ်မနေနဲ့။”
ခွဲခြားဆက်ဆံတာပါ။ လုပ်ငန်းခွင်အတွင်းမှာ Team Work နဲ့ လုပ်ကိုင်နေရတဲ့အခါ သူ့ကို အဆင်မပြေလောက်ပါဘူးဆိုပြီး ကိုယ့်ဘာသာကိုယ် ကောက်ချက်ချထားခဲ့တာမျိုးတွေပါ။ ဒါဟာ သူ့ကိုလည်း အားငယ်ဝမ်းနည်းစေသလို၊ သင့်ကိုယ်သင်လည်း ရှက်ရမယ့် အပြုအမူမျိုးပါ။ မသန်စွမ်းမို့လို့ သူ့မှာ အားနည်းချက်တစ်စုံတစ်ရာရှိနေမှာဖြစ်ပေမယ့်လည်း အထက်လူကြီးဟာ သူ့ရဲ့အရည်အချင်းကို ယုံကြည်လို့ ခန့်အပ်ထားတာဖြစ်တဲ့အတွက် သူ့ကို လုပ်ခွင့်ပေးပါ။ သာမန်လူလိုပဲ အဖွဲ့အစည်းထဲမှာ လိုက်ပါပျော်ရွှင်ခွင့်ပေးပါ။

“သူကျတော့ OT မဆင်းရဘူးနော်။”
အလုပ်ကိစ္စအရေးကြီးလို့ အချိန်ပိုဆင်းရတာမျိုးတွေရှိနိုင်ပေမယ့် သူ့အတွက် ငဲ့ညာပေးရတာမျိုးတွေလည်း ရှိပါတယ်။ သူ့ရဲ့ ပုံမှန်အလုပ်တာဝန်ကို ပြီးမြောက်နေတယ်။ သူနဲ့ အဓိက မသက်ဆိုင်ဘူး။ ကုမ္ပဏီရဲ့ သေရေးရှင်ရေးမဟုတ်ဘူးဆိုရင် တချို့နေရာတွေမှာ ဒီလို မသန်စွမ်းတဲ့ဝန်ထမ်းတွေကို ကင်းလွတ်ခွင့်ပေးပါ။ အထက်လူကြီးက ကိုယ်ချင်းစာနားလည်လို့ ကင်းလွတ်ခွင့်တွေ၊ အထူးခံစားခွင့်တွေ ပေးရင်လည်း ကိုယ်က လိုက်ပြီး ကြေးမတိုက်မိဖို့ လိုအပ်ပါတယ်။ ခြေထောက်နှစ်ဖက်လုံး မကောင်းလို့ ချိုင်းထောင့်နဲ့ သွားနေရတဲ့ ဝန်ထမ်းကို ကုမ္ပဏီက တက်စီခအပိုပေးတာဟာ သင့်လို ခြေထောင်နှစ်ဖက်လုံး သန်စွမ်းနေတဲ့လူကို မပေးရကောင်းလားဆိုပြီး စိတ်ဆိုးလို့မရပါဘူးနော်။

“အဲဒါ ဘာဖြစ်နေတာလဲ။ ကိုင်ကြည့်မယ်နော်။”
ခုနက အပေါ်မှာ ပြောခဲ့သလိုပဲ။ သူတစ်ပါးရဲ့ အားနည်းချက်ကို အရမ်းတွေ မစပ်စုပါနဲ့။ နောက်တစ်ခုက ကိုင်ကြည့်တာမျိုးပေါ့။ တချို့တွေဆို လက်အပိုပါတာမျိုးလေးတွေရှိပါတယ်။ အဲဒါကို မမေးမစမ်းကိုင်ကြည့်တာမျိုးတွေဟာ လူယဉ်ကျေးတွေရဲ့ အပြုအမူမဟုတ်ပါဘူး။ တစ်ဖက်သားမှာလည်း ရှက်ရွံ့စိတ်တွေ ဖြစ်သွားနိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ နှစ်ဦးနှစ်ဖက် ကျေနပ်လို့ ကိုင်ကြည့်ခိုင်းတယ်ဆိုရင်တော့ တမျိုးပေါ့နော်။

“ငါတို့ သီချင်းသွားဆိုကြမယ်လေ။ သူကတော့ စကားမပြောတတ်ဘူ။ ဘယ်လိုလုပ်မလဲ။”
ဘယ်လိုမှ မလုပ်ပါနဲ့။ အစောကြီးကတည်းက အဖွဲ့လိုက်ပျော်ရွှင်ကြမယ့် အစီအစဉ်ဆိုရင်၊ တစ်ရုံးလုံးပါဝင်ရမယ်ဆိုရင် မသန်စွမ်းဝန်ထမ်း မတတ်နိုင်တဲ့ပျော်ရွှင်မှုကို မရွေးချယ်သင့်တာ လူ့ကျင့်ဝတ်ပါပဲ။ ကိုယ့်ဘာသာကိုယ် လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပျော်ချင်လို့ သွားတယ်လာတယ်ဆိုရင်တော့ တိုးတိုးတိတ်တိတ်စီစဉ်ပြီး သွားနိုင်ပါတယ်။ Team Building လို တစ်ရုံးလုံးပါဝင်ရတဲ့ပွဲတွေဆိုရင်တော့ သူတို့ပါ ဝင်ရောက်ပျော်ရွှင်လို့ရတဲ့ အခြေအနေမျိုး၊ ပျော်ရွှင်မှုမျိုးကို ဦးစားပေးရွေးချယ်ပေးသင့်ပါတယ်။

လူတိုင်းဟာ လုပ်ငန်းခွင်ကို အရမ်းလာချင်လွန်းလို့၊ လုပ်ချင်လွန်းလို့ဆိုပြီး အလုပ်လာလုပ်နေတဲ့သူ ဘယ်သူမှမရှိပါဘူး။ အားလုံးဟာ ငွေရှာဖို့၊ အတွေ့အကြုံရှာဖို့၊ ပညာရှာဖို့ စတဲ့ အကြောင်းပြချက်လေးတွေ ကိုယ်စီနဲ့ပါပဲ။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် တွန်းချတာမျိုးကို မလုပ်ဘဲ တွဲကူပြီး ရှေ့ဆက်ကြရအောင်နော်။

(Photo Credit)

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle