နော်ဝေးနိုင်ငံက ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေအောက် စားသောက်ဆိုင်

နော်ဝေးနိုင်ငံက ကမ္ဘာ့အကြီးဆုံး ပင်လယ်ရေအောက် စားသောက်ဆိုင်

လူတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းက တဖြည်းဖြည်းပိုပြီး တိုးတက်လာတာနဲ့အမ ျှ ထူးခြားဆန်းပြားတာတွေလည်း ပိုပြီးမြင်လာရပါတယ်။ အခုဆိုရင်လည်း မြေပေါ်မှာပဲအသက်ရှင်တဲ့ ခြေနှစ်ချောင်းနဲ့လူသားတွေက စားသောက်ဆိုင်ဖွင့်တာတောင်မှ အဏ္ဏဝါလောကထိကျူးကျော်ပြီးသွားဖွင့်ပြန်ပြီတဲ့။ Under လို့ခေါ်တဲ့ ပင်လယ်ရေအောက်စားသောက်ဆိုင်က မဖွင့်ခင်လတွေအများကြီးအလိုမှာတည်းက ကြိုတင်စာရင်းပေးထားတဲ့သူတွေနဲ့ ပြည့်နေတာပါ။ လတ်တလောကပဲ Business Insider ကနေပြီးတော့ Under Restaurant က သူ့ရဲ့ ပထမဆုံးဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေပြီလို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီလိုကြိတ်ကြိတ်တိုးနေတဲ့ အလန်းစားရေအောက်စားသောက်ဆိုင်မှာ မစားရသေးဘူးဆိုရင်တောင် ဆိုင်ရဲ့ဒီဇိုင်းကာလာအနေအထားလေးတွေကို ရှိုးလိုက်ရအောင်လေနော်။

Under က ကမ္ဘာ့အကြီးဆုံးရေအောက်စားသောက်ဆိုင်ဖြစ်ရုံတင်မကသေးဘူး Snøhetta လို့ နာမည်ရတဲ့ ဗိသုကာလုပ်ငန်းရဲ့လက်ရာနဲ့တည်ဆောက်ထားတဲ့စားသောက်ဆိုင်ဖြစ်ပြီး သူလိုဆိုင်မျိုးကလည်းဥရောပမှာပထမဆုံးဖန်တီးခြင်းခံရတာဖြစ်ပါတယ်။ Under ကို နော်ဝေးနိုင်ငံရဲ့ တောင်ဖက်ကမ်းရိုးတန်းက အန္တရယ်များလွန်းလှတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေလှိုင်းတွေရှိတဲ့နေရာမှာ တည်ဆောက်ထားတာပါ။

ကမ်းစပ်ကနေပြီးတော့ တြိဂံထောင့်စွန်းပုံစံအဆောက်အဦးအတိုင်းဝင်သွားရင် လူ ၁ဝဝ ဆံ့တဲ့ စားသောက်ဆိုင်ရဲ့ထမင်းစားခန်းထဲကို ရောက်သွားပါလိမ့်မယ်။ ဒီစားသောက်ဆိုင်ရဲ့ထူးခြားချက်က မြေပြင်ကတခြားစားသောက်ဆိုင်တွေလို View မျိုးမဟုတ်ဘဲ ရေအောက်ပင်လယ်ပြင်ကြီးကို Panoramic View နဲ့ ရှုမြင်ခံစားလို့ရပြီး ရေအောက်သတ္တဝါတွေကိုလည်း ငေးမောကြည့်နေလို့ရတာပါ။ (အေးပေါ့ ၊ ရေအောက်မှာဆောက်ထားပါတယ်ဆိုနေမှ)

စားသောက်ဆိုင်ရဲ့အဆောက်အဦးတည်ဆောက်ပုံကို ပင်လယ်ရေပတ်ဝန်းကျင်နဲ့ တသားတည်းကျအောင်လို့ ဒီဇိုင်းဆွဲထားတာဖြစ်တယ်။ ဒါကြောင့် ဒီအဆောက်အအုံက ရေနေအပင်တွေနဲ့သတ္တဝါတွေကို ဆွဲဆောင်နိုင်တဲ့ သဘာဝကိုတုပပြုလုပ်ထားတဲ့ ကျောက်တန်းပုံစုံအဖြစ် တဖြည်းဖြည်းပြောင်းလာပါတယ်။ Under ရဲ့တည်နေရာက ဇီဝမျိုးကွဲတွေကို ဆွဲဆောင်နိုင်တာကြောင့် ဒီစားသောက်ဆိုင်ကို Marine Biologists တွေအတွက် သုတေသနစင်တာအနေနဲ့လည်း အသုံးပြုတယ်လို့ပြောပါတယ်။ (မိုက်တယ်နော်)

စားသောက်ဆိုင်မှာ စပြီးထိုင်လိုက်တာနဲ့ Nicolai Ellitsgaard ဦးဆောင်တဲ့ အပြည်ပြည်ဆိုင်ရာက စာဖိုမှူးတွေနဲ့ဖွဲ့ထားတဲ့အဖွဲ့က ရာသီစာတွေကိုစပြီးတော့ တည်ခင်းဧည့်ခံပါလိမ့်မယ်။  ဒီစားသောက်ဆိုင်မှာ ဒေသထွက်တဲ့အစားအစာတွေနဲ့ ပင်လယ်ရေအောက်မှာ သဘာဝအတိုင်းဖမ်းမိတဲ့ လတ်ဆတ်တဲ့အစားအစာတွေကိုပဲ တည်ခင်းဧည့်ခံရောင်းချပါတယ်။ (ကောင်းလိုက်တာနော်….ရေးနေရင်းနဲ့ ပင်လယ်စာတွေ မျက်လုံးထဲပြေးမြင်ပြီး သွားရည်တွေကျလာပြီ)

လောလောဆယ်ကတော့ Under Restaurant မှာရှိတဲ့ စားပွဲတိုင်းက ကြိုတင်စာရင်းပေးထားပြီးသားဖြစ်တာမို့ စက်တင်ဘာလအထိ စားပွဲတစ်လုံးမှ မအားပါဘူးတဲ့။ ဒီတော့ အဲဒီမှာစားချင်တယ်ဆိုရင် နောက်နှစ်အစလောက်မှာတော့ စားလို့ရချင်ရမယ်။ ဒါတောင် Reservation လုပ်ထားမှနော်။ ဘယ်လိုလဲ ရေအောက်အလှတရားလေးကြည့်ပြီး ညစာစားဖို့နော်ဝေးထိသွားချင်စိတ်ရှိလား။ ကိုယ်ဆိုရင်တော့သွားမှာ ၊ ချစ်သူလေးကိုပါခေါ်သွားမှာ။ (ပိုက်ဆံရှိတဲ့တစ်နေ့ပေါ့)

Source: Mentalfloss

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle