သွေးပျက်စရာ ဇွန်ဘီကမ္ဘာကြီးထဲ ရုပ်ရှင်ထဲကလို ရင်ဆိုင်ရဦးမယ့် World War Z: The Game

သွေးပျက်စရာ ဇွန်ဘီကမ္ဘာကြီးထဲ ရုပ်ရှင်ထဲကလို ရင်ဆိုင်ရဦးမယ့် World War Z: The Game

Brad Pitt ကိုယ်တိုင် သရုပ်ဆောင်ထားတဲ့ နာမည်ကျော် ဇွန်ဘီဇာတ်ကား World War Z ကို မှတ်မိကြမယ်ထင်ပါတယ်။ ရစရာမရှိအောင် မျှော်လင့်ချက်မဲ့နေတဲ့ ဖုတ်ကောင်ကမ္ဘာကြီးမှာ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အသက်ကိုရင်းပြီး တစ်ကမ္ဘာလုံးပျံ့နှံ့နေတဲ့ ဇွန်ဘီဗိုင်းရပ်စ်ကို ရပ်တန့်ဖို့ ဖြေဆေးကို မရမကရှာဖွေပြီး သက်စွန့်ဆံဖာျး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်

ဇွန်ဘီအေကြောင်း ဇာတ်အိမ်တည်ထားတဲ့ရုပ်ရှင်ဆိုရင် ဘယ်သူမဆို စိတ်ဝင်စားကြပါတယ်။ အဲဒါဟာ ရုပ်ရှင်နယ်ပယ်မှာတင်မဟုတ်ဘဲ ဂိမ်းလောကမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ တိုက်ခိုက်ဖို့ လက်နက်စုံစုံလင်လင်နဲ့ သိန်းသောင်းမကများပြားလွန်းတဲ့ ဇွန်ဘီတွေကို နှိမ်နင်းမယ်၊ အဲ့သလို ခံစားချက်မျိုးကို Gamer တွေ နှစ်သက်တယ်။ ဒါကြောင့်ပဲ ဖုတ်ကောင်/ ဇွန်ဘီနဲ့ ရောယှက်နေတဲ့ ဂိမ်းပုံစံဟာ ပရိသတ်အကြားရေပန်းစားလှပြီး Resident Evil ၊ Left 4 Dead နဲ့ Walking Dead တို့ဟာလည်း Favourite Title တွေပါပဲ။

အဲဒီလို ဇွန်ဘီဂိမ်းကစားရတာ နှစ်သက်တဲ့ဂိမ်မာတွေအဖို့ ဒီဆောင်းပါးလေးက သတင်းကောင်းတစ်ပုဒ်ဖြစ်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ နာမည်ကျော်လူကြိုက်များတဲ့ World War Z ရုပ်ရှင်ကို ပြန်လည်ပြီးအသက်သွင်းထားတဲ့ စိတ်လှုပ်ရှားစရာဇွန်ဘီဂိမ်းသစ်ကို Saber Interactive ဂိမ်းကုမ္ပဏီက ဖန်တီးရေးဆွဲပြီး Focus Home Entertainment က Gamer များအားလုံး ဆော့ကစားနိုင်ဖို့ ဂိမ်းပလက်ဖောင်းအစုံမှာ ထုတ်ပေးသွားမှာဖြစ်လို့ပါပဲ။ World War Z ရုပ်ရှင်အနေနဲ့ အဆမတန်များပြားတဲ့ ဗိုင်းရပ်စ်ပိုးကူးဇွန်ဘီတွေကို နဂိုပုံစံတွေထဲက ကွဲထွက်ပြီး အသွင်တစ်မျိုးနဲ့ ရင်ထိတ်သည်းဖိုဖြစ်အောင် တင်ဆက်ခဲ့တာ အားလုံးမျက်မြင်ကိုယ်တွေ့ပါပဲ။

အဲဒီလို အရသာတစ်မူထူးကဲတဲ့ ဇွန်ဘီလောကပုံစံကို အခုထွက်ရှိမယ့် World War Z: The Game မှာ အားလုံးက နဂိုမူရင်းခံစားမှုမပျက်ဘဲ ကိုယ်တိုင်ကိုယ်ကျတွေ့မြင်ခံစားရမှာပါ။ ကိုယ့်အဖွဲ့နဲ့အတူ သေမတူရှင်မကွာ တိုက်ပွဲဝင်တဲ့နေရာကနေ ဆော့ကစားရမှာမို့ ရုပ်ရှင်ကြည့်တာထက်တောင် ဆပိုတိုးပြီး ရင်ခုန်စရာကောင်းမှာ အသေအချာပါပဲ။

စောင့်မျှော်နေကြသူတွေအတွက် အားတက်စရာအချက်ကတော့ သိပ်မကြာတော့တဲ့ ဧပြီလ၊ ၂၀၁၉ ခုနှစ်မှာ ဒီဂိမ်းကို PC, Playstation နဲ့ XBox ပလက်ဖောင်းတွေမှာ အသီးသီးထုတ်ပေးသွားမယ်ဆိုတာပါပဲ။ ဂိမ်းရဲ့တည်ဆောက်ထားတဲ့ပုံစံနဲ့ ဂိမ်းတွင်းလုပ်ဆောင်ချက်တွေကို အမြည်းတွေ့မြင်ခံစားချင်တယ်ဆိုရင်တော့ ဂိမ်းမီဒီယာကြီးတွေရဲ့ YouTube Channel တွေမှာ အရိပ်အမြွတ်တင်ပေးထားတဲ့ ဗီဒီယိုတွေကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ နောက်ထပ်ပြီး ရင်ခုန်သွားရအောင် ထပ်ဆောင်းပြောလိုတာက World War Z ဂိမ်းရဲ့ဇာတ်ကြောင်းအရ လူဦးရေထူထပ်တဲ့ ကမ္ဘာ့နာမည်ကျော်မြို့တွေဖြစ်ကြတဲ့ ဂျေရုစလင်မြို့၊ နယူးယောက်မြို့နဲ့ မော်စကိုမြို့တို့မှာ ဇွန်ဘီဖုတ်ကောင်တွေနဲ့ အကြိတ်အနယ် ရင်ဆိုင်ရမယ်ဆိုတာပါပဲ။

ဒီလောက်ဆိုရင်တော့ ဒီဂိမ်းဟာ ဘယ်လောက်အတိုင်းအတာအထိ ပေါက်မြောက်လိမ့်မလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။ နောက်ပြီး တစ်ယောက်တည်းဇာတ်လမ်းသွားအပြင် ကိုယ့်သူငယ်ချင်းဂိမ်းဆော့ဖော်ဆော့ဖက်တွေနဲ့အတူ အဖွဲ့လိုက်လည်း ဆော့လို့ရတဲ့ World War Z: The Game ကတော့ အခုနှစ် ၂၀၁၉ ခုနှစ်မှာ စောင့်ကြည့်ရမယ့် ဂိမ်းကောင်းတစ်ခုဖြစ်တဲ့အကြောင်းကို ပြောကြားရင်း အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။ ဖတ်ရှုသူများအားလုံးကို ကျေးဇူးအထူးတင်လျက်ပါ၊ နောက်ထပ်ဂိမ်းဆောင်းပါးတွေမှာ သုတရသအဖြာဖြာကို ဝေမျှပေးမှာမို့ အချိန်မှန်တင်ဆက်ပေးသွားမယ့်ပို့စ်တွေကို စောင့်မျှော်နိုင်ပါတယ်။

Yan
Ref; trustedreview, wikia

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle