019 ခုနှစ်ရဲ့ ကမ္ဘာ့စရိတ်စကအကြီးမြင့်ဆုံးနဲ့ စရိတ်အသက်သာဆုံးမြို့များ

019 ခုနှစ်ရဲ့ ကမ္ဘာ့စရိတ်စကအကြီးမြင့်ဆုံးနဲ့ စရိတ်အသက်သာဆုံးမြို့များ

နိုင်ငံတစ်နိုင်ငံကို သွားလည်တာပဲ ဖြစ်ဖြစ်၊ သွားနေထိုင်အလုပ်လုပ်တာပဲ ဖြစ်ဖြစ် နေထိုင်သွားလာတာတွေအတွက် ပိုက်ဆံသုံးရတဲ့အခါ ကိုယ်လာခဲ့တဲ့ မိခင်နိုင်ငံရဲ့ ကုန်ကျစရိတ်နဲ့ နှိုင်းပြီး ဈေးကြီးတယ်၊ ဈေးပေါတယ် ထင်မြင်ချက်ပေးတတ်ကြပါတယ်။

ကုန်ကျစရိတ်သက်သာတဲ့ နိုင်ငံသွားလည်ရရင်တော့ ပျော်တာပေါ့ဗျာ။ တချို့နိုင်ငံတွေကျတော့လည်း အထူးအဆန်း၊ အခြေခံစားသောက်နေထိုင်စရိတ်တွေ သက်သာပြီး ဆံပင်ညှပ်တာတွေ၊ သွားစိုက်တာတွေဆို ဈေးအသေကြီးတာမျိုး။ ဒါကြောင့် ကမ္ဘာ့ဘယ်နိုင်ငံရဲ့ ဘယ်မြို့တွေက စားသောက်နေထိုင်ကုန်ကျစရိတ်အမြင့်ဆုံးဖြစ်ပြီး ဘယ်မြို့တော်တွေက သက်သာတယ်ဆိုတာ နောင်တစ်ချိန်ကမ္ဘာပတ်ပြီး ကဗျာစပ်မယ့်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ဒီစာရင်းကို ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၃၃ နိုင်ငံကို ယှဉ်ကြည့်ပြီးဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဒီစာရင်းကို ဘယ်အပေါ်အခြေခံပြီး တိုင်းသလဲဆိုရင်တော့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရဲ့ စရိတ်စကအပေါ်အခြေခံပြီး တိုင်းတာတာ ဖြစ်ပါတယ်။

ဆံပင်ညှပ်ခက စတိုင်းကြည့်တဲ့အခါ
ဒီလို လေ့လာဆန်းစစ်တဲ့ ကိစ္စမှာ ပါဝင်သူ Roxana Slavcheva ကတော့ ပါရီမြို့ဟာ ၂၀၀၃ ခုနှစ်တည်းက ကမ္ဘာ့ဈေးအကြီးဆုံးမြို့တွေထဲက တစ်ခုဖြစ်ပြီး နေထိုင်ဖို့အတွက် အရမ်းဈေးကြီးတဲ့ မြို့ပါတဲ့။ သူပြောခဲ့တာကတော့ “အရက်၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆေးရွက်ကြီးတွေပဲ ပါရီမှာ ပေးရတာ တန်ပါတယ်။ မိန်းမတစ်ယောက် ဆံပင်ညှပ်မယ်ဆိုရင် ပါရီမြို့မှာ ဒေါ်လာ ၁၁၉.၀၄ ကျသင့်မှာ ဖြစ်ပြီး ဇူးရစ်မြို့မှာဆိုရင် ဒေါ်လာ ၇၃.၉၇ နဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ Osaka မြို့မှာဆိုရင် ဒေါ်လာ ၅၃.၄၆ သာ ကျသင့်မှာ ဖြစ်ပါတယ်။ ဥရောပမြို့တွေဟာ အိမ်ရာ၊ စိတ်အပန်းဖြေနဲ့ ဖျော်ဖြေရေးကဏ္ဍတွေမှာ ဈေးကြီးတတ်ကြပြီး ပါရီကတော့ ဒီထဲမှာ ဈေးအကြီးဆုံးပေါ့” လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းစရိတ်စကအကြီးမြင့်ဆုံ(၁၀) မြို့တွေကို အစဉ်လိုက်ပြပါဆိုရင်
၁။ စင်ကာပူမြို့ (စင်ကာပူနိုင်ငံ)

၁။ ပါရီမြို့ (ပြင်သစ်နိုင်ငံ)

၁။ ဟောင်ကောင်မြို့ (တရုတ်နိုင်ငံ)

၄။ ဇူးရစ်မြို့(ဆွစ်ဇာလန်နိုင်ငံ)

၅။ ဂျနီဗာမြို့ (ဆွစ်ဇာလန်နိုင်ငံ)

၅။ အိုဆာကာမြို့ (ဂျပန်နိုင်ငံ)

၇။ ဆိုးလ်မြို့(တောင်ကိုရီးယားနိုင်ငံ)

၇။ ကိုပင်ဟေဂင်မြို့ (ဒိန်းမတ်နိုင်ငံ)

၇။ နယူးယောက်မြို့ (အမေရိကန်နိုင်ငံ)

၁၀။ တဲလ်အဗစ်မြို့ (အစ္စရေးနိုင်ငံ)

၁၀။ လော့စ်အိန်ဂျလိစ်မြို့ (အမေရိကန်နိုင်ငံ)

ဗင်နီဇွဲလားနိုင်ငံက ကရာကတ်စ်မြို့မှာဆိုရင် ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁,၀၀၀,၀၀၀% ရှိခဲ့ပေမယ့် ကမ္ဘာ့စရိတ်စကအသက်သာဆုံး မြို့တွေထဲမှာတာ့ စာရင်းဝင်နေတုန်းပဲ ဖြစ်ပါတယ်။ မြို့တော် ကရာကတ်စ်မှာဆိုရင် ကော်ဖီတစ်ခွက်မှ ဒေါ်လာ ဝ.၆၂ လောက်ပဲ ကျသင့်ပါတယ်။

ကရာကတ်စ်မှာ ဆံပင်ညှပ်နေပြုံ

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့ကတော့ ဒုတိယနေရာချိတ်နေပြီး စရိတ်စကအသက်သာဆုံးမြို့ (၁၀) မြို့ကို အစဉ်လိုက်ချကြည့်မယ်ဆိုရင်တော့ဖြင့်
၁။ ကရာကတ်စ်မြို့ (ဗင်နီဇွဲလားနိုင်ငံ)

၂။ ဒမတ်စကတ်မြို့ (ဆီးရီးယားနိုင်ငံ)

၃။ တက်ရှ်ကန့်မြို့ (ဥစဘက်ကစ္စတန်နိုင်ငံ)

၄။ အာ့လ်မတီမြို့ (ကာဇက်စတန်နိုင်ငံ)

၅။ ဘန်ဂလောမြို့ (အိန္ဒိယနိုင်ငံ)

၆။ ကရာချိမြို့ (ပါကစ္စတန်နိုင်ငံ)

၆။ လာဂို့စ်မြို့ (နိုင်ဂျီးရီးယားနိုင်ငံ)

၇။ ဗျူနိုအေရိစ်မြို့ (အာဂျင်တီးနားနိုင်ငံ)

၇။ ချန်နိုင်းမြို့ (အိန္ဒိယနိုင်ငံ)

၈။ နယူးဒေလီမြို့ (အိန္ဒိယနိုင်ငံ) စသဖြင့် ဖြစ်ပါတယ်။

Data အချက်အလက်တွေ အားနည်းတဲ့ ကျွန်တော်တို့ နိုင်ငံမှာတော့ ဒီလို စရိတ်စကကို အတိအကျသိရဖို့ မလွယ်ဘဲ သိရမယ်ဆိုရင်လည်း ဈေးသက်သာတဲ့ နိုင်ငံထဲတော့ မပါလောက်ဘူးလို့ ယူဆပါတယ်။

Yoe Lu (Akhayar)

Source : bbc.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle