ရန်ကုန်မြို့ မြို့နယ်အလိုက် မီးအလှည့်ကျလာချိန်တွေ ဘယ်လိုသိနိုင်မလဲ

ရန်ကုန်မြို့ မြို့နယ်အလိုက် မီးအလှည့်ကျလာချိန်တွေ ဘယ်လိုသိနိုင်မလဲ

ကဲ အခရာပရိသတ်ကြီးရေ… အခုဆိုရင် မီးပြတ်တဲ့ ဒဏ်ကို ကျွန်တော်တို့လိုပဲ လှိမ့်ခံနေကြရပြီလို့ ထင်ပါတယ်။ ကိုကျားပေါက် သီချင်းလို မီးက မလာ၊ နွေဟာပူ၊ ငါဟာ ညဘက် အိပ်မပျော်ဘူးဆိုတဲ့ သီချင်းလိုလေ၊ ပူလွန်းလို့ အိပ်မပျော်တဲ့ ညတွေလည်း များနေပါပြီ။

“မင်းတို့ကကွာ မီးပျက်တာကို ခုမှ ရေးကြီးခွင်ကျယ် လုပ်နေတယ်” ဆိုရင်တော့ အရင်ကလည်း မီးပျက်ပေမယ့် ရာသီဥတုက ဒီလောက်မှ မပူဘဲဗျ.. ဒီတော့ ယပ်လေးဘာလေးခတ်ပြီး နေနိုင်သေးတယ်။ ကဲပါ မီးပျက်တာကတော့ ကျွန်တော်တို့ ဘယ်လို ပြောပြော ပျက်မှာပဲဆိုတဲ့အတွက် မီးကို မြို့နယ်အလိုက် အလှည့်ကျ ဘယ်လိုပေးနေသလဲ တစ်ချက်စပ်စုရအောင်။

မီးပျက်တာချင်းအတူတူ အချိန်ဇယားလေးကြိုသိရတော့ လုပ်စရာရှိတာတွေ ကြိုလုပ်ထားလို့ရ၊ အိပ်မယ်ဆိုရင်လည်း မီးလာတဲ့အချိန် အဲကွန်းလေးဖွင့်၊ ပန်ကာလေး ဖွင့်ပြီး နှပ်လို့ ရတာပေါ့။ ဒီမှာတော့ မီးပျက်မီးလာ အချိန်ဇယားကြည့်လို့ ရတဲ့ ရန်ကုန်မြို့က မြို့နယ်တွေရဲ့ YESC Page တွေကို တင်ပေးမှာ ဖြစ်ပြီး မြို့နယ်တိုင်းတော့ သိရမှာ မဟုတ်ဘူးဆိုတာ ကြိုတင်မေတ္တာရပ်ခံထားပါရစေ။

YESC- CallCenter

အရင်ဆုံး တစ်မြို့နယ်ချင်းစီ မပြောခင် YESC-CallCenter Hotline နံပါတ် 1717 ဆိုတာလေးကို အရင်ပြောပါရစေ။ မီးပျက်သွားလို့ ရှိရင် ကိုယ့်မြို့နယ်၊ နေတဲ့ လမ်း၊ နေရာ စတာလေးပြောပြီး မီးဘယ်ချိန်ပြန်လာမလဲ မေးလို့ ရပါတယ်။ သူတို့ ဘက်ကနေ မီးကဘာလို့ ပျက်တာ၊ မီးပြန်လာမယ့် အချိန်မှန်းခြေပြောတာပဲ ဖြစ်ဖြစ်၊ တစ်ခါတလေ သူတို့ မပြောနိုင်သေးရင်လည်း အကြောင်းရင်းလေးတော့ ပြောပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် လုံးဝမသိရသေးတာထက်စာရင် သိရတာ တော်သေးတာပေါ့။ တစ်ခုတော့ ရှိတယ်ဗျ၊ ဖုန်းခေါ်တဲ့သူ များတဲ့အတွက် လိုင်းကတော့ တော်တော်လေးကို မအားတာဗျ။ စိတ်ရှည်လက်ရှည် ခေါ်မှရတယ်၊ Page ကတော့ Blue Mark နဲ့ Verified Page မို့ ယုံကြည်ရမယ်ထင်ပါတယ်။

YESC Ahlone
အလုံကတော့ ABCDM ဆိုပြီး အုပ်စု ၅ စုခွဲပြီး မီးပေးပါတယ်တဲ့၊ Page ကတော့ အောက်မှာ ကြည့်နိုင်ပါတယ်။ Page မှာတော့ မီးပျက်ရင် ၂နာရီတစ်ခါ ပျက်မယ်ဆိုတာရော၊ ဘယ်လိုပျက်မယ်ဆိုတာပါ ဇယားနဲ့ ပြည့်ပြည့်စုံစုံ ပြထားပါတယ်။

ဗဟန်း YESC
Page ကို အောက်မှာ ပြထားပေးပြီး သူတို့လည်း ABCDM ဆိုပြီး အုပ်စုခွဲတာ ဖြစ်ပါတယ်။

Dagon YESC
မြို့ထဲ ဒဂုံ ယောမင်းကြီးလမ်း၊ ပြည်လမ်းစတဲ့ ဒဂုံမြို့နယ်နေသူတွေအတွက် ဒီ Page မှာ ကြည့်လို့ ရပါတယ်။

ဒလမြို့နယ် လျှပ်စစ်မန်နေဂာျရုံး- yesc
ဒလ YESC ကတော့ တက်တက်ကြွကြွပါပဲ။ မီးအလှည့်ကျလာမယ့် စာရင်းတွေကို အဆက်မပြတ်တင်ပေးထားပါတယ်။

YESC East Dagon
ဒဂုံမြို့သစ် အရှေ့ဒဂုံမှာနေတဲ့သူတွေတော့ ဒီ Page မှာ ဝင်ကြည့်လို့ ရပါတယ်။ မီးဝန်အားလျော့တဲ့အချိန်တွေ ဘယ်အချိန်တွေဆိုတာ တခြားမြို့နယ်တွေနည်းတူ ဝင်ကြည့်လို့ ရတာပေါ့။

လှိုင် YESC
လှိုင်လို မြို့နယ်အကျယ်ကြီးက ဘယ်အပိုင်းက မီးပျက်တာလဲ အော်မေးနေရရင် မဟုတ်သေးပါဘူး။ ဒါကြောင့် ဒီ Page မှာ ကြည့်ပါ။Group ၄ ခုဖွဲ့ပြီး မီးပေးနေပါတယ်တဲ့။

YESC – Hlaing Thar Yar
ဒီ Page မှာတော့ မီးကို ဝန်အားအလှည့်ကျပေးမယ်ဆိုတာကို လက်ရှိထိ တင်ထားတာမတွေ့ပေမယ့် မီးပျက်မီးလာသတင်းတွေကို Viber ကနေ အသိပေးမယ်ဆိုပြီး တင်ထားတာတော့ တွေ့ပါတယ်ဗျာ။

Yesc Mingalar Taung Nyunt
မင်္ဂလာတောင်ညွန့်ရဲ့ YESC ကတော့ Page မဟုတ်ဘဲ Personal Account ကြီးဗျ။ ဒါပေမယ့် မီးအလှည့်ကျပေးမယ့်အချိနေ်တွတော့ Public နဲ့ တင်ပေးထားပါတယ်။

Yesc Northdagon
မြောက်ဒဂုံ YESC ကလည်း Page မဟုတ်ဘဲ Account ပါပဲဗျာ…သူလည်းပဲ အုပ်စု ၄ စုခွဲပြီး မီးပေးမယ်ဆိုပြီး တင်ပေးထားပါတယ်။

Yesc North Okkalar
သူလည်းပဲ Account နဲ့ တင်တာပါပဲ၊ အလှည့်ကျဇယားကို Public နဲ့ တင်ပေးထားပါတယ်။

YESC Sanchaung
စမ်းချောင်းကတော့ တာဝန်ကျေပါတယ်။ ဒီ Page မှာ အလှည့်ကျဝန်အားလျှော့ချမယ့်အစီအစဉ်ဆိုပြီး တင်ထားပြီးသား ဖြစ်ပါတယ်။

YESC Southern Dagon
တောင်ဒဂုံအတွက်ကတော့ အောက်က Page မှာ လာမယ့် အချိန်ဇယားတွေ၊ အုပ်စုခွဲတာတွေ ကြည့်လို့ ရပါတယ်။

YESC Tarmwe
တာမွေလည်း တခြားမြို့နယ်တွေလိုပဲ အုပ်စု ၄ စု (A-B-C-D) ခွဲပြီး မီးပေးမယ့် အစီအစဉ်ကို တင်ထားပေးပါတယ်။

YESC Yankin
ရန်ကင်းမြို့နယ်အတွက် အချိန်ဇယားကိုတော့ ဒီ Page မှာ ကြည့်ပါ။

ဒါတွေက ရသမျှ အချိန်ဇယားကြည့်လို့ ရတဲ့ Page တွေကို စုပေးထားတာ ဖြစ်ပြီး ဒီထဲမှာ မပါတဲ့ မြို့နယ်တွေ ဖြစ်တဲ့ သာကေတ၊ ပုဇွန်တောင်စတဲ့ ကျန်တဲ့ မြို့နယ်တွေရဲ့ Page တွေက Active မဖြစ်လို့ ကျန်ခဲ့တာဖြစ်သလို တချို့တွေကျတော့လည်း Page သာ ရှိပေမယ့် အလှည့်ကျဇယားကို တင်မထားတာမို့ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

မီးပျက်မီးလာ အလှည့်ကျအချိန်ဇယားကို ကြည့်ပြီး အခရာဝိုင်းတော်သားတွေနဲ့ အတူ အခရာစာဖတ်သူတွေလည်း အချိန်ကိုက် အလုပ်လုပ်နိုင်ကြပါစေ။

Yoe Lu (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle