တစ်ကိုယ်လုံးက အကြောတွေပြေစေမယ့် ဂျပန်နည်းပညာနဲ့ တစ်ခုတည်းသော Healthy Spa

တစ်ကိုယ်လုံးက အကြောတွေပြေစေမယ့် ဂျပန်နည်းပညာနဲ့ တစ်ခုတည်းသော Healthy Spa

နေ့စဉ်ဘဝမှာ လူသားတွေအားလုံး အလုပ်တာဝန်ကိုယ်စီနဲ့ လှုပ်ရှားသွားလာကြိုးစားနေရတဲ့ အခါ ခန္ဓာကိုယ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာပါ သံပတ်ပေးထားတဲ့ စက်ရုပ်ကြီးလို နုံးချိပြီး ပင်ပန်းနွမ်းနယ်တတ်လာကြပါတယ်။

အမြဲတမ်း အလုပ်လုပ်နေရတဲ့အခါ ခန္ဓာကိုယ်က အရိုးကြောတွေ၊ အဆစ်မြစ်တွေနဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကပါ ညောင်းညာပြီး နေရထိုင်ရအဆင်မပြေဖြစ်လာတဲ့သူတွေအတွက် Massage ကောင်းကောင်းလေးနဲ့ အနှိပ်ခံပြီးတစ်ကိုယ်လုံးက အကြောတွေကို ဖြေလျှော့နိုင်မယ့် နေရာကောင်းလေးတစ်ခု Akhayar က တွေ့ခဲ့တာလေး ညွှန်ပြမယ်နော်။

ရန်ကုန်မှာ ပထမဦးဆုံး ဂျပန်က နည်းပညာတွေနဲ့ ကျန်းမာရေးအဖြစ်ပါ ဝန်ဆောင်မှုပေးနေတဲ့ Y.G.N Health Spa and Wellness Center ကို Akhayar က သူ့ရဲ့ Promotion တွေကြောင့် စိတ်ဝင်စားနေရာကနေ တစ်ကိုယ်လုံးကအကြောတွေလည်း ဖြေလျော့ချင်၊ ခရီးတွေသွားထားလို့ ညစ်နေတဲ့ အသားအရေလေးပါ ဂရုစိုက်ချင်တာနဲ့ Appointment လေးယူပြီး သွားဖြစ်ခဲ့ပါရောလေ။

Y.G.N Spa က ပုလဲလမ်း၊ ရွှေတောင်ကြားရပ်ထဲက အသံလွှင့်ရုံဟောင်းဝင်းကြီးထဲမှာ Fitness Center တွေ၊ Bar တွေရဲ့ အပေါ်ဆုံးတတိယထပ်ဆိုတော့ ပတ်ဝန်းကျင်ကအစ တိတ်ဆိတ်အေးချမ်းပြီး နားရှုပ်ဆူညံစရာတွေနဲ့ ဝေးနေတာကိုက တကယ့် Relax ပါပဲ။

ဆိုင်ကတော့ ဂျပန်ကတောအုပ်ငယ်လေးထဲရောက်သွားသလိုပါပဲ။ တိတ်ဆိတ်ပြီး အခန်းငယ်လေးတွေနဲ့ ချယ်ရီပင်လေးနဲ့ ကြောင်လိမ်လှေကားလေးတွေနဲ့ Japanese Theme ပုံစံလေး တည်ဆောက်ထားတော့သဘောကျစရာလေးပါပဲ။

ရောက်တာနဲ့ ဂျပန် Tea လေးတစ်မျိုးကို Welcome Drinks အနေနဲ့တိုက်တယ်။ စိတ်ထဲ ကြည်လင်သွားတဲ့အနံ့အရသာနဲ့ဆိုတော့ ပထမဆုံးသဘောကျမိတဲ့ Service ပါပဲ။

Treatment တွေကတော့ Massage နဲ့ Facial Treatment တွေကိုအဓိက ဝန်ဆောင်မှုပေးပြီး တခြား Body Scrub တွေ၊ ဆံပင်၊ လက်သည်းနဲ့ပတ်သက်တာတွေပါ စုံလင်နေအောင်ရတယ်။

Massage မှာဆို လက်နဲ့ချည်းသက်သက်အကြောတွေ ထိ ရောက်အောင်နှိပ်နယ်ပေးတဲ့ Dry Massage ရယ်၊ တကိုယ်လုံး ဇိမ်ခံလို့ကောင်းပြီးအကြောပြေတဲ့ Oil Massage ရယ်ဆိုပြီး ၂မျိုးရှိတယ်တဲ့။ နာမည်အကြီးဆုံးကတော့ ဂျပန်ကနေ သင်ယူခဲ့ပြီး Y.G.N Spa မှာပဲရတဲ့ Japanese Shiatsu ဆိုတဲ့ အကြောထဲထိနှိပ်နယ်ပေးတဲ့ Massage ဆိုတော့ ဒါပဲနှိပ်မယ်ဆိုပြီး ချက်ချင်းရွေးချယ်လိုက်တော့တာပဲ။

နှိပ်မယ့်အခန်းလေးတွေကို ဂီတသံငြိမ့်ငြိမ့်လေးဖွင့်ထားပြီး ကန့်လန့်ကာလေးတွေနဲ့ သန့်ရှင်းနေအောင်ပြင်ဆင်ထားတာကိုကစိတ်ကြည်နူးမှုတစ်ခုပဲလေ။ Dry Massage နှိပ်မယ့်သူကတော့ အဝတ်အစားလဲပြီး ဖက်ခေါင်းအုံးကို ဘေးတိုက်အနေထားနဲ့ခွပြီး ခန္ဓာကိုယ်တစ်ဖက်ခြမ်းစီကနေ တစ်ကိုယ်လုံးကအကြောနေရာလပ်မကျန်အောက်အနှိပ်ခံရပါတယ်။

ခြေဖဝါး၊ ကျောရိုး၊ ဇက်ကြော၊ ခြေသလုံးနဲ့လက်တွေ၊ ဦးခေါင်းကအစ တစ်ကိုယ်လုံးကို ကိုယ်တစ်ခြမ်းစီ အချိန်ယူပြီး မိနစ် ၉၀ ထိ လက်အားတစ်ခုတည်းကို အကြောထဲထိစိမ့်အောင် နှိပ်ပေးပြီးတဲ့အခါမှာတော့ လူတစ်ကိုယ်လုံးပေါ့ပါးပြီး အသက်ရှုရတာကအစ လန်းဆန်းသွားတော့တာပါပဲ။ အဲ့ဒီ Japanese Shiatsu Massage ကတော့ မိနစ် ၉၀ ကိုမှ ၂၅၀၀၀ ကျပ်ပဲကျသင့်ပါတယ်။

နှိပ်နယ်ပြီး မျက်နှာ အတွက် Hydro Advance Treatment လုပ်တော့မှ Y.G.N Spa ကို ထပ်မလာဘဲမနေချင်အောင် ကောင်းလွန်းတဲ့ Treatment တွေကို ခံစားခဲ့ရပါတယ်။ မျက်နှာကို ရေနွေးငွေ့စက်ကြီးနဲ့ ပေါင်းတင်ပြီး မိတ်ကပ်ဖျက်ပါတယ်။ ပြီးတာနဲ့ ရေနွေးငွေ့နဲ့ ပေါင်းနေရင်းမှာပဲ Skin Care တွေနဲ့ Cleansing လုပ်၊ Suction စင်ကလေးနဲ့ မျက်နှာတစ်ခုလုံးက ချေးညော်တွေ၊အညစ်ကြေးတွေကိုစုပ်ထုတ်ပါတယ်။ Exfoliater စက်လေးနဲ့ အရေပြားဟိုးအတွင်းထိ သန့်စင်ပြီး နောက်တခါ Skin Care တွေနဲ့ Deep Cleansing လုပ်ပါတယ်။ ပြီးတာနဲ့ အပူ၊အအေး ၂မျိုးရတဲ့စက်လေးနဲ့ မျက်နှာကို Tone Up လုပ်ပေးပြီးမှ မျက်နှာအတွင်းပိုင်းထိ သန့်စင်ပြီးချိန်မှာ Mask လိမ်းပါတယ်။ အဲ့အချိန်မှာလည်း လက်တွေကိုနှိပ်နယ်ပေးနေတာဆိုတော့ စိတ်ကျေနပ်မှုအပြည့်ပါပဲ။

နောက်ဆုံးအဆင့်ဆင့်သန့်စင်ပြီးအသားအရေလေး သန့်ရှင်းဖြူဥသွားချိန်မှ ၂၄နာရီရေဓါတ်ဖြည့်ပေးတဲ့ Toner ၊ Essence နဲ့ နို့ရည်ကို လိမ်းပေးပါတယ်။ အဲ့ဒီ မျက်နှာအတွင်းပိုင်းထိ သန့်စင်တဲ့ Hydro Advance Treatment ကတော့ ကြာချိန်တစ်နာရီလောက်ထိကိုမှ ၃၅၀၀၀ ပဲကျသင့်ပါတယ်။

ဈေးနှုန်းနဲ့ပြန်ရတဲ့အသားအရေနူးညံြကောင်းမွန်မှု၊ ဝန်ဆောင်မှုတွေနဲ့ဆို အရမ်းသက်သာတဲ့အပြင် Member Card ပါဝယ်ထားမယ်ဆို ၆လ၊တစ်နှစ်ထိကို Promotion 20%၊ 30% တွေနဲ့ သုံးလို့ရပါတယ်။

အဲ့ဒီအပြင် ဖေဖော်ဝါရီတစ်လလုံး တင်္နလာကနေ သောကြာ မနက် ၁၀ နာရီကနေ ၃ နာရီထိကို 20% Discount လည်း ရှိနေတော့ ဒီတစ်လအတွင်းသွားရင် တော်တော်ကြီးဈေးသက်သာနေမှာမို့ ခုချက်ချင်းပဲ အကြောပြေချင်တဲ့သူတွေ၊ အသားအရေနဲ့ကျန်းမာရေးအတွက် Spa ကောင်းကောင်းရှာနေသူတွေအတွက် Y.G.N Healthy Spa က လုံးဝ စိတါတိုင်းကျစေမယ့် နေရာလေးတစ်ခုပါလို့ အကြံပေးရင်း လမ်းညွှန်ပါရစေနော်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle