အကြွေးမတင်အောင် ဘာတွေလုပ်ရမလဲ

အကြွေးမတင်အောင် ဘာတွေလုပ်ရမလဲ

ဒီနေ့ခေတ် ဝန်ထမ်းအများစုဟာ လစာထုတ်တဲ့ ရက်ပိုင်းတွင်သာ ပိုက်ဆံကို မြင်လိုက်ရပြီး နောက်နေ့တွင် အကြွေးဆပ်လိုက်ရတာနဲ့တင် ပိုက်ဆံဟာ ကုန်သလောက်နီးပါးဖြစ်လေ့ရှိပါတယ်။ လကုန်ရက်ရောက်လာတာနှင့် ပိုက်ဆံပြန်ချေးနေရပြီး အကြွေးသံသရာ လည်နေပါတော့တယ်။

ကျောင်းသားများဟာလည်း မိဘပို့လိုက်တဲ့ ပိုက်ဆံကို လောက်ငှအောင် မသုံးနိုင်ဘဲ အကြွေးသံသရာလည်လေ့ရှိကြပါတယ်။ လဆန်းရက်တွင် ပျော်ပျော်ပါးပါးသုံးဖြုန်းကာ ရက် ၂ဝကျော်လာတာနှင့် “ပြတ်တုန်းလပ်တုန်း ၂၃” ဖြစ်နေပါတော့တယ်။ အကြွေးတင်ရခြင်းရဲ့ အကြောင်းရင်းများကို ဆင်ခြင်ရအောင် ဖော်ပြလိုက်ရပါတယ်။

၁။ ငွေကြေးစီမံခန့်ခွဲမှုမရှိဘူး။

လစာထုတ်တာနှင့် “အဝတ်အစားဘယ်လောက်ဖိုး ဝယ်မယ်၊ ဘီယာသောက်မယ်” လို့သာ တွေးတောနေပြီး လစာဝင်ငွေကို ဘယ်လို အချိုးကျကျသုံးစွဲရမလဲဆိုတာ နားမလည်သေးတဲ့အတွက် ဖြစ်ပါတယ်။ လစာထုတ်ပြီဆိုတာနှင့် “ငါ့လစာဟာ ဘယ်လောက်ရတာ ၊  ဘယ်လောက်ပဲ သုံးသင့်တယ်” လို့ ချင့်ချိန်ပြီး အပိုသုံးလျှော့ချကာ တက်နိုင်သလောက် စုဆောင်းထားသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ဝန်ထမ်းတွေဟာ လစာရဲ့ ၂ဝရာခိုင်းနှုန်းကို စုဆောင်းထားသင့်ပါတယ်။

၂။ တကယ်မလိုအပ်သေးတာတွေကို ဝယ်တယ်။

ကိုယ့်အတွက် ရံဖန်ရံခါမှသာ အသုံးဝင်တဲ့ ပစ္စည်းတွေကို မဝယ်သင့်ပါဘူး။ မလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်နေရင်တော့ လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်ရောင်းရမယ်ဆိုတဲ့ နိယာမတရားကိုလည်း မမေ့သင့်ပါ။ မလိုအပ်ဘဲ နောက်ဆုံးပေါ် နည်းပညာပစ္စည်းများ၊ ဖက်ရှင်များကို မော်ဒယ်အသစ်ထွက်လာတိုင်း တစ်ခါဝယ်မယ်ဆိုလျင် အကြွေးသံသရာမှာ ဝဲလည်နေမှာ သေချာပါတယ်။ လစာထုတ်တာနဲ့  “iPhone 11 လည်း ဝယ်ချင်တယ် ၊ Samsung Galaxy Note 10 လေးလည်း ဝယ်ဦးမှ” ဟု တွေးတောနေရင်တော့ အကြွေးသံသရာမှာ ဝဲလည်နေတတ်ပါတယ်။ အရည်အသွေး မကောင်းလှပေမယ့် တံဆိပ်အရှိန်အဝါနှင့် ဈေးကြီးနေတဲ့ ကုန်ပစ္စည်းတွေကို မဝယ်ဘဲ ဈေးနှုန်းသင့်တင့်တဲ့ ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ ရှေ့နောက် မစဉ်းစားဘူး။

လကုန်ရက်တွင် ဖြစ်လာမယ့် ငွေကြေးအခက်အခဲကို မစဉ်းစားဘဲ လစာထုတ်ရက် ပိုက်ဆံရှိနေစဉ်မှာ လစာကို ဖြုန်းတီးပစ်ကြရင်လည်း အကြွေးသံသရာနစ်နေမှာဖြစ်ပါတယ်။ လဆန်းရက်တွင် ကိုယ့်အတွက် ဆပ်စရာရှိတဲ့ အကြွေးများကို မေ့လျော့နေတာလည်းဖြစ်ပါတယ်။ ငွေစ ရှိနေစဉ် လဆန်းရက်ပိုင်းအတွင်း အပျော်အပါးအတွက် အသုံးအစွဲကို မဆင်မခြင်သုံးရင်လည်း လကုန်ရက်တွင် “ခြေ မကိုင်မိ၊လက် မကိုင်မိ” ဖြစ်နေမှာဖြစ်ပါတယ်။

၄။ သူများဆီ ပိုက်ဆံချေးတာကို ရှက်စရာလို့ မမြင်ဘူး။

အကြွေးနွံနစ်နေပြီး လကုန်ရက်ပိုက်ဆံပြတ်လေ့ရှိတဲ့ သူတွေဟာ သူတစ်ပါးထံမှ ပိုက်ဆံချေးရတာကို ရှက်စရာလို့မမြင်ဘဲ နိစ္စဓူဝလုပ်ငန်းတစ်ခု လုပ်နေသဖွယ် ချေးငှားနေတတ်ပါတယ်။

ငွေကြေးကိစ္စ စုဆောင်းဖို့ ဆိုတာကို ယခုအချိန်တွင် စောသေးတယ်လို့ ထင်မြင်ပြီး “သေရင် ဘာမှကိုယ့်နောက်ပါတာ မဟုတ်ဖူး၊ အသက်ရှင်တုန်း သုံးဖြုန်းမယ်” လို့ ယူဆကာ သုံးဖြုန်းနေကြတဲ့သူတွေ ဖြစ်ပါတယ်။

Photo Credit

ကျော်စိုးအောင် (အခရာ)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle