အနာအဆာဖြစ်နေတဲ့ ကမ္ဘာကြီးကို လျှော့ချခြင်း နည်းလမ်းနဲ့ အရင်ကယ်တင်ရအောင်

အနာအဆာဖြစ်နေတဲ့ ကမ္ဘာကြီးကို လျှော့ချခြင်း နည်းလမ်းနဲ့ အရင်ကယ်တင်ရအောင်

ပရိသတ်ကြီး သိပါသလား။ ၂၀၀၉ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ ပလတ်စတစ်အမှိုက်တန်ပေါင်း သန်း ၃၀ ထွက်တယ်လို့ ဆိုပါတယ်။ နှစ်ပေါင်းထောင်ချီပြီး မဆွေးမြည့်နိုင်တဲ့ ဒီပလတ်စတစ်တွေဟာ ဘယ်ကိုရောက်ပြီး ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ မတွေးရဲစရာပါ။ ပင်လယ်သမုဒ္ဒရာ၊ မြေကြီးတွေထဲက အနှောင့်အယှက်ကြီးတစ်ခုအဖြစ် ခပ်ကြာကြာရှိနေမယ်ဆိုတာတော့ မလွဲမသွေပါပဲ။

သဘာဝကပေးတဲ့ လေလတ်လတ်ဆတ်ဆတ်ကို ရှူ၊ ရေသန့်ရေချိုလေးသောက်၊ သူ့ရဲ့အလှတွေအပေါ် ကောင်းကောင်းကြီးဇိမ်ရစ်ပြီးကာမှ ကိုယ်တွေအလွယ်လမ်းလိုက်လို့ ကမ္ဘာကြီးခမျာ တစ်နေ့တစ်ခြား ယိုယွင်းတဲ့ဒဏ်ကို ပြင်းပြင်းထန်ထန်ခံနေရအချိန်မှာတော့ ကိုယ်တွေဟာ သူ့ကို လျစ်လျူရှုမြဲ ရှုနေဆဲဆိုတာ သတိရမိပါသလား။

ဟိုတလောက မွန်ပြည်နယ်မှာ ရေကြီးတဲ့သတင်းတွေ ဂယက်ရိုက်နေချိန် လူမှုကွန်ရက်မှာ တက်လာတဲ့ ပုံတစ်ပုံတွေ့လိုက်ရပါတယ်။ ပုံကတော့ နိုင်ငံရပ်ခြားတစ်ခုရဲ့ ကမ်းခြေမှာ မုန်တိုင်းတိုက်အပြီး သောင်တင်ကျန်ရစ်နေတဲ့ အမှိုက်ပုံကြီးပါ။ လူတွေက အမှိုက်တွေ၊ မဆွေးမြည့်နိုင်တဲ့ ပလတ်စတစ်တွေကို သုံးချင်တိုင်းသုံး၊ ပစ်ချင်တိုင်းပစ်ပြီး အဲ့ဒီဟာကို ပြန်လာပေးတဲ့အခါ လက်မခံချင်ကြပါဘူး။ သဘာဝကြီးက လူတွေလို အသံထွက် စကားမပြောတတ်ပေမယ့် သူနာကျင်လာပြီဆိုရင်တော့ ဒုက္ခအကြီးအကျယ်တွေ့မှာ ကိုယ်တွေပဲ ဖြစ်ပါတယ်။

ပလတ်စတစ်ကို ရှောင်ကြဉ်ခြင်းရဲ့ ပထမဆုံးနည်းလမ်းက လျှော့ချပစ်တာပါ။ ဒီတော့ ပလတ်စတစ်ကို ကိုယ်တွေဘယ်လိုလျှော့သုံးကြမလဲ…

(၁) ပိုက်သုံးစွဲတာ ရပ်လိုက်ပါ
ခွက်တစ်ခုခု ဒါမှမဟုတ်ရင် ပုလင်းနဲ့ထည့်လာပေးမယ့် သောက်စရာတွေကို သီးသန့်ပိုက်တပ်ပြီး မသောက်လည်း ရပါတယ်။ အကယ်လို့ မွှေစရာရှိတယ်ဆိုရင်တောင်မှ ဇွန်းတစ်ခုခုအသုံးပြုပြီး မွှေလို့ရပါတယ်။ မဖြစ်မနေ ပိုက်သုံးရမယ်ဆိုရင်တောင် ပလတ်စတစ်အစားထိုး စတီးပိုက်၊ ဝါးပိုက်တွေ အသုံးပြုနိုင်ပါတယ်။ ဒီလိုမျိုး ပလတ်စတစ်ပိုက်သုံးစွဲမယ့်သူမရှိရင် ပိုက်ပေးမယ့်ဆိုင်တွေလည်း ရှိမှာမဟုတ်တော့ပါဘူး။

(၂) ပြန်လည်သုံးစွဲလို့ရတဲ့ အိတ်မျိုးပဲသုံးပါ
ပလတ်စတစ်အိတ်တစ်အိတ်က ပျက်စီးဖို့ နှစ် (၁၀၀၀) ကြာပါတယ်။ ပြန်လည်လျှော်ဖွတ်ပြီး သုံးစွဲလို့ရတဲ့ အိတ်မျိုးဝယ်တာပဲဖြစ်ဖြစ် ကိုယ်တိုင်ပြုလုပ်ပြီးဖြစ်ဖြစ် သုံးစွဲနိုင်ပါတယ်။

(၃) အကုန်အကျ သက်သာစေတဲ့ အခါခါပြန်သုံးလို့ရတဲ့ အိတ်နဲ့ဗူးတွေ
အစားအစာအခြောက်အခြမ်းဝယ်တဲ့အချိန်မှာ ပြန်သုံးလို့ရတဲ့အိတ်နဲ့ ဗူးတွေကိုသုံးတာက ပိုက်ဆံနဲ့ မလိုအပ်တဲ့ ထုပ်ပိုးမှှုကိုလျော့ကျစေပါတယ်။

(၄) ပြန်လည်အသုံးပြုနိုင်တဲ့ ဗူးနှင့် ခွက်ကို မမေ့ပါနဲ့
အအေးနဲ့ အဖျော်ယမကာတွေသောက်သုံးတဲ့အခါမှာ ပြန်သုံးရတဲ့ ဗူးနဲ့ ခွက်တွေကို အစားထိုး သုံးနိုင်ပါသေးတယ်။ နေ့လည်စာကိုလည်း တစ်ခါသုံးဗူးတွေနဲ့စားတာထက်စာရင် ပြန်လည်ဆေးကြောအသုံးပြုလို့ရတဲ့ ဗူးတွေနဲ့ထည့်ပြီး စားပေးမယ်ဆိုရင် ပလတ်စတစ်လျှော့ချမှှုအတွက် အထောက်အကူပြုပါတယ်။

(၅) ပါဆယ်ဆွဲချင်တယ်ဆိုရင် ထည့်ဖို့ဗူးယူလာပါ
စားသောက်ဆိုင်တော်တော်များများက ပါဆယ်ပွဲတွေအတွက်ဖော့ဗူးကိုအသုံးများပါတယ်။ အဲ့ဒါကြောင့် ကိုယ်တိုင်ဗူးလေးယူသွားရင်ပိုအဆင်ပြေပါလိမ့်မယ်။

(၆) ပလတ်စတစ်နဲ့ မထုပ်ခိုင်းပါနဲ့တော့
အိမ်သုံးပစ္စည်းအများစုက ပလတ်စတစ်ဖြစ်နေတာကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။ စားသောက်ဆိုင်တွေကိုလည်း ပလတ်စတစ်နဲ့ မထုပ်ခိုင်းပါနဲ့။

(၇) ကလေးသေးခံကိုပြောင်းသုံးပါ
EPA ရဲ့ တွက်ချက်မှှုအရ US မှာနှစ်စဉ်နှစ်တိုင်း ကလေးသေးခံ ပေါင် ၇.၆သန်း စွန့်ပစ်နေပါ။ ဒါ့ကြောင့် ကလေးသေးခံကို အဝတ်နဲ့ ပြောင်းသုံးပေးတာက ပိုက်ဆံသက်သာစေပြီး ကာဗွန်လျှော့ချရာလည်း ရောက်ပါတယ်။

(၈) အသင့်ဖျော်ရည်အဆီတွေကို ရှောင်ဝယ်ပါ
အသီးဖျော်ရည်သောက်ချင်ရင် အသီးကိုတိုက်ရိုက်ဖျော်သောက်တာမျိုးဒါမှမဟုတ် အသီးချည်းပဲ စားတာမျိုးက ပိုပြီးကျန်းမာစေတဲ့အပြင် ပတ်ဝန်းကျင်အတွက်လည်းကောင်းပါတယ်။

(၉) လဲလှယ်အသုံးပြုလို့ရတဲ့ ဘလိတ်ဓားကိုအသုံးပြုပါ
အသုံးပြုပြီးသား ဘလိတ်ဓားကိုလွှင့်ပစ်လို့ ရတဲ့ အမျိုးအစားကိုသုံးတာထက်စာရင် ပြန်လဲလှယ်အသုံးပြုလို့ရတဲ့အမျိုးအစားကိုအသုံးပြုပေးခြင်းကလည်း ပလတ်စတစ်လျှော့ချပေးနိုင်ပါတယ်။

ဒီထဲက တချို့အချက်တွေက ပလတ်စတစ်တွေ မရှိခဲ့တုန်းနဲ့ အခုချိန်လိုမျိုး ပလတ်စတစ်သုံးနှုန်းမတွင်ကျယ်တုန်းက အသုံးပြုခဲ့ကြတဲ့နည်းတွေပါ။ အရင်အချိန်တွေတုန်းကတောင် ပလတ်စတစ်နဲ့ကင်းကင်းနေခဲ့ဖူးတဲ့ လူ့ပတ်ဝန်းကျင်ရှိခဲ့ရင် အခုချိန်မှာလည်း ပလတ်စတစ်နဲ့ကင်းကွာလို့ရပါတယ်။ တစ်ယောက်တစ်လက်နဲ့ ကြိုးစားပြီး အားလုံးပြိုင်တူပါဝင်ရင် အနာအဆာတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်နိုင်ပါသေးတယ်။

Photo Credit

NSC

www.akhayar.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle