အနီးနားမှာတင်ရှိတဲ့ ပျော်ရွှင်မှုကို ဘယ်လိုချဉ်းကပ်မလဲ

အနီးနားမှာတင်ရှိတဲ့ ပျော်ရွှင်မှုကို ဘယ်လိုချဉ်းကပ်မလဲ

အနီးအနားမှာတင်ရှိတဲ့ ပျော်ရွှင်မှုကို သတိမမူ၊ ဂူမမြင်ဆိုသလို မေ့နေတတ်တာအမှန်ပါ။ ဒီလိုဆိုတော့ သူ့ကို ချဉ်းကပ်နိုင်မယ့်အချက်တွေက …

(၁) ကိုယ့်ကိုပျော်စေတဲ့အချက်တွေကို ချရေးပါ
ပိတ်မိနေတဲ့ တံခါးတွေကို ပွင့်စေနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ နေ့စဉ်ဘဝရဲ့အစိတ်အပိုင်း သေးသေးလေးတွေမှာတောင် မနှစ်မြို့တဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုချရေးပေးလိုက်တာက နေ့ရက်တိုင်းကို ဘယ်လိုဘယ်ပုံနဲ့ ဖြတ်သန်းရင် အဆင်ပြေမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ တွေ့ရှိမှာပါ။

(၂) နှစ်သက်ရာနောက်လိုက်ပါ
ပျော်ရွှင်မှုကိုရှာဖွေဖို့နဲ့ နှစ်သက်ရာနောက်ကိုလိုက်ပါဆိုတဲ့ အဓိပ္ပါယ်က တူမယောင်နဲ့ ကွဲခြားမှုတွေ ရှိပါတယ်။ နှစ်သက်ရာနောက်လိုက်ဖို့ဆိုတာ သင့်နှလုံးသားဆီက လာတဲ့အသံကို နားထောင်ဖို့ပါ။ ဒီလိုအသံတွေကိုနားထောင်ပေးတတ်ပြီဆိုရင်တော့ သင်ရှာနေတဲ့ ပျော်ရွှင်မှုကို တွေ့ဖို့ လမ်းစတွေ့ပြီလို့ ပြောလို့ရပါတယ်။

(၃) တစ်စုံတစ်ယောက်ကို ချစ်ပါ
ပျော်ဖို့အတွက်ဆိုရင်တော့ သင်ဟာချစ်တတ်ဖို့လည်း လိုပါတယ်။ “Two is Better than One”ဆိုတဲ့ စကားလိုပါပဲ။ တစ်ယောက်တည်းနေတာထက်စာရင် တစ်စုံတစ်ယောက်အပေါ် ကိုယ့်ချစ်ခြင်းတွေ ဝေမျှရင်း အေးအတူပူအမျှနေရတဲ့ အချိန်က ပိုပြီးပျော်ဖို့ကောင်းပါတယ်။ သင်ချစ်တဲ့သူက မိဘလည်းဖြစ်လို့ရသလို မောင်နှမ၊ ဆွေမျိုးသားချင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘက်က ဘာမှမမျှော်လင့်တဲ့ အချစ်မျိုးနဲ့ ဝေမျှပြီး ချစ်ပေးပါ။

(၄) ခွင့်လွှတ်ပေးပါ
ပြောတော့သာလွယ်ပြီး လုပ်ရအခက်ဆုံး အလုပ်တစ်ခုကို ပြောပါဆိုရင် ခွင့်လွှတ်ပေးတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တစ်ခုခုဆို အညှိုးအတေးထားတတ်သူအတွက်တော့ ပိုလို့တောင် မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် ကိုယ့်အပေါ်နာကျင်အောင် လုပ်သူတွေကို ဘာတစ်ခုမှမတုံ့ပြန်ဘဲ ခွင့်လွှတ်ပေးလိုက်တာက သင့်ရဲ့နာကျင်နေတဲ့စိတ်ကို ဆရာကောင်း၊ သမားကောင်းတစ်ယောက်က ကုသပေးသလို ပျောက်ကင်းစေတဲ့အထိ အစွမ်းထက်ပါလိမ့်မယ်။ ဒီအရာကခက်တာမို့ အတော်လေး ကြိုးစားအားထုတ်ရမှာဖြစ်ပေမယ့် စိတ်ထားတတ်သွားရင် အေးချမ်းသွားမှာ အသေအချာပါပဲနော်။

(၅) လက်ရှိအချိန်က တန်ဖိုးအရှိဆုံးပါ
လဲကျနေရင် ပြန်ထရမယ့် အချိန်က အတိတ်မှာလည်း ရှိမနေတော့သလို လာမယ့်အချိန်တစ်ခုခုမှဆိုရင်လည်း နောက်ကျသွားပါလိမ့်မယ်။ အခုချိန်က အကောင်းဆုံးဆိုတာကို သတိရပါ။ ဖြစ်ပြီးတာတွေက အတိတ်မှာပါ။ မဖြစ်သေးတဲ့ မနက်ဖြန်တွေကို တွေးမပူပါနဲ့။ နေ့မြင် ညပျောက်နေတဲ့ လောကကြီးမှာ လက်ရှိအချိန်ကို ပျော်ပျော်ကြီးနေပစ်လိုက်ပါ။

NSC (Akhayar)

www.akhayarmedia.com