ဘာလို့ Road Trip ထွက်သင့်တာလဲ

ဘာလို့ Road Trip ထွက်သင့်တာလဲ

ကိုယ်ကခရီးသွားရတာကို သိပ်သိပ်ကြိုက်တဲ့သူတစ်ယောက်ပါ။ လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ ခရီးတွေလည်းအများကြီးသွားခဲ့ဖူးပြီးပါပြီ။ ခရီးသွားခဲ့တဲ့အတွေ့အကြုံအရ သတိထားမိလာတာက ဘယ်နေရာကိုခရီးသွားပါစေ ကိုယ်ဘယ်သူနဲ့ဘယ်လိုသွားတယ်ဆိုတာက အရေးအကြီးဆုံးပဲဆိုတာကိုပါ။ ဘယ်လောက်လှပတဲ့နေရာကိုသွားသွား ကိုယ်နဲ့တွဲသွားတဲ့သူက သင့်တော်တဲ့သူမဟုတ်ဘူးဆိုရင် ပျော်နိုင်မှာမဟုတ်ပါဘူး။ ကိုယ်တွေခရီးသွားတဲ့အခါ ကိုယ်ပိုင်ကားနဲ့ကိုယ့်ဟာကိုယ် ကိုယ်သွားချင်တဲ့သူနဲ့ သိပ်မသွားဖြစ်ကြဘူးဆိုတာ အားလုံးလည်းလက်ခံမှာပါ။ ဒါကြောင့် ဘာလို့ Road Trip သွားတာက အရေးပါတယ်ဆိုတာကို ပြောပြချင်ပါတယ်။

ကိုယ့်ကားနဲ့ကိုယ် Road Trip သွားတာက

လွတ်လွတ်လပ်လပ်ရှိတယ်

Road Trip သွားသင့်တဲ့ အကြောင်းပြချက်တွေထဲက ငြင်းလို့မရတဲ့အကြောင်းပြချက်တစ်ခုက လွတ်လွတ်လပ်လပ်ရှိတာပါ။ ကိုယ့်ကားနဲ့ကိုယ်သွားတာမို့လို့ အချိန်ဇယားလည်း အတိအကျထားစရာမလိုဘူး။ ရပ်ချင်တဲ့အချိန် ရပ်ချင်တဲ့နေရာမှာရပ်လိုက်လို့ရတယ်။ ကိုယ်လုပ်ချင်တာကိုလုပ်လို့ရတယ်။ ပြောရရင် ကားမောင်းနေတုန်း ရှုခင်းအရမ်းလှတဲ့နေရာကိုတွေ့လို့ ဓာတ်ပုံဆင်းရိုက်ချင်လည်းရပါ့ ၊ ရှုခင်းလေးကိုခဏလောက်ခံစားကြည့်ချင်သပဆိုရင်လည်း ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုဘဲ ကားကိုလမ်းဘေးထိုးရပ်လိုက်လို့ရတယ်။ ခရီးစဉ်ကိုလည်းစိတ်ကြိုက်ပြောင်းလို့ရတယ်။ ဥပမာ သွားတုန်းကတော့ ချောင်းသာကိုသွားနေတယ် ၊ လမ်းတစ်ဝက်မှာစိတ်ပြောင်းသွားလို့ ပင်လယ်ဘက်မဒိုးဘဲ တောင်ပေါ်ကိုသွားချင်တယ်ဆိုလည်း ကားကိုလမ်းကြောင်းပြောင်းပြီး မောင်းလိုက်ရုံပဲ။ သိပ်သာယာတယ်။

စိတ်ဓာတ်အရမ်းတက်ကြွလို့ ကောက်ကာငင်ကာဆုံးဖြတ်နိုင်တယ်

Road Trip သွားတဲ့အခါ လမ်းမှာဖြစ်နိုင်တာနှစ်ခုရှိတယ် –

ကိုယ်က ကားမောင်းနေရင်းနဲ့ ဘေးမှာထိုင်နေတဲ့ ကိုယ့်ရဲ့ဘော်ဒါကြီးက စိတ်ဝင်စားဖို့ကောင်းတဲ့ Road Sign တစ်ခုကိုတွေ့သွားတယ်ပေါ့။ အဲဒီမှာသူက အဲဒါဘာလဲမသိဘူး သွားမကြည့်ချင်ဘူးလားဆိုပြီး စကားစလာတာနဲ့ ကိုယ်ကလည်းနှစ်ခါမမေးရဘူး ၊ လိုက်သွားတယ် ၊ သွားကြည့်လိုက်တယ်။ စိတ်ကူးပေါက်ရင် သွားမယ့်ခရီးကတောင် လမ်းကြောင်းပြောင်းပြီး အဲဒီ Road Sign နောက်ကိုလိုက်သွားတာတွေ ဖြစ်သွားနိုင်တယ်။

နောက်တစ်ခုက ခရီးလမ်းတစ်ဝက်မှာနားရင်းနဲ့ လမ်းမှာတွေ့တဲ့ခရီးသွားဖော်တစ်ယောက်နဲ့ စကားတွေဘာတွေစပ်မိလို့ သူတို့ကလည်လို့ပတ်လို့ကောင်းပါတယ်လို့ လမ်းညွှန်တဲ့နေရာကို သွားချင်တဲ့စိတ်တွေပေါ်သွားတာဖြစ်တယ်။ ကိုယ်ပိုင် Road Trip ဖြစ်တာကြောင့် ကိုယ့်ဆုံးဖြတ်ချက်အတိုင်း လိုရာကိုကြွမြန်းနိုင်တယ်လေ။

ကြိုက်တဲ့သီချင်းနားထောင်ပြီး အော်ဟစ်သီဆိုရင်း ခရီးသွားနိုင်တယ်

Highway ကားတွေမှာလို ဗမာကားတွေကိုမကြည့်ချင်လည်း ထိုင်ကြည့်ရတဲ့အဖြစ်မျိုး Road Trip သွားတဲ့အခါ လုံးဝဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့သီချင်းကို မိုင်ကုန်ဖွင့်ပြီး လူသူမဲ့တဲ့ကားလမ်းမကြီးပေါ်မှာ ဘယ်သူ့ကိုမှအားနာစရာမလိုဘဲ အော်ဟစ်သီဆိုရင်းခရီးသွားရတဲ့ Feeling က Road Trip သွားမှ ရတာပါနော်။

Road Trip ဆိုတာ Adventure တစ်ခုပါ

ကိုယ်တွေဘဝမှာ Adventure တွေ အမှန်တကယ်လိုအပ်ပါတယ်။ Road Trip သွားတဲ့အခါ ဖြစ်နိုင်ရင် ဘာကိုမှကြိုတင်ပြင်ဆင်မထားပါနဲ့။ စိတ်ကူးတည့်ရာကို GPS လေးကြည့်ပြီး မောင်းသွားလိုက်ပါ။ ဘဝကိုလွတ်လွတ်လပ်လပ် တစ်ခါလောက်ပဲရှင်သန်ကြည့်ပါ။ Road Trip ဆိုတာက ပျော်ပျော်ပါးပါးခရီးသွားရင်း ရပ်ချင်တဲ့နေရာမှာရပ်မယ် ၊ ခရီးသွားတဲ့သူငယ်ချင်းအချင်းချင်း Prank တွေလုပ်မယ် ၊ လှလွန်းတဲ့ရှုခင်းတွေကိုခံစားပြီး Camp တွေထိုးပြီး နေရင်နေလိုက်မယ်။ ဒါ Road Trip ပါ။ ပြောရရင် Adventure ခရီးစဉ်တစ်ခုနဲ့ တူတူပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲကိုယ့်သဘောနဲ့ကိုယ်သွားလို့ရတဲ့ Trip မျိုးဖြစ်နေပါစေ ၊ Trip ဆိုတဲ့အတိုင်း လမ်းမှာတစ်မြို့ဝင်တစ်မြို့ထွက် စားနပ်ရိက္ခာဝယ်တာအတွက်တော့ ပိုက်ဆံကလိုပါတယ်။ ဖြစ်နိုင်ရင်တော့ Road Trip သွားတဲ့အခါ ATM Card တွေ ဆောင်သွားတာ ပိုသင့်တော်ပါလိမ့်မယ်။ လမ်းမှာပိုက်ဆံထုပ်ကြီးပိုက်ပြီး ခရီးသွားတာက နည်းနည်းတော့အန္တရာယ်ရှိတယ်လေ။ Union Pay Card လို Card မျိုးဆောင်ထားမယ်ဆိုရင် ဘယ်နေရာကိုရောက်နေပါစေ လွယ်လွယ်ကူကူငွေထုတ်ယူသုံးစွဲလို့ရတာပေါ့။ ဒါကြောင့် Cash လည်းဆောင် Card လည်းဆောင်ရင်း ပျော်ပျော်ပါးပါး Road Trip ထွက်ကြစို့နော်။

Photo Credit

Piki (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ