ဘာပစ္စည်းမှမဝယ်ခင် မဖြစ်မနေစဉ်းစားသင့်တာ ဘာတွေလဲ

ဘာပစ္စည်းမှမဝယ်ခင် မဖြစ်မနေစဉ်းစားသင့်တာ ဘာတွေလဲ

ပစ္စည်းမဝယ်ခင် စဉ်းစားဖို့လိုတယ်လို့ ပြောရင် လက်ခံကြမှာလား။ ပစ္စည်းတစ်ခုဝယ်ဖို့အရေး ဈေးကြီးပြီး ဝန်များတာလည်းမဟုတ်ဘဲနဲ့ သေးသေးလေးကအစ လိုက်ပြီး စဉ်းစားကြဖို့ တိုက်တွန်းရင် လက်မခံချင်ကြဘူးမှန်းတော့ သိပါတယ်။ ဒါပေမယ့် လက်ခံရပါမယ်။ မျက်လုံးစုံမှိတ်ပြီးတော့ လက်ခံခိုင်းနေတာမဟုတ်ပါဘူး။ လက်ခံသင့်တဲ့အကြောင်းပြချက်တွေ ပြောပြပေးမှာပါ။ ဒီအကြောင်းပြချက်တွေကို နားထောင်ပြီးတော့မှ လိုက်လုပ်သင့်၊ မလုပ်သင့် ချင့်ချိန်ကြပေါ့နော်။

လိုအပ်လား၊ မလိုအပ်ဘူးလား ??
ပထမဆုံး ဘာကိုစဉ်းစားရမလဲဆိုတော့ ကြော်ငြာကောင်းတိုင်း၊ လူတကာသုံးတိုင်း လိုက်ဝယ်ဖို့ မလိုအပ်ဘဲ ကိုယ့်အတွက် တကယ် လိုအပ်လား၊ မလိုအပ်လားအပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ်ဖို့ပါပဲ။ ကိုယ်က အရမ်းလိုချင်နေတဲ့ပစ္စည်းတစ်ခုဟာ တစ်ခါတလေ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းဖြစ်နေတတ်ပါတယ်။ အဲဒီ့အခါ အချိန်ကြာကြာလည်း မသုံးဖြစ်ဘဲ ခဏလေးနဲ့ ဘေးရောက်သွားတော့တာပါပဲ။ ဈေးကြီးတဲ့ပစ္စည်းတွေဆို ပိုလို့တောင် စဉ်းစားရပါလိမ့်မယ်။ ဥပမာဆိုရင် ကိုယ့်မှာ အမြဲလိမ်းနေကျ အကြိုက်တွေ့တဲ့ Foundation ရှိနေလျှက်သားနဲ့ နာမည်ကြီး Foundation တစ်ခုကို မလိုအပ်ဘဲ ထပ်ဝယ်မိမယ်ဆိုရင် ဟိုဟာလည်း မကုန်၊ ဒီဟာလည်း ကျန်နဲ့ အလဟသတ်ဖြစ်ကုန်တော့မှာပါ။

အသုံးဝင်လား၊ အသုံးမဝင်ဘူးလား ??
တစ်ခါတလေ လိုအပ်သလိုလိုတော့ ရှိသား။ ဒါပေမယ့် တကယ်တမ်းဝယ်သုံးကြည့်တော့ အသုံးမဝင်ဘူးဖြစ်နေတယ်။ ဒါမျိုးပြဿနာတွေ ခဏခဏဖြစ်ပါတယ်နော်။ လိုအပ်တယ်၊ လိုချင်တယ်ဆိုပေမယ့် အသုံးမဝင်တဲ့ပစ္စည်းတစ်ခုဖြစ်နေရင်တော့ ငွေကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။ ဥပမာ ကိုယ့်အတွက် မရှိလို့ လိုအပ်နေတယ်ဆိုပြီး ခရီးဆောင်အိတ်ကောင်းကောင်းတစ်အိတ်ဝယ်လိုက်မိပေမယ့် အမြဲတမ်းခရီးထွက်နေတတ်တဲ့လူမျိုးမဟုတ်တော့ လိုအပ်ပေမယ့်လည်း ရံဖန်ရံခါမှပဲ အသုံးပြုဖြစ်တော့ ထင်သလောက် အသုံးမဝင်ဘူးပေါ့။ ဒီလိုပစ္စည်းမျိုးတွေဆိုရင်တော့ ဝယ်လိုက်ပါ။ ဒါပေမယ့် သက်သာပြီး တာရှည်ခံမယ့်ပစ္စည်းကိုပဲ ရွေးချယ်ပါ။

လိုချင်လား၊ မလိုချင်ဘူးလား ??
သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ Shopping ထွက်တဲ့အခါ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ဒုက္ခပါပဲ။ လိုအပ်တာတွေ၊ အသုံးဝင်တာတွေ မတွေးပါနဲ့ဦး။ ဈေးကြီးလို့ပဲဖြစ်ဖြစ်၊ မကြိုက်လို့ပဲဖြစ်ဖြစ် အဲဒီ့ပစ္စည်းတစ်ခုကို မဝယ်ချင်ပေမယ့် အားလုံးက တစ်ယောက်တစ်ခုဝယ်ကြတော့ လူတန်းစေ့အောင် အားနာနာနဲ့ ဝယ်လိုက်ရတာမျိုးရှိပါတယ်။ ဒါပေမယ့် တကယ်မလိုချင်တော့ ချောင်ထိုးထားမိကြပြန်ရော။ ဥပမာ သူငယ်ချင်းတွေနဲ့ မုန့်သွားစားရင်း အားလုံး ပါဆယ်ယူကြတဲ့မုန့်တစ်ခုခုကို ကိုယ်လည်း မကောင်းတတ်လို့ ပါဆယ်ဆွဲလာရပြီးမှ မစားချင်လို့ အိမ်မှာပစ်ထားလိုက်ပေါင်းများပါပြီ။

သင့်တော်လား၊ မသင့်တော်ဘူးလား ??
လူတိုင်းဟာ အကောင်းဆုံးတွေကိုချည်း လိုချင်ကြတာပါပဲ။ ကိုယ်လည်း လိုချင်တယ်။ ရှင်တို့လည်း လိုချင်ကြမှာပါပဲ။ ဒါပေမယ့် ဒီနေရာမှာ ကိုယ့်ရဲ့ ဝင်ငွေ၊ လုပ်ငန်းခွင်၊ မိသားစုအခြေအနေနဲ့ နှိုင်းယှဉ်စဉ်းစားရပါတော့မယ်။ ဥပမာဆိုရင် နောက်ဆုံးပေါ် iPhone တစ်လုံးဆိုရင် ကိုင်ချင်ကြတဲ့သူတွေချည်းပါပဲ။ မလိုချင်တဲ့လူမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ ဝင်ငွေက သာမန် ဝန်ထမ်းတစ်ဦးဆိုရင်တော့ တစ်နှစ်လောက် အကြွေးတင်ခံပြီး အဲဒီ့ iPhone ကို ဝယ်ကိုင်လိုက်ဖို့ မသင့်တော်ပါဘူး။

ဒီလေးချက်ဟာ ဈေးဝယ်ဖို့စဉ်းစားတိုင်း ဟင်းသီးဟင်းရွက်ကနေစလို့ တန်ဖိုးကြီးပစ္စည်းတွေအထိ အလေအလွင့်မဖြစ်ရလေအောင် စဉ်းစားရွေးချယ်သင့်တဲ့ အကြောင်းပြချက်လေးချက်ပါ။ ဒီအချက်တွေထဲက အနည်းဆုံး (၃)ချက်လောက်နဲ့ ကိုက်ညီတယ်ဆိုရင်တော့ ပျော်ပျော်ကြီး ဝယ်လိုက်လို့ အဆင်ပြေပါတယ်။ မဟုတ်ရင်တော့ ငွေကို အလကားသုံးနေပြီး အမျှော်အမြင်မရှိတဲ့သူတစ်ယောက်ဖြစ်နေပါလိမ့်မယ်နော်။

Moethaesay (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle