ဘဝကကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အချိန်တွေမှာ ဒါတွေကိုသတိရပါ

ဘဝကကိုယ်မျှော်လင့်သလို ဖြစ်မလာတဲ့အချိန်တွေမှာ ဒါတွေကိုသတိရပါ

ဘဝဆိုတာ ဆူးခင်းထားတဲ့လမ်းလေးပေါ့။ သက်သက်သာသာနေရတဲ့ရက်ဆိုတာက ၁ဝဝ မှာ ၁ ရက်ပဲရှိတယ်လို့တောင် ပြောလို့ရတယ်။ ဘဝမှာဆိုးရွားတာတွေဖြစ်သလို ကောင်းမွန်တာတွေလည်း ထပ်တူထပ်မ ျှဖြစ်ပါတယ်။ ဒါပေမယ့် လူတွေမှာလေ…..အကောင်းမြင်တတ်တဲ့စိတ်ဆိုတာ မွေးကတည်းက ချို့တဲ့နေတာလား မသိဘူး။ အဆိုးတစ်ခုဖြစ်တာနဲ့ ဘဝပျက်တော့မလို ခံစားကြတယ်။ ဒီလိုခံစားချက်တွေက ကိုယ့်ကိုပဲပြန်ထိခိုက်တာကိုလည်း သိကြတယ်။ သိရဲ့သားနဲ့ ဆက်ပြီးခံစားနေတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ကိစ္စတွေက ကိုယ်မေ ျှာ်လင့်သလိုမဖြစ်လာတာကများပါတယ်။ ဒါကြောင့် မေ ျှာ်လင့်ထားသလိုမဖြစ်တဲ့ အခိုက်အတန့်တွေမှာ

ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ

ကိုယ်သိထားဖို့က ကိုယ့်မှာဘယ်လိုပြဿနာတွေဖြစ်နေပါစေ ကိုယ်တစ်ယောက်တည်းပြဿနာတွေရင်ဆိုင်နေရတာ မဟုတ်ဘူးဆိုတာပါ။ လူသားတွေကဒီကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်နေထိုင်လာတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ဒီနှစ်တွေကြားမှာ အဝတ်အစားတွေ ၊ ယဉ်ကျေးမှုတွေ ၊ ခံယူချက်တွေသာ ပြောင်းလဲရင်ပြောင်းလဲသွားလိမ့်မယ် လူတွေရင်ဆိုင်ရတဲ့ ပြဿနာတွေကတော့ မပြောင်းလဲသွားပါဘူး။ Shakespeare ရဲ့ Julius Caesar ပြဇာတ်မှာဆိုရင် Brutus က သူငယ်ချင်းနောက်ကျောကို ဓားနဲ့ထိုးသလိုပဲ အခုခေတ်မှာလည်း ကိုယ့်သူငယ်ချင်းက ကိုယ့်ဘဲကိုစနှိုက်ကျော်တာတွေရှိတာပဲ။ ပြောချင်တဲ့သဘောက ကိုယ်အခုကြုံနေရတဲ့ပြဿနာတွေဆိုတာ အရင်ကလူတွေလည်းကြုံခဲ့ရပြီးသား ကြုံတဲ့ပုံစံချင်းကွာတာပဲရှိတာပါ။ မကောင်းတဲ့အရာတွေဆိုတာ တစ်ချိန်လုံးဖြစ်နေတာ ၊ အရင်ကလည်းဖြစ်တယ် ၊ အခုလည်းဖြစ်တယ် ၊ နောက်လည်းဖြစ်နေဦးမှာပဲ။ ဒါကြောင့်မို့လို့ ဒီလိုအဖြစ်အပျက်တွေနဲ့ကြုံလာတိုင်း စိတ်ဓာတ်ကျပြီးမှုန်ကုတ်မနေဘဲ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာသတိရပြီး ဘဝကိုရှေ့ဆက်လေ ျှာက်လှမ်းပါ။

ရှုံးနိမ့်မှုတွေကနေသင်ယူဖို့ သတိရပါ

ကိုယ့်အလုပ်ခွင်မှာ အမှားလုပ်မိတာပဲဖြစ်ဖြစ် ၊ ပိုက်ဆံတွေဆုံးရှုံးသွားအောင် မေ့လေ ျာ့သွားတာပဲဖြစ်ဖြစ် ၊ စာကောင်းကောင်းမလုပ်လို့ စာမေးပွဲကျတာပဲဖြစ်ဖြစ် မင်းအမြဲသတိရနေဖို့က ရှုံးနိမ့်မှုကနေ ဘာမှမသင်ယူသရွေ့ ရှုံးနိမ့်မှုက ရှုံးနိမ့်မှုပဲဖြစ်နေဦးမှာပဲ။ ပြောရရင် တကယ့်အောင်မြင်ကျော်ကြားတဲ့ တီထွင်မှုတွေ ၊ ရှာဖွေတွေ့ရှိမှုတွေရဲ့ နောက်ကွယ်မှာ အစပိုင်းဝက်ဝက်ကွဲကျရှုံးမှုတွေရှိခဲ့တာပါ။ ရှုံးနိမ့်မှုဆိုတာ လူတိုင်းကြုံရမှာပဲ။ ရှုံးနိမ့်လို့ဆိုပြီး လက်လေ ျှာ့လိုက်တာက ကိုယ့်ကိုဘယ်ကိုမှ မခေါ်ဆောင်သွားနိုင်ဘူး။ ဒါကြောင့်ဘဝမှာကိုယ်မေ ျှာ်လင့်သလို မဖြစ်ဘဲ ရှုံးနိမ့်မှုတွေပဲကြုံနေရရင် Thomas Edison ကို သတိရပါ။ အကြိမ်ပေါင်းများစွာကြိုးစားနေမှ ရှုံးနိမ့်မှုကနေ အောင်မြင်မှုကို လေ ျှာက်လှမ်းနိုင်မယ်ဆိုတာကို သတိရပါ။

ဘဝရဲ့မှောင်မိုက်တဲ့အခိုက်အတန့်တွေကို အသုံးချပြီး ကိုယ်ဘယ်သူဆိုတာကို သိအောင်လုပ်ဖို့ သတိရပါ

တော်တော်များများကပြောကြတယ်။ လူတွေဆိုတာ ရင်ဆိုင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမှ ကိုယ့်ရဲ့ဖြစ်တည်မှု ၊ ကိုယ့်ရဲ့ပုံသဏ္ဍာန်အမှန်ကို သိကြတာတဲ့။ ဘဝကကိုယ်မေ ျှာ်လင့်ထားသလို ဖြစ်မလာတဲ့အခါတိုင်းမှာတော့ လူတိုင်းခံစားကြရမှာပဲ။ စိတ်ဓာတ်တွေကျမယ် ၊ ဝမ်းနည်းမယ် ၊ ပင်ပန်းမယ် ၊ ဒေါသတွေထွက်မယ်။ ဒါကိုကျော်ဖြတ်နိုင်တဲ့နည်းက ဒီအချိန်ကိုအသုံးချပြီးတော့ ကိုယ့်ရဲ့နာကျင်မှုကို အားအင်အဖြစ်ပြောင်းလိုက်ဖို့ပါပဲ။ အချိန်ကလည်းကုစားသွားမှာပါ။ ဒါပေမယ့်ဒီလိုအခိုက်အတန့်နဲ့အတွေ့အကြုံကို အကောင်းဖက်ကနေ အသုံးချကြည့်မယ်ဆိုရင် ကိုယ်ရဲ့ဖြစ်တည်မှုကိုပါ ပြောင်းလဲပေးနိုင်ပြီး ဘဝရဲ့အနာဂတ်မှာရင်ဆိုင်ရမယ့် နာကျင်မှုတွေကိုပါ အေးအေးဆေးဆေး ကျော်ဖြတ်နိုင်ဖို့ အလေ့အကျင့်တစ်ခုပျိုးထောင်ပေးနိုင်ပါတယ်။

အရေးကြီးတဲ့အရာကိုပဲ အာရုံစိုက်ဖို့ သတိရပါ

တစ်ခါတလေမှာလေ ကိစ္စတွေဆိုတာ ဖြစ်သင့်တဲ့အတိုင်းဖြစ်ကို မဖြစ်တာပါ။ မတော်တဆဆိုတာလည်း ဖြစ်ချင်လို့ကိုဖြစ်တာ ၊ တစ်ခါတလေ ကိုယ်မေ ျှာ်လင့်ထားသလို ကိုယ်ကိုယ်တိုင်ကဖြစ်မလာဘူး။ သူများမေ ျှာ်လင့်ထားသလောက်လည်း ကိုယ်ကမစွမ်းဆောင်နိုင်ဘူးဆိုတာတွေလည်းရှိတာပဲ။ ဒါပေမယ့်ဒီလိုအရာတွေက ကိုယ့်ရဲ့သာယာတဲ့ဘဝနေထိုင်မှုလေးကို တားဆီးခွင့်တော့ မပေးသင့်ပါဘူး။ Alexander Graham Bell ပြောသလိုပြောရမယ်ဆိုရင် တံခါးတစ်ချပ်ပိတ်နေရင်တောင် နောက်တစ်ချပ်ကပွင့်မှာပဲ ၊ ဒါပေမယ့်ငါတို့တွေက ပိတ်နေတဲ့တံခါးကိုပဲ နောင်တတွေတသီကြီးနဲ့ အကြာကြီးကြည့်နေကြလို့ ငါတို့အတွက်ပွင့်လာတဲ့တံခါးကို မမြင်ကြဘူး။ ဒါကြောင့်ဘဝမှာအရေးကြီးတဲ့အရာကိုပဲ အာရုံစိုက်ကြပါ။ ပြဿနာတွေဖြစ်နေရင်တောင် ကိုယ့်မှာဂရုစိုက်ပေးမယ့် မိသားစုတွေ ၊ သူငယ်ချင်းတွေရှိတယ်ဆိုတာကို အာရုံစိုက်လိုက်ပါ။ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ကိုယ့်ရဲ့အချစ်ရေးကို ခိုင်မာအောင်လုပ်ပါ။ အချိန်တန်ရင်ပြဿနာတွေက ပြီးသွားမှာပါ။ ကိုယ့်အတွက်နောက်တံခါးတစ်ချပ်က ပွင့်လာမှာဖြစ်ပြီးတော့ ဒီပိတ်နေတဲ့ပြဿနာတံခါးက အတိတ်ရဲ့အငွေ့အသက်အဖြစ်ကျန်ခဲ့မှာပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ သတိရပါ

ဘဝက ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါတွေမှာ ယုံကြည်ချက်တွေကိ ပျောက်ဆုံးဖို့ အရမ်းကိုလွယ်ပါတယ်။ အဲဒီလိုအချိန်တွေမှာ ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေ ၊ ကိုယ့်ရဲ့အရည်အချင်းတွေကို မေးခွန်းထုတ်လာတတ်ပြီး ကိုယ့်ရဲ့အားနည်းချက်တွေအကြောင်းကို ပိုပိုပြီးတွေးမိလာပါတယ်။ ကိုယ်မလုပ်နိုင်တာတွေကို တွေးရင်းတွေးရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေက အဝီစိထိထိုးစိုက်ကုန်ကျတယ်။ အဲဒီလိုဖြစ်နေပြီဆိုရင် အတွေးမှာလွင့်နေတာကနေ သတိရတော့ နိုးထတော့လို့ ပြောချင်ပါတယ်။ မြန်မြန်သတိရပြီးရုန်းထွက်နိုင်လေကောင်းလေပါပဲ။ ဘဝကချောင်ပိတ်ရိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့အားသာချက်တွေကို ရှာဖွေပါ။ ကိုယ်ဘယ်အရာမှာကောင်းတယ်ဆိုတာကိုအာရုံစိုက်ပြီး မကောင်းတဲ့အတွေးတွေက ရုန်းထွက်လိုက်ပြီး ဘဝကိုရှေ့ဆက်ဖို့ အကြံပေးချင်ပါတယ်။

Photo Credit

Source: Code of Living

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle