စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကိုသိရင်ပဲ အဆင်ပြေပါတယ်

စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့ ဒီအချက်တွေကိုသိရင်ပဲ အဆင်ပြေပါတယ်

ဒီခေတ်ကြီးမှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အရမ်းများလာပါပြီ။ ဒါကြောင့်မို့လို့ ခုခေတ်လူငယ်တွေကလည်း အလုပ်အကိုင်ကောင်းကောင်းလိုချင်တယ်ဆိုတဲ့ ရည်မှန်းချက်တွေနဲ့ ကျောင်းကောင်းကောင်းတွေမှာ ပညာတွေအသည်းအသန် သင်ယူနေကြပါတယ်။ ဒါပေမယ့် အားလုံးလည်း မျက်မြင်ကိုယ်တွေ့ဖြစ်နေတဲ့အရာတစ်ခုက ကျောင်းပြီးလို့ ဘွဲ့တွေရတယ်ထားဦး ၊ အဲဒီဘွဲ့ကိုဗန်းပြပြီး အလုပ်ကောင်းကောင်းရမယ်လို့ မထင်လိုက်ပါနဲ့။ ဒီနေ့ခေတ်ကြီးမှာ အလုပ်ရှင်တွေက ဘွဲ့တစ်ခုတည်းကိုပဲ ကြည့်တော့တာမဟုတ်ပါဘူး။ ဘက်စုံကိုခြုံပြီးကြည့်တာပါ။

ဒီလိုပဲ ကိုယ်က “ငါသူများလက်အောက်မှာ အလုပ်မလုပ်ချင်ဘူး ကိုယ်ပိုင်လုပ်ငန်းပဲထောင်မယ်”ဆိုပြီး စိတ်ကူးထားတယ်ပေါ့။ အဲဒီလိုစိတ်ကူးရှိလို့ ဘွဲ့ရထားမှဖြစ်မယ် ၊ ပညာတတ်မှဖြစ်မယ်လို့ တထစ်ချတည်းမတွေးပါနဲ့တော့။ နာမည်ကြီးပါပေ့ဆိုတဲ့ တီထွင်သူတွေထဲမှာတောင် ကျောင်းမပြီးတဲ့သူတွေ အများကြီးပဲလေ။ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ဖို့အတွက် ဘွဲ့ထက်ပိုအရေးကြီးတာတွေက

အလုပ်ကြိုးစားချင်စိတ်ရှိရမယ်
ဘယ်အရာမဆို ကြိုးစားချင်စိတ်ရှိရင် ဖြစ်ကိုဖြစ်ပါတယ်။ စွန့်ဦးတီထွင်သူဖြစ်ချင်တယ်မလား။ အလုပ်ကိုခါတိုင်းလုပ်နေကျနှုန်းတဲ့ နှစ်ဆလုပ် ၊ သုံးဆလုပ်။ စွန့်ဦးတီထွင်သူတွေက သူတို့လုပ်ငန်းမအောင်မြင်ခင်မှာ အချိန်တွေအများကြီး ပေးဆပ်ကြတယ်။ အလုပ်ကလွဲရင် ကျန်တာဘာမှဂရုမစိုက်တော့လောက်တဲ့အထိ အလုပ်ကိုရေကုန်ရေခမ်းလုပ်တယ်။ ကိုယ်ကလည်း စွန့်ဦးတီထွင်သူဖြစ်ချင်တယ်ဆိုရင် အလုပ်ကိုကြိုးစားလုပ်ရမယ်။

လုပ်ရဲကိုင်ရဲစွန့်လွှတ်ရဲရမယ်
ဘယ်အရာမဆို ပထမစစလုပ်တဲ့အချိန်မှာ တစ်ခါတည်း အောင်မြင်သွားတယ်ဆိုတာ မရှိပါဘူး။ စစချင်းမှာ မှားသွားတာတွေရှိမယ်။ ကျရှုံးတာတွေရှိမယ်။ ဒါတွေကိုကြောက်လို့ မစမ်းသပ်တော့ဘူးဆိုရင် ဘယ်တော့မှ စွန့်ဦးတီထွင်သူဖြစ်လာမှာမဟုတ်ပါဘူး။

Backup Plan မထားနဲ့
စွန့်ဦးတီထွင်သူဖြစ်ချင်ရင် အဓိကအချက်က Backup Plan မထားဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဒါသာအလုပ်မဖြစ်ရင် ဒီလိုလုပ်မယ်ဆိုတဲ့ အတွေးတွေထားတာက ကိုယ့်ကိုနောက်ပြန်ဆွဲထားသလိုဖြစ်တယ် ၊ ကိုယ်လုပ်နိုင်တယ်ဆိုတာကို အပြည့်အဝယုံကြည်စိတ် လျော့ကျစေတယ်။ စွန့်ဦးတီထွင်သူဖြစ်ချင်တယ်ဆိုရင် လူရောစိတ်ရောအပြည့်အဝမြှုပ်နှံရမှာပါ။

လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံတတ်အောင်နေပါ
စွန့်ဦးတီထွင်သူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို တည်ထောင်မယ်ဆိုရင် ကိုယ့်လုပ်ငန်းလူသိလာအောင် ကိုယ်သိတဲ့သူတွေနဲ့ရော မသိတဲ့သူတွေနဲ့ရော စကားပြောဆက်ဆံရမှာပါ။ အဲဒီအချိန်မှာ ပင်ကိုယ်ကအေးအေးနေတတ်တယ်ဆိုရင်တောင် ကိုယ့်ရဲ့ဗီဇကိုပြောင်းသင့်ရင်ပြောင်းတာတို့ လုပ်ရမှာပါ။ ဒါကြောင့် လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် လေ့ကျင့်ထားရမယ်။

အမြဲတမ်းလေ့လာသင်ယူနေရမယ်
စွန့်ဦးတီထွင်သူဆိုတဲ့အတိုင်း ကိုယ်ကအရာရာကို သိနေရင်ပိုပြီးတော့ ထူးခြားတဲ့ ပိုကောင်းတဲ့လုပ်ငန်းမျိုးကို တည်ထောင်နိုင်မယ်။ တကယ်လို့ ကိုယ့်မှာကိုယ်ပိုင်လုပ်ငန်းရှိနေပြီဆိုရင်လည်း ကိုယ့်လုပ်ငန်းကို ဒီထက်ပိုပြီးတိုးတက်အောင် ၊ လူကြိုက်များအောင်လုပ်ရမှာဖြစ်လို့ အမြဲဗဟုသုတစုံလင်တဲ့သူဖြစ်အောင် လုပ်ရပါမယ်။

ကိစ္စသေးသေးလေးတွေကို စိတ်ထဲမထည့်ပါနဲ့
ဒါကအောင်မြင်တဲ့သူတိုင်း သိထားတဲ့အချက်ပါ။ အရာရာကိုလိုက်ပြီး စိတ်ပူနေရရင် အလုပ်တွင်မှာ မဟုတ်ပါဘူး။ အရေးကြီးတဲ့အချက်တွေကိုပဲ စိတ်ထဲမှာထားဖို့က စွန့်ဦးတီထွင်သူတစ်ယောက်ရဲ့ လိုအပ်ချက်တစ်ခုပါပဲ။

နောင်တမရနဲ့
လုပ်ငန်းတစ်ခုကို တည်ထောင်တဲ့အခါမှာ အလွဲတွေအမှားတွေ ၊ ကျရှုံးမှုတွေရှိကိုရှိမှာပါ။ အဲဒီလိုတွေဖြစ်ရင် ကိုယ့်ရဲ့အမှားကနေသင်ယူပြီး ရှေ့ဆက်ရမှာပါ။ ဒီအမှားကိုတသသနဲ့ နောင်တတွေရနေရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။

နောက်ဆုံးအနေနဲ့ကတော့ ကိုယ်လုပ်တဲ့အရာကို ကိုယ်ချစ်ဖို့ပါပဲ။ ဘယ်အရာမဆို ကိုယ်ကြိုက်တာကိုလုပ်မှ ကိုယ်လည်းပျော်မှာလေ။ လောကကြီးမှာ ဘယ်အရာကမှ ပျော်ရွှွှင်မှုကို မလဲနိုင်ပါဘူး။ ဒါကြောင့် စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တောင် ကိုယ်သဘောကျတဲ့အရာကိုပဲ စွန့်ဦးတီထွင်ပါလို့ပြောချင်ပါတယ်။

Photos Credit

Piki(Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle