စစ်မှန်တဲ့ Couple Goal ဆိုတာ

စစ်မှန်တဲ့ Couple Goal ဆိုတာ

ချစ်ခြင်းတွေကို ပုံဖော်တဲ့အခါ ဟိတ်ကြီးဟန်ကြီးတွေ လုပ်ပြနေတာထက် Relationship ကြားမှာ တကယ်ကိုအသုံးဝင်မယ့် နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ကို မမေ့စေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအရာတွေ မရှိတော့ရင် ခရီးဆုံးထိဆက်ဖို့အတွက် အတားအဆီးအပိတ်အပင်တွေ ရှိလာဖို့ များလို့ပါပဲ။ ဘယ်လိုအချက်တွေက ခရီးဆုံးထိဆက်ဖို့အတွက် အဓိကကျမလဲ….

တစ်ယောက်ကိုတစ်ယောက် ဖေးမတာ

သူအဆင်မပြေရင် သင်က ကူညီမယ်။ သင့်အလှည့်ဆို သူကတစ်လှည့်ပြန်ကူညီ။ အခက်အခဲဆိုတာ ကြုံလာမှာမို့ တစ်ယောက်အပေါ် တစ်ယောက် အပြစ်တင်နေမယ့်အစား အဖြေအတူရှာတွေ့တဲ့အထိ ဖေးမပေးလှည့်ပါ။

သတ်မှတ်ချက်တစ်ခုထားပြီး အတူအောင်မြင်အောင်လုပ်တာ

ဥပမာ – ပြိုင်ပွဲတစ်ခုကို နှစ်ယောက်အတူ ဝင်ပြိုင်ရာက နိုင်သွားတယ်ဆိုပါစို့။ ပြန်တွေးကြည့်တိုင်း တစိမ့်စိမ့်နဲ့ ပျော်ဖို့ကောင်းတဲ့ အကြောင်းအရာတွေ ရှိတာ ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်မလဲ။ ဒီလိုပါပဲ နှစ်ယောက်အတူ ရည်မှန်းထားတဲ့အရာတွေကို အတူတူပူးပေါင်းလုပ်ဆောင်ပြီး ရလဒ်တစ်ခုခုရှိအောင် လုပ်လို့ရပါတယ်။ ဒါမှ တကယ့် Couple Goal အစစ်ပါ။

နေရာတိုင်းမှာ ကန့်သတ်ချက်တွေ မရှိတာ

“ဟိုနေရာ မသွားနဲ့။ ဒီလူနဲ့ မတွေ့နဲ့။ တစ်ခုခုဆို ငါ့အသိပေး။” ဒီလိုပြောနေတာက လူကိုချောင်ပိတ်ထားလိုက်သလိုဖြစ်စေပါတယ်။ လှောင်အိမ်ထဲမှာနေရလို့ဆိုပြီး ပျော်တဲ့ တိရစ္ဆာန်ကို သင်တွေ့ဖူးပါသလား။ ဒါ့ကြောင့် ဘယ်သွားသွား၊ ဘယ်လာလာ၊ ဘာတွေပဲ လုပ်လုပ် လွတ်လပ်မှုရှိစေပါ။ နောက်တစ်ခု မဖြစ်မနေရှိရမှာက

ပွင့်ပွင့်လင်းလင်းရှိပါစေ

ဟုတ်ပါတယ်။ ဒီအချက်ကအရေးကြီးပါတယ်။ ချစ်သူတွေကြားမှာ စကားများများပြောပေးဖို့လိုတယ်ဆိုတာ ဒီအချက်ကြောင့်ပါ။ မကြိုက်တဲ့အချက်တွေ၊ သက်သောင့်သက်သာ မဖြစ်စေတဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်းပြောထားမှ အဆင်ပြေပါလိမ့်မယ်။ စိတ်ဆိုးတဲ့အခါလည်း ဒီအတိုင်းပါပဲ။ ဘာကြောင့်စိတ်ဆိုးရလဲဆိုတဲ့အကြောင်းရင်းကို မပြောဘဲ တစ်ယောက်ထဲကောက်နေလို့ကတော့ တစ်ဖက်လူလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။

နှစ်ယောက်ကြားက အပြန်အလှန်နားလည်မှုတွေ

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပုံတွေ မတူညီကြပါဘူး။ တချို့က သဝန်တိုမှုတွေ အပြည့်နဲ့ ချစ်ကြတယ်။ တချို့က ဒေါနဲ့မာန်နဲ့ တချို့ကျတော့လည်း အေးတိအေးစက်။ ဘာပဲပြောပြော သူ့အခြေအနေ၊ ကိုယ့်အခြေအနေအပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်နိုင်တဲ့ အတိုင်းအတာတွေရှိပြီဖို့ဆိုတာ အပေါ်က အချက်တွေကမှ တစ်ဆင့် ဖြစ်လာတာပါ။ ဒီတော့ အပေါ်ကအချက်တွေရှိမယ်ဆိုရင် နားလည်မှုရှိတဲ့ ချစ်သူတွေဖြစ်လာဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

Photos Credit

NSC (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ