ကမ္ဘာကြီးကတော့ အလကားနေရင်း မပျက်စီးပါဘူး

ကမ္ဘာကြီးကတော့ အလကားနေရင်း မပျက်စီးပါဘူး

ကျွန်မတို့ နေ့စဉ်ဘဝမှာ ပလတ်စတစ်တွေကို ငြင်းဆန်ဖို့ လိုအပ်နေပါတယ်ဆိုတဲ့ အသံတွေ၊ စာစုတွေနဲ့ အကြောင်းအရာတွေကိုတော့ လူတော်တော်များများ Online စာမျက်နှာပေါ်မှာပဲဖြစ်ဖြစ်၊ သွားရင်းလာရင်းနဲ့ပဲဖြစ်ဖြစ် တွေ့ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘာလို့ အဲလို Say NO to Plastics လုပ်ရမှာလဲဆိုတာကိုရော တွေးမိကြပါရဲ့လား။ ကမ္ဘာကြီးကတော့ အလကားနေရင်း မပျက်စီးပါဘူး။ ဒီလိုပဲ ကျွန်မတို့တွေဟာလည်း အလကားနေရင်း ပလတ်စတစ်တွေကို ငြင်းဆိုနေဖို့ မလိုအပ်ဘူး။ အကြောင်းရှိပါတယ်။

ကျန်းမာရေးတွေ ပိုမိုကောင်းမွန်လာမယ်
အားလုံး နည်းနည်းစီတော့ သိမှာပါ။ ပလတ်စတစ်တွေဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးတွေကို အရမ်းထိခိုက်နိုင်တယ်ဆိုတာ။ ပလတ်စတစ်တွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေ၊ မျိုးပွားကျန်းမာရေးဆိုင်ရာရောဂါတွေနဲ့ ကင်ဆာရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဒီလို စိတ်ညစ်စရာရောဂါဘယတွေကို ကာကွယ်နိုင်ဖို့၊ တားဆီးနိုင်ဖို့ဆိုတာ ပလတ်စတစ်ကို ငြင်းဆိုမှကို ဖြစ်မှာပါ။

ကမ္ဘာကြီးကို အသက်ပိုရှည်လာစေတယ်
ကမ္ဘာကြီးက သူ့ဘာသာသူနေပါတယ်။ ဒါပေမယ့် ကျွန်မတို့တစ်တွေရဲ့ လုပ်ရပ်အမှားတွေကြောင့်သာ သူ့ခမျာ ရောဂါဘယတွေပေါင်းစုံနဲ့ အသက်တိုလာရရှာတာပါ။ ပလတ်စတစ်တွေကြောင့် ဂေဟစနစ်တွေ ချို့ယွင်းလာတယ်။ ပလတ်စတစ်ကိုမီးရှို့ရာကနေဖြစ်ပေါ်လာတဲ့ အငွေ့တွေက အိုဇုန်းလွှာကို ပျက်စီးလာစေတယ်။ ဒီလိုမှမဟုတ်ဘဲ စိမ်းစိုလှပနေတဲ့ကမ္ဘာကြီးကို ကျွန်မတို့ရဲ့ နောင်လာနောင်သားတွေ နှစ်အဆက်ဆက် ဆက်လက် အမှီသဟဲပြုစေချင်တယ်ဆိုရင်တော့ ပလတ်စတစ်ကို နှုတ်ဆက်ရပါလိမ့်မယ်။

တိရစ္ဆာန်လေးတွေကို ကယ်တင်နိုင်တယ်
တိရစ္ဆာန်လေးတွေဟာ လူသားတွေကို အမျှော်အမြင်မရှိတဲ့အတွက်ကြောင့် သူတို့အန္တရာယ်သူတို့ ကာကွယ်တားဆီးနိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲကြပါတယ်။ ပြီးတော့ ဒီကမ္ဘာကြီးပေါ်မှာ တိရစ္ဆာန်နဲ့ လူသားတွေဆိုတာ အပြန်အလှန်အမှီသဟဲပြုနေထိုင်နေကြရတာမို့လို့ တိရစ္ဆာန်လေးတွေကို ဒုက္ခပေးနေတဲ့ ပလတ်စတစ်တွေကိုလည်း ကူညီဖယ်ရှားပေးသင့်ပါတယ်။

လူနေမှုအဆင့်အတန်းကို မြင့်မားစေတယ်
ပလတ်စတစ်သုံးတယ်ဆိုတာဟာ လူနေမှုအဆင့်အတန်းကို နိမ့်ကျစေပါတယ်။ ဥပမာ လမ်းဘေးမှာရောင်းချတဲ့အစားအသောက်တွေကို ပလတ်စတစ်နဲ့ ထုပ်ပိုးပေးတာများပေမယ့်လည်း တကယ့် 5 Stars Hotel ကြီးတွေက ဝယ်မယ်ဆိုရင်တော့ ပလတ်စတစ်ထက် တခြားထုပ်ပိုးစရာတွေကို အသုံးပြုတာကိုတွေ့ရပါလိမ့်မယ်။ ဒီလိုပဲ ပလတ်စတစ်ရဲ့ အကျိုးအပြစ်တွေကို သိတဲ့လူတိုင်းဟာ မိမိကိုယ်ကိုယ် 5 Stars Hotel ကြီးတွေလို ကျင့်ကြံပြီး ပလတ်စတစ်တွေကို ငြင်းပယ်ကာ လူနေမှုအဆင့်အတန်းကို မြှင့်တင်ကြရအောင်။

အခုပြောပြသွားတဲ့ အကြောင်းပြချက်တွေဟာ ပလတ်စတစ်တွေကို ငြင်းဆန်ဖို့ Say NO to Plastics လို့ ပြောဖို့ လုံလောက်မယ့်အကြောင်းပြချက်တွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ကောင်းဖို့၊ ကိုယ့်နဲ့ ဆက်နွယ်နေသမျှအားလုံးကောင်းဖို့ ဒီနေ့ကစပြီး ကြိုးစားလို့ ပလတ်စတစ်တွေကို ငြင်းဆန်ကြရအောင်။

Photos Cedit

MTS

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ