ကင်ဆာရောဂါနဲ့ ပလတ်စတစ် အန္တရာယ်

ကင်ဆာရောဂါနဲ့ ပလတ်စတစ် အန္တရာယ်

ပလတ်စတစ် အသုံးပြုမှုတွေက သုံးစွဲတဲ့အချိန်မှာရော၊ သုံးစွဲပြီးစွန့်ပစ်တဲ့အချိန်မှာရော ပတ်ဝန်းကျင်အတွက် ဆိုးကျိုးဖြစ်စေနိုင်တာ အားလုံးအသိပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကြီးရဲ့ အရင်းအမြစ်တွေက ပလတ်စတစ်ကြောင့် ဆိုးကျိုးဖြစ်စေနိုင်သလို လူသားတွေရဲ့ ကျန်းမာရေးကလည်း ပလတ်စတစ် အန္တရာယ်နဲ့ မကင်းပါဘူး။ လူသားတွေ ထိတ်လန့်မှု အများဆုံး ရောဂါဖြစ်တဲ့ ကင်ဆာ ရောဂါကလည်း ပလတ်စတစ်ရဲ့ ပယောဂနဲ့ မကင်းဘူးဆိုတာ ပညာရှင်အများအပြားက ဖော်ထုတ်ခဲ့ပြီဖြစ်ပါတယ်။

လူသားတွေအားလုံး နေ့စဉ်ထိတွေ့နေတဲ့ ပလတ်စတစ် သုံးစွဲမှုတွေက တစ်နည်းနည်းနဲ့ လူသားတွေရဲ့ ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေပါတယ်။ မည့်သည့် ကင်ဆာအမျိုးအစားကို တိုက်ရိုက် ဖြစ်ပေါ်စေတာ မျိုး ညွှန်းဆိုလို့မရသလို ပလတ်စတစ်ကြောင့် တိုက်ရိုက် ကင်ဆာဖြစ်ပေါ်စေနိုင်တာမျိုးလည်း မဟုတ်ဘူးဆိုပေမယ့် ပလတ်စတစ်က ကင်ဆာဖြစ်ဖို့ အထောက်အပံ့ပစ္စည်းတစ်ခုပါ။

စွန့်ပစ် ပလတ်စတစ် ပစ္စည်းတွေကို မီးရှို့လိုက်ရာကနေ ထွက်ပေါ်လာတဲ့ Dioxins ဆိုတဲ့ ဓာတ်တစ်မျိုးက လေထုထဲကို ပျံနှံ့ပြီး လူတွေ၊ တိရိစ္ဆာန်တွေက ရှုရှိုက်မိမယ်ဆို ရေရှည်မှာ ကင်ဆာရောဂါ အန္တရာယ်အတွက် အထောက်အပံ့သဘောမျိုး ဖြစ်သွားနိုင်တာကို အထူးသတိပြုဖို့ လိုပါတယ်။

အစားအသောက်တွေ ထုတ်ပိုးတဲ့ နေရာမှာ အသုံးပြုတဲ့ ပလတ်စတစ် ပစ္စည်းတစ်ချို့မှာပါတဲ့ BPAဓာတုပစ္စည်း အမျိုးအစားက ပမာဏအမြောက်အများနဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲရောက်သွားရင် ကျန်းမာရေး ထိခိုက်မှု ရှိနိုင်ပါတယ်။ အပူနဲ့ ထိတွေ့မှုရှိရင်တော့ BPAဓာတ်က ထုတ်ပိုးထားတဲ့ အစားအသောက်တွေထဲ ပိုမိုစိမ့်ဝင်နိုင်မှု ရှိပြီး ကျန်းမာရေး ဆိုးကျိုးကို ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် ပလတ်စတစ် အသုံးပြုခြင်းက လူသားတွေအတွက် ဆိုးကျိုးဖြစ်စေနိုင်တာ အသေအချာပါပဲ။ သဘာဝ ပတ်ဝန်းကျင်ကြီးအတွက် ထိခိုက်ပျက်စီးမှု များပြားစေသလို လူသားတွေ စိုးရိမ်မှု အများဆုံး ရောဂါတစ်ခုဖြစ်တဲ့ ကင်ဆာရောဂါဖြစ်စေဖို့ တွန်းအားပေးတဲ့အတွက် တတ်နိုင်သမျှ ရှောင်ရှားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ပလတ်စတစ်သုံးစွဲမှုတွေကို တတ်နိုင်သမျှလျှော့ချပြီး ကျန်းမာပျော်ရွှင်တဲ့ လူနေမှု ဘဝတွေကို ရယူကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်

Photos Credit

APP

www.akhayarmedia.com