နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဒါတွေလုပ်ပါ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ဒါတွေလုပ်ပါ

အိပ်တယ်ဆိုတဲ့ အလုပ်က တစ်နေ့တာ အရေးကြီးဆုံး အခန်းကဏ္ဍမှာ ပါပါတယ်။ ဒီလိုအချိန်မျိုးမှာ အိပ်သာအိပ်လိုက်တယ်။ ကောင်းကောင်း မအိပ်ပျော်တာမျိုးတွေကို တစ်ယောက်မဟုတ် တစ်ယောက်က ကြုံဖူးကြမှာပါ။ သင်ဘာလို့နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူးဆိုရင်တော့ အခု အခရာကပြောပြပေးထားတဲ့အချက်တွေကို လုပ်ကြည့်ကြည့်ပါဦး။

(၁) အပြာရောင်အလင်းတွေကို ပိတ်ဖို့မမေ့ပါနဲ့
ဖုန်းတွေ၊ Laptop တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းက လူ့ဦးနှောက်ထဲက အစိတ်အပိုင်းေတွေကို အမြဲတမ်း Active ဖြစ်နေစေပါတယ်။ လူအများစု နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တဲ့ အကြောင်းရင်းထဲမှာ ဒီအချက်ကတော့ အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ မအိပ်ခင် နှစ်နာရီအလိုကတည်းက ဖုန်းနဲ့ Laptop တွေကို အသုံးမပြုရင်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ အသေအချာပါပဲ။

(၂) အိပ်ချိန်ပုံမှန်ရှိပါစေ
ဘယ်အချိန်မှာတော့ အိပ်ယာဝင်မယ်ဆိုပြီး သတ်မှတ်ထားတာ ဦးနှောက်ကို အလေ့အကျင့်ဖြစ်သွားစေတဲ့အတွက် အိပ်ရေးဝဝ အိပ်လို့ရမှာ အမှန်ပါပဲ။ အိပ်ချိန်ပုံမှန်မရှိသူတွေမှာ အိပ်ရေးဝတယ်ဆိုတာ ရှားပါတယ်။

(၃) လေ့ကျင့်ခန်းလုပ်ပါ
Gym တွေ ဘာတွေ သွားကစားဖြစ်တဲ့ နေ့တွေဆိုရင် တုန်းခနဲ အိပ်ပျော်သွားတာမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အားကစားနဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးတာက သင့်ခန္ဓာကိုယ်ကို အနားယူရအောင် အလိုအလျောက် စေခိုင်းသလို ဖြစ်စေတဲ့အတွက် အိပ်ရေးဝဝအိပ်မပျော်စေမှာတော့ မပူပါနဲ့။

(၄) အိပ်ယာဝင်ခါနီး အစားများများ မများမိစေပါနဲ့
ဒီအချက်ကိုတော့ တော်တော်များများ သိပြီး ဖြစ်မှာပါ။ ဒါပေမယ့် အိပ်တော့မယ်လုပ်တိုင်း ဗိုက်ဆာတတ်တာကို လိုက်လျောပြီး တစ်ခုခုစားလိုက်မိမှာပေ့ါ။ စားတာကတော့ စားလို့ရပေမယ့် အရေးကြီးတာက ပမာဏမများစေဖို့ပါဘဲ။ အစားများများစားလိုက်ရင် ခန္ဓာကိုယ်က အစာခြေဖို့ လုပ်ဆောင်နေရတာကြောင့် သင်ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်စိတ်ကို အလိုလိုက်တော့လိုက် ဒါပေမယ့် အလွန်အကျူး မဖြစ်ပါစေနဲ့။

Photo Credit

NSC (Akhayar)

www.akhayarmedia.com