ပလတ်စတစ်မသုံးပဲ တစ်ပတ်လောက်နေခဲ့တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံ

ပလတ်စတစ်မသုံးပဲ တစ်ပတ်လောက်နေခဲ့တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံ

ပလတ်စတစ်တွေက သတ္တဝါတွေနဲ့ ပတ်ဝန်းကျင်တွေအတွက် ဆိုးကျိုးဖြစ်ပေါ်နိုင်တယ်ဆိုတာ လက်ခံထားပေမယ့် ပလတ်စတစ်လျှော့ချသုံးစွဲမှုတွေက အရမ်းကြီးတော့ထိရောက်မှု မရှိသေးပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း နေ့စဉ်နဲ့အမျှ ပလတ်စတစ် လျှော့ချသုံးစွဲဖို့ ကြိုးစားနေပေမယ့် အချိန်အတော်ကြာတဲ့အထိ အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် အရင်အပတ်ကတော့ ပလတ်စတစ်လျှော့ချသုံးစွဲဖို့အတွက် ကိုယ့်ကိုကိုယ် စိန်ခေါ်ခဲ့ပြီး တစ်ပတ်တိတိ ပလတ်စတစ်မသုံးပဲ နေကြည့်ခဲ့ပါတယ်။ ဒါကတော့ ကျွန်တော်ရဲ့ ပလတ်စတစ်မရှိတဲ့ ရက်သတ္တပတ်က အတွေ့အကြုံလေးတွေပါ…

မနက်ပိုင်းတွေမှာ အားကစားခန်းမ (Gym) သွားလေ့ရှိတဲ့ ကျွန်တော်က အိမ်ကနေ ရေဘူးဆောင်သွားလေ့မရှိပဲ Gym ရောက်မှ ပလတ်စတစ် ရေဘူးတွေ ဝယ်သောက်လေ့ရှိပါတယ်။ ဒီတစ်ပတ်မှာတော့ ရေထည့်သံဘူးလေး တစ်ခုဆောင်သွားခဲ့တဲ့အချိန်မှာတော့ ရေသန့်ဘူး မဝယ်ရတော့တာကြောင့်ငွေရေးကြေးရေး သက်သာသွားသလို အမှိုက်ပုံးထဲမှာလည်း ပလတ်စတစ်ဘူးတွေ လျော့နည်းသွားတာ သတိထားမိလိုက်တယ်

အရင်ကဆိုရင် Gym က အပြန် မနက်စာအတွက် စတိုးဆိုင်မှာ မုန့်သွားဝယ်ချိန်ဆိုရင် ဆိုင်ကထည့်ပေးတဲ့ ပလတ်စတစ်အိတ်နဲ့ မုန့်တွေ ယူလာမိတယ်။ ဒီတစ်ပတ်မှာတော့ ကိုယ့်ရဲ့ ဘေးလွယ်အိတ်လေးနဲ့ ဝယ်လာတဲ့ မုန့်လေးတွေကို အထဲမှာထည့်ပြီး သယ်ကြည့်လိုက်တော့ ကိုယ့်ရဲ့ အိမ်မှာ ပလတ်စတစ်အိတ်တွေ ဖောင်းပွမှု မရှိတော့တာလေးကို သတိထားမိလိုက်တယ်

ရုံးမှာ ထမင်းစားပြီးတဲ့အချိန်ဆို လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကော်ဖီ၊ အအေးတို့သွားဝယ်လေ့ရှိတယ်။ ဒီလိုအချိန်မှာ အရင်တုန်းကတော့ ဆိုင်ကပေးတဲ့ ပိုက်တွေကို ယူလာပြီး အအေး၊ ကော်ဖီတို့ သောက်လေ့ရှိတယ်။ ဒီတစ်ပတ်မှာတော့ ပိုက်တွေ မသုံးပဲ သောက်ကြည့်တော့လည်း အဆင်ပြေနေတယ်။ ဘာလို့ အရင်က ပိုက်တွေ သုံးခဲ့လဲဆိုတာတောင် စဉ်းစားကြည့်လို့မရဘူး

ဒါတွေအားလုံးက လွန်ခဲ့တဲ့ တစ်ပတ်က ပလတ်စတစ်မသုံးခဲ့တဲ့ ကျွန်တော်ရဲ့ အတွေ့အကြုံတွေပါ။ ပလတ်စတစ် အသုံးမပြုပဲ လုပ်နေကျအရာတွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်သလို ဝန်ထုပ်ဝန်ပိုး တစ်ခုဖြစ်သွားတာလည်း မရှိပါဘူး။ ဒါကြောင့်မို့ ဒီလောက်လွယ်ကူနေတဲ့ အရာတွေကို ကျွန်တော်တို့ ဘာလို့ မလုပ်နိုင်ရမှာလဲ။ သတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကို ဆိုးကျိုးဖြစ်ပေါ်စေတဲ့ ပလတ်စတစ်သုံးစွဲမှုကို လျှော့ချဖို့ အခုပဲ သင့်ကို စိန်ခေါ်လိုက်ပါပြီ

Photos Credit

APP

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle