ပလတ်စတစ် နည်းပါးခဲ့တဲ့ အတိတ်နေ့ရက်များဆီသို့

ပလတ်စတစ် နည်းပါးခဲ့တဲ့ အတိတ်နေ့ရက်များဆီသို့

Good Old Days of Myanmar Without Plastic

တိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ အရာအာလုံးက အလျင်အမြန်ပြောင်းလဲနေပါပြီ။ နည်းပညာရဲ့ ဆန်းသစ်မှုတွေ၊ ယဉ်ကျေးမှု နှီးနှော ဖလှယ်ခြင်းတွေနဲ့အတူ လူတွေရဲ့ နေထိုင်မှု ပုံစံတွေကလည်း ယခင်အချိန်ကာလတွေနဲ့ ကွာခြားသွားခဲ့ပြီဖြစ်ပါတယ်။ ထိုကဲ့သို့ ပြောင်းလဲလာမှုတွေထဲမှာ ကောင်းကျိုးလည်း ရှိသလို၊ ဆိုးကျိုးလည်း ရှိနေပါတယ်။ အချို့အရာတွေရဲ့ အဆင်ပြေမှုတွေကလည်း အတိတ်ကို မေ့နေစေခဲ့သလို အချို့အရာတွေရဲ့ ပြောင်းလဲမှုတွေက ယခင်အချိန်တွေကို ပြန်လည် လွမ်းဆွတ်မိစေမှာပါ။ ဥပမာအားဖြင့် အင်တာနက်ကြောင့် ဆက်သွယ်မှု ပိုမိုအဆင်ပြေစေခဲ့သလို ပလတ်စတစ် သုံးစွဲမှု များလာခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာတာတွေ အစရှိသဖြင့် ကြုံတွေ့လာခဲ့ပါတယ်။
လူတွေရဲ့ နေထိုင်မှု ပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကြီးကလည်း လိုက်လံပြောင်းလဲနေပါတယ်။ လူသားတွေအားလုံးရဲ့ ပလတ်စတစ် သုံးစွဲမှု များလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ကြီးကလည်း ဆိုးကျိုးတွေ ပိုများလာနိုင်တာ အားလုံးအသိပဲဖြစ်ပါတယ်။ ပလတ်စတစ်ကြောင့် လူသားတွေဆီမှာ ဖြစ်ပေါ်နိုင်တဲ့ ရောဂါတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်နေတဲ့ အချက်တွေရှိတဲ့အတွက် ပလတ်စတစ် အများအပြား သုံးစွဲလာတဲ့ ပြောင်းလဲခြင်းက ယခင် ပလတ်စတစ် ပေါပေါများများ မရှိသေးတဲ့ အချိန်တွေကို လွမ်းဆွတ်မိတာ အမှန်ပါပဲ။

ခြင်းတောင်းလေး ဆွဲကာဝယ် ဈေးဝယ်ထွက်ကြမယ်
ယခင်အချိန်တွေတုန်းက ဈေးဝယ်ထွက်တော့မယ်ဆို ဈေးခြင်းတောင်းလေးဆွဲပြီး ဈေးသွားခဲ့ကြတာတွေက အမှတ်တရပါပဲ။ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေကို ဈေးခြင်းထဲမှာ ထည့်ပြီး တခြားအရာနဲ့ ထိတွေ့မှု မရနိုင်တဲ့ အသားငါးတွေ မှသာ ပလတ်စတစ် သုံးစွဲခဲ့ကြတာပါ။ ထိုအခါ ဟင်းသီးဟင်းရွက်နဲ့ အခြား ကုန်ပစ္စည်းတွေကို ပလတ်စတစ်နဲ့ ထိတွေ့မှု မရှိပဲ သယ်ဆောင်လာနိုင်ကာ ရောဂါလည်း ကင်းစင်စေပါတယ်။  ဒီလို အလေ့အထမျိုးကို ယခုအချိန်မှာ ပြန်လည်ကျင့်သုံးမယ်ဆို ပလတ်စတစ်တွေ လျှော့နည်းလာမှာ အသေအချာပါပဲ။

ဖက်ကလေးနဲ့ ထုတ်စား ပူပူနွေးနွေးမုန့်ကလေးများ
အရမ်းပူတဲ့အချိန်တွေမှာ မုန့်တွေကို ပလတ်စတစ် အိတ်ထဲ ထည့်လိုက်မယ်ဆို ပလတ်စတစ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေနဲ့ ဓာတ်ပြုပြီး လူတွေရဲ့ ကျန်းမာရေးကို အန္တရာယ်ပေးနိုင်ပါတယ်။ ယခင်အချိန်တွေမှာတော့ ဖက်လေးကို စနစ်တကျ ပြုလုပ်ပြီး မုန့်တွေ ထည့်ပေးခြင်းက ချစ်စရာ အလေ့အထလေးဖြစ်ခဲ့သလို ကျန်းမာရေးအတွက်လည်း ဆိုးကျိုးမဖြစ်စေခဲ့ပါဘူး။ ဒီဘက်ခေတ်မှာတော့ ဖက်ရွက်တွေကို ခေတ်မီ ဒီဇိုင်း ဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်ပြီး အစားအသာက်တွေ ထုတ်ပိုးတဲ့ နေရာမှာ အသုံးပြုမယ်ဆို ပလတ်စတစ် သုံးစွဲမှု လျော့ကျလာနိုင်တာ အသေအချာပါပဲ။

အရည်ပါတဲ့ မုန့်ဝယ် ချိုင့်လေးတော့ မမေ့နဲ့ကွယ်
မုန့်ဟင်းခါး၊ လက်ဖက်ရည် အစရှိတဲ့ မုန့်တွေကို ပူပူနွေးနွေးအနေအထားမှာ ပလတ်စတစ်အိတ်ထဲ ထည့်လိုက်မယ်ဆို ဆိုးကျိုးဖြစ်စေနိုင်တာ လူတိုင်းအသိပါ။ ဒါကြောင့်မို့ ကိုယ့်အိမ်က ချိုင့်လေးယူသွားမယ်ဆို ကျန်းမာရေးအတွက်လည်း ဆိုးကျိုး မဖြစ်စေနိုင်သလို ပိုမို သပ်ရပ်လာမှာ အသေအချာပါပဲ။

ဒီလိုမျိုး အတိတ်နေ့ရက်တွေထဲက ပလတ်စတစ်ကင်းစင်တဲ့ နေ့တွေကို ပြန်လည် တမ်းတပြီး ယခုအချိန်တွေမှာလည်း ဒီနည်းလမ်းတွေနဲ့အတူ ပလတ်စတစ်တွေ လျှော့ချသုံးစွဲဖို့ အတူတူကြိုးစားလိုက်ရအောင်နော်

Photo Credit

APP

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle