Reno2 | 2F စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ OPPO

OPPO ကတော့ “Quad Camera, Zoom into Imagination” ခေါင်းစဥ်နဲ့ OPPO Reno2 | 2F စမတ်ဖုန်းတွေကို ရန်ကုန်မြို့ ၊ Melia Hotel Yangon မှာ အောက်တိုဘာ ၂၅ ရက်နေ့က မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။

5x Hybrid Zoom, 20x Digital Zoom, Ultra Dark Mode နှင့် Ultra Steady Video လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ OPPO Reno2 | 2F ကို Brand Ambassador တွေဖြစ်တဲ့ ပိုင်ဖြိုးသု၊ ပိုင်တံခွန်တို့က အဆိုတော်လွှမ်းပိုင် (Streamer Bo Paing Gyi) ၊ သရုပ်ဆောင် ကျော်ထက်ဇော်၊ ပိုင်အုပ်စိုးအောင်၊ ရှိန်းတင်ထူး၊ မော်ဒယ် ဘုန်းသီရိကျော်၊ ယမင်းမေဦးနှင့် သဇင်ထူးမြင့်၊ OPPO Myanmar မှတာဝန်ရှိသူများ၊ O fan များနဲ့ သတင်းမီဒီယာများရှေ့မှာ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အသစ်မိတ်ဆက်လိုက်တဲ့ Reno2 မှာ ဆိုရင် ခမ်းနားကျော့ရှင်းသော Luminous Black နဲ့ Ocean Blue ဆိုပြီး ၂ မျိုး ရရှိနိုင်မှာ ဖြစ်ပါတယ်။

ရောင်းချသွားမယ့် စျေးနှုန်းကတော့ မြန်မာငွေ (၇၉၉,၉၀၀) ကျပ် ဖြစ်ပြီးတော့ Reno2 F မှာဆိုရင် ဂန္ထဝင်ဆန်တဲ့ Sky White အပြင် စိမ်းစိုစေမယ့် Lake Green အရောင်နဲ့ ရရှိမှာ ဖြစ်ပါတယ်။

ရောင်းချသွားမယ့် စျေးနှုန်းက မြန်မာငွေ (၅၂၉,၉၀၀) ကျပ် ဖြစ်ပြီး စမတ်ဖုန်းနှစ်မျိုးလုံးကို အောက်တိုဘာလ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။

စတင် ရောင်းချသွားမယ့် နေ့ရက်ကတော့ နိုဝင်ဘာလ (၂) ရက်နေ့ ဖြစ်ပြီး ကြိုတင်မှာယူသူတွေအတွက် OPPO ခရီးဆောင်အိတ်ကို မေတ္တာလက်ဆောင် ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ ဖုန်းတွေကို Highlight လုပ်ပေးရမယ်ဆိုရင် Reno2 | 2F  ဖုန်းတွေဟာ အိပ်မက်တွေကို အကောင်အထည်ဖော်လိုတဲ့ လူငယ်တွေအတွက် ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Snapdragon 730G နဲ့ MediaTek Helio P70 အသီးသီး အသုံးပြုထားတဲ့ ဖုန်းတွေမှာ 8GB RAM ပါဝင်မှာဖြစ်ပြီး ဂိမ်းကစားဖို့နဲ့ ရုပ်ရှင်ကြည့် တေးသီချင်း နားဆင်ဖို့ Dolby Atmos® Sound ထည့်သွင်းပေးထားပါတယ်။

Reno 2 ကင်မရာပိုင်း လုပ်ဆောင်ချက်တွေ အနေနဲ့ဆိုရင်တော့

Reno2 မှာ 5x Hybrid Zoom ၊ 20x Digital Zoom တို့ အသုံးပြုထားပါတယ်။ Ultra Dark Mode အတွက် NPU နဲ့ OPPO ရဲ့ ပြည့်စုံကောင်းမွန်တဲ့ Algorithms တွေ ပါဝင်ပါတယ်။

Reno2 | 2F စမတ်ဖုန်းတွေကို မိတ်ဆက်လိုက်ပြီဖြစ်တဲ့ OPPO October 31, 20190

AI Noise Reduction ကြောင့် အလင်းရောင် အဆင့် 1 Lux ထက် နည်းနေတဲ့အချိန်မှာ ရိုက်ကူးနိုင်မည် ဖြစ်ပါတယ်။ Ultra Steady Video Mode နဲ့ ဆိုရင် Moving Action တွေဖြစ်တဲ့ ပြေးတာ၊ လျှောစီးတာ၊ စကိတ်စီးတာနဲ့ စက်ဘီးစီးတာတွေကို 60fps နဲ့ တည်တည်ငြိမ်ငြိမ် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Reno2 မှာ 256GB ပါဝင်မယ့်အပြင် VOOC 3.0 အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 4,000mAh ဘက်ထရီပါရှိမှာ ဖြစ်ပါတယ်။

Reno2 F မှာဆိုရင်တော့

48 MP Ultra Clear Main Camera ၊ 8 MP wide-angle lens ၊ 2 MP mono lens နှင့် 2 MP portrait Lens ဆိုပြီး စုစုပေါင်း ကင်မရာလေးလုံးပါဝင်ပါတယ်။ Ultra Wide Angle lens က 119° မျက်မြင်တစ်ဆုံးမြင်ကွင်းများကို ရိုက်ကူးနိုင်ပြီး မတူညီသည့် ပုံရိပ်များနှင့် Photo Theme ကိုပါ ယူဆောင်လာမှာ ဖြစ်ပါတယ်။

Ultra Night Mode 2.0 က မျက်နှာနဲ့ နောက်ခံမြင်ကွင်းတွေကို သီးခြား ပုံဖော်ပေးမှာ ဖြစ်တဲ့အတွက် အသားရေမှန်ကန်ပြီး  လက်တွေ့နဲ့ အနီးစပ်ဆုံး ဓာတ်ပုံတွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။

အလင်းရောင်နည်းတဲ့ အခြေအနေမှာ ဆိုရင်လည်း မလိုအပ်ဘဲ အလင်းများဝင်ရောက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ Reno2 F မှာဆိုရင် 256GB အထိ တိုးမြှင့်နိုင်ပြီး 128GB Storage နှင့် VOOC 3.0 အမြန်အားသွင်းစနစ် ပါဝင်သော 4,000mAh ဘက်ထရီတို့ အသုံးပြုထားမှာ ဖြစ်ပါတယ်။

2B (Akhayar)
www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle