မှတ်မိလွယ်မယ့် စာကျက်နည်းလမ်းကောင်းများ အပိုင်း (၁)

မှတ်မိလွယ်မယ့် စာကျက်နည်းလမ်းကောင်းများ အပိုင်း (၁)

Plan နဲ့ ကျက်ပါ

Planning လုပ်ပြီး စာကျက်တယ်ဆိုတာက စနစ်ကျတဲ့ စာကျက်နည်းလို့ ပြောနိုင်ပါတယ်။ ရက်သတ်မှတ်ပြီး ဘယ်နေ့၊ ဘယ်အချိန်မှာ ဘယ်ဘာသာ ကျက်မယ်၊ ဘယ်နေ့ Revision ပြန်မယ်၊ အတွက်လုပ်မယ်စသဖြင့် အစီစဥ်ချပြီး စာကျက်တာ ပိုကောင်းပါတယ်။

Plan Studying

Notes ထုတ်ပြီးကျက်ပါ

ကျောင်းကနေပြန်လာလို့ စာကျက်တော့မယ်ဆိုရင် အရင်ဆုံး နားလည်အောင် လုပ်ဖို့လိုပါတယ်။ Understood ဖြစ်အောင် လုပ်ဖို့ဆိုရင် Lecture လိုက်ဖို့ လိုသလို ခက်ခဲတဲ့ Definition မှတ်ရတော့မယ်၊ Concept သိရတော့မယ်ဆိုရင် Note ထုတ်တတ်ဖို့ လိုလာပါပြီ။

Notes ထုတ်တဲ့အခါ Short to the Point မှတ်သားနိုင်သလို၊ ကိုယ်နားလည်လွယ်တဲ့ စကားလုံး၊ အခေါ်ဝေါ်တွေနဲ့ မှတ်သားနိုင်ပါတယ်။ ဒါကြောင့် စာမကျက်ခင် အကြောင်းရာတစ်ခုလုံးကို Scanning လုပ်ပြီး ပထမဆုံး အဓိကအချက်တွေ မှတ်မယ်၊ ပြီးမှ Skimming နဲ့ သေချာကျက်မယ်လို့ အကြုံပြုတာ ဖြစ်ပါတယ်။

Fresh ဖြစ်နေတဲ့အချိန်မှာ ပိုအားစိုက်ပါ

ဘာအလုပ်ပဲ လုပ်လုပ် တက်ကြွနေတဲ့အချိန်၊ ခွန်အားပြည့်ဝနေတဲ့အချိန်၊ စိတ်ချမ်းသာမှု ရနေတဲ့အချိန်တွေမှာ အလုပ်လုပ်လို့ ပိုကောင်းပါတယ်။ သိပ္ပံပညာရှင်တွေကလည်း လူတစ်ယောက်ရဲ့ ဦးနှောက်ဟာ မနက်ခင်းမှာ ပို Active ဖြစ်တယ်လို့ ပြောထားတဲ့အတွက် မနက်ပိုင်းက စာကျက်လို့ ပိုကောင်းပါတယ်။

တစ်ခုသတိပြုရမှာက မိုးလင်း အိပ်ရာနိုးတာနဲ့ စာထကျက်ဖို့ ဆိုလိုတာ မဟုတ်ဘဲ ခန္ဓာကိုယ်တွက် လိုအပ်တဲ့ ဇီဝကမ္မ ဖြစ်စဥ်တွေ အရင်လုပ်ပြီး၊ စားသောက်ပြီးမှ နေရာထိုင်ခင်း အသေချာနဲ့ ကျက်ဖို့လိုပါတယ်။ နောက်တစ်ချက်က နာရီများစွာ ခန္ဓာကိုယ်က အိပ်စက် အနားယူထားတဲ့အတွက် ပိုအထောက်ကူဖြစ်ပါတယ်။

Take a note

ဒီလိုနည်းနဲ့ စာကျက်တဲ့အခါမှာ ပညာရှင်တွေ အကြုံပြုထားတာက ၁ နာရီ ကျက်ပြီးတိုင်း ၅ မိနစ်လောက် ဦးနှောက်ကို အနားပေးခိုင်းတာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဦးနှောက်နဲ့ အလုပ်လုပ်ရတဲ့အခါ သာမန်ထက် ဆဲလ်သေနှုန်း ပိုများတာမလို့ ခေတ္တအနားပေးခြင်းက ကျက်ထားတဲ့စာတွေကို ပိုကြာကြာ မှတ်မိစေမှာ ဖြစ်ပါတယ်။

ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ လုပ်သင့်တာကတော့ မနက်ပိုင်းမှာ အသစ်၊ အသစ်သော စာတွေကို နိုင်သလောက် ရအောင်ကျက်ပြီး ပင်ပန်းနွမ်းနယ်နေပြီဖြစ်တဲ့ ညပိုင်းအခါမှာတော့ ကျက်စာ ပြန်စာနွေးတာ၊ အတွက်ချက်လုပ်တာနဲ့ Note ထုတ်တာတို့ လုပ်ရင် ပိုအကျိုးရှိပါတယ်။

အသံထွက်ကျက်မလား ၊ စိတ်နဲ့ မှတ်မလား

ဒါကတော့ လူတယောက်ရဲ့ အာရုံစူးစိုက်နိုင်တဲ့ စွမ်းအားပေါ် မူတည်ပြီး ဥာဏ်ရည် မြင့်ရင်၊ မြင့်သလောက် အသံမထွက်ပဲ မှတ်သားနိုင်ပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ နှုတ်တိုက်ရွတ်တာ ပိုရမြန်တယ်လို့ ဆိုထားပေမယ့် ဒီအချက်က အငြင်းပွားနေဆဲပါ။

တချို့တလေအတွက် နှုတ်တိုက်ရွတ်တာရော စိတ်နဲ့မှတ်တာရော မတိုးသလို Note နဲ့ကျက်တာပါ မလုံလောက်သူတွေအတွက် ရေးကျက်နိုင်ပါတယ်။ ၂ နာရီ ၃ နာရီလောက် အချိန်ပိုပေးရနိုင်ပေမယ့် အမှားနည်းသလို ၏ ၊ သည် မရွေး မှတ်မိနိုင်တဲ့ အားသာချက်လည်း ရှိနေပါတယ်။

Study Well

နှုတ်တိုက်ကျက်တာရဲ့ အားသာချက်က အင်္ဂလိပ် စားလုံးပေါင်း (Pronunciation) မှန်ကန်မယ်၊ ကိုယ့်အာဘောနဲ့ကိုယ်ဖြစ်တဲ့အတွက် စာပြန်ရင် ဒီနေရာမှာ မေ့ဖူးတယ်၊ စာကျန်တယ် စသဖြင့် မှတ်မိလွယ်တဲ့ အချက်လည်း ရှိပါတယ်။

စိတ်မှတ်နဲ့ ကျက်သူတွေကတော့ ငပျင်းတွေ များတတ်ပြီး သာမန်ကာလျှံ ကျက်တာ များပါတယ်။ တော်ရုံ အာရုံစူးစိုက်ဖို့လည်း မလွယ်သလို မိပြီဟေ့ဆိုရင် အော်ကျက်တာထက် ပိုမြန်ပါတယ်။

ကျန်းမာရေး ဂရုစိုက်ပါ

အာရောဂျံ၊ ပရမံလာဘံ ဆိုတဲ့စကားလို ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဖြစ်ပါတယ်။ ဒီထဲမှာ အိပ်ရေးဝအောင်အိပ်ဖို့ လိုအပ်ပြီး တက္ကသိုလ်ဝင်တန်း ဖြေရမယ့်သူတွေကတော့ ဆရာဝန် ညွန်ကြားတဲ့ အားတိုးဆေးစားတာ၊ စိတ်လက် ပေါ့ပါးစေမယ့် အားကစား၊ လေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

Neat and Tidy

နောက်ဆုံးအနေနဲ့ကတော့ ကိုယ်စာကျက်မယ့်နေရာကို အမြဲတမ်း သန့်သန့်ရှင်းရှင်းနဲ့ Neat and Tidy ဖြစ်အောင် လုပ်ဖို့ အကြုံပြုလိုက်ရပါတယ်။

သင်းနွယ်အေး
www.akhayarmedia.com