ကစားသမား ဘဝကို စွန့်ခွာပြီး နည်းပြဘဝကို တက်လှမ်းသွားခဲ့တဲ့ CSGO ကစားသမား HUNDEN

၂၀၀၉ ခုနှစ်မှာ ပရိုဖက်ရှင်နယ် Counter Strike လောက အထဲကို ဝင်ရောက်ခဲ့တဲ့ ဝါရင့် ကစားသမားကြီး HUNDEN ကတော့ ကစားသမား ဘဝကနေ အနားယူပြီး နည်းပြဘဝကို ကူးပြောင်းလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၂၈) နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဒိန်းမတ်နိုင်ငံသား ဝါရင့်ကစားသမား HUNDEN အနေနဲ့ အသစ် ပြန်လည် ဖွဲ့စည်းထားတဲ့ Heroic CSGO အသင်းမှာ နည်းပြ အဖြစ် တာဝန်ယူ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။
We are happy to announce that Nicolai "Hunden" Petersen will lead our newly formed roster in their quest for success as the new head coach!
— HEROIC (@heroicgg) April 29, 2020
Welcome @hundencsgo! 😍
Read More: https://t.co/hP2GdceyyN pic.twitter.com/BUZ5iWGmVM
Hunden အနေနဲ့ ပြီးခဲ့တဲ့ (၃) လပိုင်းက စတင်ကာ Mad Lions CSGO အသင်းရဲ့ အရံ ကစားသမား ဘဝကို သက်ဆင်း ပေးခဲ့ရတာကြောင့် အခုလို Heroic အသင်းရဲ့ နည်းပြ အဖြစ် လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အခါမှာ အလွယ်တကူပဲ လက်ခံခဲ့တာ ဖြစ်ပါတယ်။ Hunden အနေနဲ့ Heroic CSGO အသင်းမှာ နည်းပြချုပ် အဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“နောက်ဆုံးမှာတော့ ကျွန်တော် အချိန် ကြာမြင့်စွာ လုပ်ကိုင်လိုခဲ့တဲ့ နည်းပြဘဝကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော့်ကို အရည်အချင်းရှိ ကစားသမားတွေ ပါဝင်တဲ့ Heroic CSGO အသင်းက နည်းပြအဖြစ် လုပ်ကိုင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုအသင်းမျိုးရဲ့ ကမ်းလှမ်းချက်ကို ကျွန်တော့် အနေနဲ့ ဘယ်လိုမှ ငြင်းပယ်နိုင်ခြင်း မရှိခဲ့ပါဘူး။
ကျွန်တော့် အနေနဲ့ Heroic CSGO အသင်း အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ Niko, Borup တို့နဲ့လည်း နောက်တစ်ကြိမ် ပြန်လည် လက်တွဲခွင့်ကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော် HEROIC အဖွဲ့အစည်းမှာ ဝင်ရောက် လုပ်ကိုင်ဖို့ ဆန္ဒရှိခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ ကျွန်တော့် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ HEROIC CSGO အသင်းကို CSGO လောကရဲ့ အအောင်မြင်ဆုံး CSGO အသင်းတွေ အထဲမှာ တစ်သင်း အပါအဝင် အဖြစ် ရပ်တည်နိုင်စေဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။”

HEROIC CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- Casper “cadiaN” Moller
- Martin “stavn” Lund
- Johannes “boRUP” Borup
- Rene “TeSeS” Madsen
- Nikolaj “niko” Kristensen
- Nicolai “HUNDEN” Petersen (Coach)
REF: VpEsports