SEA ကို စွန့်ခွာပြီး EG ကို ပြောင်းဖြစ်ခဲ့တဲ့ အကြောင်း ပြောလာခဲ့တဲ့ Iceiceice

SEA ကို စွန့်ခွာပြီး EG ကို ပြောင်းဖြစ်ခဲ့တဲ့ အကြောင်း ပြောလာခဲ့တဲ့ Iceiceice

Fnatic Dota2 အသင်းက‌နေ ထုတ်ခွာပြီး ၆ လခန့် အနားယူလျက်ရှိတဲ့ Iceiceice ကတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်ခန့်မှာ NA အခြေစိုက် EG Dota2 အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ Iceiceice အနေနဲ့ နေအိမ်မှာ ဆက်လက် အနားယူလျက် ရှိနေပြီး EG Dota2 အသင်းနဲ့ DPC ရာသီ ပြန်လည် စတင်ချိန်မှ ပူးပေါင်းသွားမှာ ဖြစ်ပေမယ့် SEA ကို စွန့်ခွာဖြစ်ခဲ့တဲ့ အကြောင်းကို Secretlab နဲ့ ပြုလုပ်တဲ့ အင်တာဗျူး အစီအစဉ်မှာ ပြောပြသွားခဲ့ပါတယ်။

“EG ကို ပြောင်းဖြစ်ခဲ့တဲ့ အဓိက အကြောင်းအရင်းကတော့ နေရာသစ် တစ်ခုမှာ ပြောင်းလဲ ကစားချင်လာတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော် SEA အခြေစိုက် အသင်းတွေမှာ ပြီးခဲ့တဲ့ သုံးနှစ်လုံး ကစားပေးခဲ့ပါတယ်။ SEA အသင်းတွေမှာ ကစားရတာ ကျွန်တော့် အတွက် တကယ်ကို သက်တောင့်သက်သာ ရှိလှပါတယ်။ သက်တောင့်သက်သာ ရှိလွန်းတာကြောင့်လည်း ပြိုင်ပွဲဝင်လိုစိတ်တွေ၊ အကောင်းဆုံး ယှဉ်ပြိုင် ကစားလိုစိတ်တွေ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် နေရာသစ်မှာ အခြေချပြီး အကောင်းဆုံး ပြန်လည် ကစားသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။”

Dota2 လောကကနေ ခေတ္တ အနားယူခဲ့ရခြင်းနဲ့ ပက်သက်ပြီးတော့လည်း Iceiceice အနေနဲ့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ပရို Dota2 လောကကနေ အချိန်အကြာကြီး အနားမယူတာ ၁၀ နှစ်နီးပါး ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အခုလို ၆ လလောက် အနားယူပြီး ကျွန်တော် မလုပ်ဖြစ်ခဲ့တဲ့ အရာတွေကို လုပ်ဆောင်ရတာ တကယ်ကို ကျေနပ်စရာ ကောင်းလှပါတယ်။ ကျွန်တော် အနားယူနေတဲ့ ကာလမှာ ဟင်းချက်သင်တယ်။ ပန်ကိတ်တွေ၊ အကင်တွေ လုပ်နိုင်ဖို့ ကြိုးစားတယ်။ နောက်ပြီးတော့ Streaming တွေ ပြုလုပ်တယ်။ တကယ်ကို ပျော်စရာ ကောင်းပါတယ်။”

ဒါ့အပြင် Arteezy နဲ့ အတူတကွ ကစားရတော့မှာဖြစ်တဲ့ အတွက် မဖြစ်မနေ ဆက်ရမယ့် Item တစ်ခု အကြောင်းကိုလည်း Iceiceice အနေနဲ့ အရွန်းဖောက် ပြောကြားသွားခဲ့ပါတယ်။

“သေချာတာ တစ်ခုကတော့ EG Dota2 အသင်းနဲ့ အတူ TI ချန်ပီယံ ဖြစ်ချင်တယ်ဆိုရင် Artour (Arteezy) အတွက် ပွဲတိုင်းမှာ Force Staff ဝယ်ပေးဖို့ လိုအပ်မယ် ဆိုတာပါပဲ။”

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle