IEM Katowice 2020 ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များကို တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ

IEM Katowice 2020 ပြိုင်ပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ် အချက်အလက်များကို တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ

Intel Extreme Masters Katowice 2020 ပြိုင်ပွဲကို ပိုလန်နိုင်ငံ၊ Katowice မြို့တော်မှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကြောင်းကို ကြေငြာပေးခဲ့တာ အချိန် တစ်ခု ကြာမြင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုအခါမှာတော့ IEM Katowice 2020 ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ အသေးစိတ် အချက်အလက်တွေကို တရားဝင် ထုတ်ပြန် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

IEM Katowice 2020 ပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ ‌ဒေါ်လာ ငါးသိန်း ပေးအပ် ချီးမြှင့်သွားမှာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၁၆ သင်း ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ IEM Katowice 2020 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဥ်တွေကို Katowice မြို့တော်၊ Int. Congress Centre မှာ ကျင်းပသွားမှာဖြစ်ပြီး ရှုံးထွက်အဆင့် ပွဲစဥ်တွေကိုတော့ Spodek Arena မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

IEM Katowice 2020 ပြိုင်ပွဲဝင် အသင်းတွေကို အုပ်စု နှစ်စု ခွဲခြား သတ်မှတ်ကာ ယှဥ်ပြိုင်ခိုင်းသွားမှာဖြစ်ပြီး အုပ်စုအေမှာ Astralis, Cloud 9, NIP, Vitality, Na’Vi, Faze Clan, Renegades, Fnatic တို့ ပါဝင်မှာ ဖြစ်သလို အုပ်ဘီမှာ‌တော့ Mousesports, Vici Gaming, 100 Thieves, G2 Esports, Team Liquid, Virtus Pro, Mad Lions, Evil Geniuses စတဲ့ နာမည်ကျော် CSGO အသင်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။

IEM Katowice 2020 ပြိုင်ပွဲရဲ့ အဖွင့် ပွဲစဥ်များအဖြစ် ကမ္ဘာ့အဆင့် (၁) CSGO အသင်းဖြစ်တဲ့ Astralis အနေနဲ့ Cloud 9 CSGO အသင်းနဲ့ ယှဥ်ပြိုင်သွားရမှာ ဖြစ်သလို HLTV ရဲ့ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံထားရတဲ့ ZywOo ပါဝင်တဲ့ Vitality CSGO အသင်းကတော့ NIP CSGO အသင်းနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲခန့်မှာ ယှဥ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ IEM Katowice 2020 ပြိုင်ပွဲ ကျင်းပဖို့ အတွက်လည်း ရက်အနည်းငယ်ခန့်သာ လိုအပ်တော့သာ ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းမှ အင်အားကြီး CSGO အသင်း အများစု ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် အဆိုပါ ပြိုင်ပွဲကြီးမှာ လက်စွမ်းကောင်းတွေ ဆက်တိုက် ဆိုသလို ပြသလျက်ရှိတဲ့ Mousesprots ကပဲ ထပ်မံ ဗိုလ်စွဲသွားမလား ဒါမှမဟုတ် အခြားသော အသင်းကြီး တစ်သင်းကပဲ ချန်ပီယံဆုကို သိမ်းပိုက်သွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle