တော်ဝင်ဘုရင်မကြီးနဲ့ ညစာစားရင် မဖြစ်မနေလိုက်နာရတဲ့ စည်းမျဉ်းနှစ်ချက်

တော်ဝင်ဘုရင်မကြီးနဲ့ ညစာစားရင် မဖြစ်မနေလိုက်နာရတဲ့ စည်းမျဉ်းနှစ်ချက်

တော်ဝင်မျိုးနွယ်တွေဟာ ထုံးတမ်းအစဉ်အလာတွေ ကြီးမားကြသလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ဘောင်ခေတ်ပြီး ရှင်သန်နေထိုင်ကြရတဲ့သူတွေပါ။ ဒီတစ်ခါမှာတော့ တော်ဝင်မျိုးနွယ်တွေ စောင့်ထိန်းရတဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးထဲကမှ ဘုရင်မကြီးနဲ့ ညစာစားတဲ့သူတိုင်း လိုက်နာရမယ့် ကြီးမားတဲ့ စည်းမျဉ်းစည်းကမ်းကြီးနှစ်ခုအကြောင်းကို စာဖတ်သူတွေ ဗဟုသုတတိုးစေဖို့အတွက် ဖော်ပြပေးချင်ပါတယ်။

စည်းမျဉ်းနံပါတ်(၁) ဘုရင်မကြီးမထိုင်ခင်ထိုင်ခွင့်မရှိပါဘူး
ဘုရင်မကြီးနဲ့ ညစာစားတဲ့အခါ (Prince Harry နဲ့ Meghan Markle မင်္ဂလာပွဲ ကျင်းပနေတဲ့အချိန်မျိုးမှာတောင်) ဘယ်သူမဆို ဘုရင်မကြီးရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ရပါတယ်။ ဘုရင်မကြီး ထိုင်ခုံမှာ မထိုင်သေးသရွေ့ ဘယ်သူမှ ဝင်ထိုင်နေလို့ မရပါဘူး။

စည်းမျဉ်းနံပါတ်(၂) ဘုရင်မကြီးစားနေတဲ့အချိန်အတောအတွင်းမှာပဲ စားခွင့်ရှိပါတယ်
ဒုတိယစည်းမျဉ်းကတော့ သာမန်လူတွေအနေနဲ့ ကြည့်ရင်တော့ တော်တော် ကြောင်တောင်တောင်နိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဘုရင်မကြီး အချက်ပြမှ စားခွင့်ရှိပြီး ဘုရင်မကြီး စားတာပြီးသွားပြီးဆိုရင် အကုန်လုံးကလည်း လိုက်ပြီး ရပ်ကြရပါတယ်။ဘုရင်မကြီး စတင်ပြီး စားခြင်းဟာ လူတိုင်းကို ညစာစားဖို့ ခွင့်ပြုလိုက်တာပါပဲ။ ခွင့်ပြုလိုက်ပြီဆိုရင်တော့ မြန်မြန်သွက်သွက် စားဖို့တော့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရင်မကြီး ဇွန်းနဲ့ ခက်ရင်းနဲ့ ချပြီဆိုရင် အကုန်လုံးက ဇွန်းနဲ့ ခက်ရင်း လိုက်ချရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

ဒီစည်းမျဉ်းစည်းကမ်းတွေကို ချမှတ်ထားပေမယ့် ညစာစားတယ်ဆိုတာက စည်းဝါးကိုက်အောင် အတင်းကြီးညှိယူပြီး လိုက်လုပ်လို့မရနိုင်တဲ့အတွက် ချိုးဖောက်ခဲ့ရင်လည်း ဘုရင်မကြီးက အပြစ်တော့ မယူပါဘူးလို့ဆိုကြပါတယ်။ ဒါပေမယ့် ဘုရင်မကြီးနဲ့ အတူစားတဲ့သူတွေ အတော်များများကတော့ ဘုရင်မကြီးကို လေးစားသမှုနဲ့ တတ်နိုင်သမျှ လိုက်နာကြပါတယ်တဲ့။ ဒီလို လေးစားသမှုနဲ့ လိုက်နာတဲ့အပေါ်၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားတဲ့အပေါ်  ပရိသတ်ကြီးရဲ့ အမြင်တွေရှိရင်လည်း ဝေဖန်သုံးသပ်ပြီး ပြောပြပေးခဲ့ကြပါဦးနော်။

H.H(Akhayar)