လက်မှတ်ကို ကြုံသလိုလျှောက်ထိုးလို့ ရလား

လက်မှတ်ကို ကြုံသလိုလျှောက်ထိုးလို့ ရလား

လက်မှတ်တွေရဲ့ အကြောင်းကို ဘယ်လောက်သိကြလဲ။ လက်မှတ်တွေဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့တောင် တင်စားလို့ရပါတယ်။ ဒါပေမယ့် ဒီမှာဆိုရင် ကလေးတစ်ယောက်ကို လက်မှတ်စထိုးရမယ့်အချိန်ကစလို့ လက်မှတ်ဟာ ဘယ်လိုအရေးကြီးကြောင်း၊ လက်မှတ်ကို ဘာကြောင့် လှလှပပ၊ သပ်သပ်ရပ်ရပ်ထိုးသင့်ကြောင်း များသောအားဖြင့် ဘယ်သူကမှ လမ်းညွှန်ပေးလေ့မရှိကြပါဘူး။

ဒီလိုနဲ့ နာမည်ထဲက အဆင်ပြေရာ စာလုံးတစ်လုံးလုံးကို ကောက်ထိုးလိုက်ပြီး သေသည်အထိ ကိုယ်နဲ့အတူတူ ယှဉ်တွဲပါလာတဲ့လက်မှတ်ဆိုတာကြီး ဖြစ်သွားကြတော့တာပါပဲနော်။ တကယ်တော့ ဒီလိုမဖြစ်သင့်ပါဘူး။ လက်မှတ်ဆိုတာ လိုက်တုထိုးဖို့ ခက်ခဲရမယ်။ လှပသပ်ရပ်ရမယ်။ ကိုယ့်ကိုယ် ကိုယ်စားပြုပြီး ကိုယ်ကိုယ်တိုင်ကလည်း စိတ်ကျေနပ်မှုရှိရမယ်။ အဲဒီ့အတွက်လည်း မိဘတွေဟာ ကိုယ့်ရဲ့ သားသမီး စတင်ပြီးလက်မှတ်ထိုးရတော့မယ်ဆိုတဲ့အချိန်ကနေစတင်ပြီး တစ်သက်လုံး သူတို့နဲ့ ယှဉ်တွဲဖော်ပြခံရမယ့် လက်မှတ်ကိုပါ လေ့ကျင့်သင်ကြားပေးသင့်ပါတယ်။

သပ်ရပ်ပြီး ရိုးရှင်းရမယ်
လက်မှတ်တွေဟာ သပ်ရပ်ပြီး ရိုးရှင်းဖို့လိုအပ်ပါတယ်။ သင့်ရဲ့လက်မှတ်ကို တစ်သက်တာလုံးအတွက် စစ်ဆေးကြည့်ရှုရမယ့်လူတွေဟာ အသက်အရွယ်မျိုးစုံပါနိုင်တာမို့လို့ ကိုယ်ဆိုတာကို သိသာစေဖို့က အရေးကြီးပါတယ်။

Signature of Aung San Suu Kyi

ဆွဲဆောင်မှုရှိရမယ်
လက်မှတ်ကိုမြင်လိုက်တာနဲ့ လူကို စိတ်ဝင်စားသွားနိုင်တဲ့အထိ ဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။ တစ်ခါတလေ လူက ယူထားတာ ရာထူးကအကြီးကြီး လက်မှတ်ကကျတော့ ကလေးဆန်ပြီး ဆွဲဆောင်မှုမရှိဘူးဖြစ်နေတတ်ပါသေးတယ်။

Signature of Obama

ကိုယ်ပိုင်အမှတ်အသားဖြစ်ပါစေ
ကိုယ့်ရဲ့လက်မှတ်က တခြားသူဆီမှာလုံးဝမတွေ့ရတဲ့၊ ဆင်တူယိုးမှား လုံးဝမရှိတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ သူများတွေ လိုက်တုလို့မရလေကောင်းလေပါပဲ။ တခြားသူတွေ အလွယ်ထိုးနေတဲ့စကားလုံးမျိုးကိုလည်း ရှောင်သင့်ပါတယ်။

Signature of Queen Elizabeth II

အဆန်းထွင်တာတွေလျှေ့ာ့ပါ
တစ်ခါတလေ ကလေးတွေက မသိနားမလည်တော့ လက်မှတ်မှာ ကြယ်လေးတွေထည့်ဆွဲတာ၊ အသည်းပုံပေါ်အောင် ဆွဲတာမျိုးလေးတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလက်မှတ်ကြီးဟာ တရားဝင်သုံးရင်းသုံးရင်းနဲ့ အသက်လည်းကြီးရော ပြင်ချင်တာတောင် ပြင်မရဖြစ်သွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ကလေးတွေ ဒီလိုလက်မှတ်မျိုး ဖန်တီးနေပြီဆိုရင်လည်း တားမြစ်သင့်ပါတယ်။

Signature of Donald Trump‌‌

အရှည်နဲ့အတို နှစ်မျိုးအဆင်ပြေပါစေ
တချို့စာရွက်စာတမ်းတွေလိုအပ်ချက်အရ လက်မှတ်အရှည်ထိုးရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုလက်မှတ်အရှည်တွေအတွက်လည်း သင့်တော်အောင် လက်မှတ်အရှည်နဲ့ အတို အနည်းဆုံး နှစ်မျိုးအဆင်ပြေအောင် ဖန်တီးထားပါ။ ဒါပေမယ့် လက်မှတ်အယူအဆနဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ ကိုယ်ပဲ ဖြစ်ရပါလိမ့်မယ်။

Signature of General Aung San

လက်မှတ်နဲ့ နာမည်ဆိုတာ ကိုယ့်ကိုယ် တစ်သက်တာလုံး ကိုယ်စားပြုသွားမယ့်အရာနှစ်ခုပါ။ ဒါကြောင့် မိဘဖြစ်သူတွေကလည်း ကိုယ့်ရဲ့ကလေးတွေကို နာမည်မှည့်ပေးတာကိုပဲ ဂရုမစိုက်သင့်ပါဘူး။ လက်မှတ်ထိုးတတ်တဲ့အရွယ်ရောက်လာတဲ့အခါမှာလည်း လက်မှတ်တွေကိုပါ ဂရုတစိုက်ပြုပေးသင့်ပါတယ်။ ဒါမှ အများသူငါကြားမှာ ထင်ပေါ်ပြီး ထူးခြားမှုရှိနေမှာပါ။ အသက်အရွယ် ဘယ်အချိန်ပဲရောက်ရောက် သင့်တော်တဲ့လက်မှတ်မျိုးလေးတွေကိုပဲ ဖန်တီးပေးကြရအောင်နော်။

Moethaesay (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle