Xcalibur အပေါ် ရိုင်းဆိုင်းစွာ ဆက်ဆံခဲ့မိတဲ့ အတွက် ပြန်လည် တောင်းပန်ခဲ့ရတဲ့ iLTW

Xcalibur အပေါ် ရိုင်းဆိုင်းစွာ ဆက်ဆံခဲ့မိတဲ့ အတွက် ပြန်လည် တောင်းပန်ခဲ့ရတဲ့ iLTW

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က Virtus Pro Dota2 အသင်းရဲ့ Carry ကစားသမားဖြစ်သူ iLTW တစ်ယောက် နောက်ထပ် ပရိုကစားသမား တစ်ဦးဖြစ်သူ Xcalibur အပေါ် Rank Match တစ်ခု အတွင်း ရိုင်းစိုင်းစွာ ပြောဆို ဆက်ဆံခဲ့မှုနဲ့ ပတ်သတ်ပြီး Dota2 ပရိသတ်တွေ အကြားမှာ iLTW အပေါ် အပြစ်တင် ဝေဖန်မှုတွေ ပေါ်ပေါက်လို့ လာခဲ့ပါတယ်။

အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး Virtus Pro အဖွဲ့အစည်းဘက်မှ iLTW ကိုယ်စား Xcalibur အပေါ် တောင်းပန်မှုတွေ ပြန်လည် ပြုလုပ်ခဲ့သလို iLTW ကိုလည်း ပြင်းထန်တဲ့ ပြစ်ဒဏ်တစ်ခုကို ချမှတ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

ယခုအခါမှာတော့ iLTW ကိုယ်တိုင် အနေနဲ့ Xcalibur အပေါ် ရိုင်းစိုင်းစွာ ဆက်ဆံခဲ့မှုများနဲ့ ပတ်သတ်ပြီး ပြန်လည် တောင်းပန်မှုတွေ ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ ရက်ပိုင်းက Rank Match တစ်ပွဲမှာ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် Xcalibur နဲ့ သူ့မိသားစုဝင်တွေ အပေါ် မပြောသင့်တဲ့ စကားလုံးတွေနဲ့ ထိုးနှက်ခဲ့မိပါတယ်။ ပရိုဖက်ရှင်နယ် ကစားသမား တစ်ဦး အနေနဲ့ စိတ်ခံစားချက်တွေ အပေါ် ဦးစားပေးပြီး ရိုင်းစိုင်းစွာ ပြောဆိုဆက်ဆံခြင်းတွေ မပြုလုပ်သင့်မှန်း သိထားပေမယ့်လည်း ကျွန်တော် အမှားကြီး တစ်ခုကို ကျူးလွန်ခဲ့မိပါတယ်။ အဲဒီအတွက် Xcalibur ကို အထူးပင် တောင်းပန်အပ်ပါတယ်။”

iLTW အပါအဝင် Virturs Pro Dota2 အဖွဲ့သားတွေ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် BEYOND EPIC: Europe/ CIS ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သွားဖို့ ရှိတာကြောင့် အဆိုပါ ပြိုင်ပွဲမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ရလျက်ရှိတဲ့ iLTW တစ်ယောက် လက်စွမ်းကောင်းတွေကို ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle