Public Match မှာ ဆဲရေးတိုင်းထွာခဲ့တာကြောင့် အပြစ်ပေးခံရတော့မယ့် VP Dota2 အသင်း Carry ကစားသမား iLTW

Public Match တွေမှာ Item ရိုက်ခွဲတာတွေ၊ တစ်ဖက်အသင်း ကစားသမားတွေကို လှောင်ပြောင်တာတွေ၊ အသင်းသားတွေ အပေါ် ရိုင်းပြစွာ ဆက်ဆံတာတွေဟာ Dota2 ကစားသမား အများစု ကြုံတွေ့ရလေ့ရှိတဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိုကစားသမား ဘဝကို ခံယူလိုက်ပြီ ဆိုရင်တော့ ပရိသတ်တွေရဲ့ စံပြကစားသမား ဖြစ်သွားပြီ ဖြစ်တာနဲ့ အညီ မိမိရဲ့ အပြုအမူတွေကိုလည်း တတ်နိုင်သလောက် ထိန်းကျောင်းသွားဖို့ လိုအပ်ပါတယ်။

CIS အခြေစိုက် နာမည်ကျော် Dota2 အသင်း Virtus Pro ရဲ့ Carry ကစားသမားဖြစ်သူ Igor “iLTW” Filatov ကတော့ Public Match တစ်ခုမှာ ပရိုကစားသမား ဘဝကနေ ခေတ္တအနားယူပြီး Streamer လုပ်နေတဲ့ Steve “Xcalibur” Ye ကို ဆဲရေး တိုင်းထွာခဲ့တာကြောင့် လက်ရှိအချိန်မှာ VP Esports အဖွဲ့အစည်းရဲ့ အပြစ်ပေး အရေးယူမှုကို ခံယူသွားရတော့မှာ ဖြစ်ပါတယ်။

iLTW အနေနဲ့ Public Match ပွဲစဉ်တစ်ခုမှာ Xcalibur နဲ့ တစ်သင်းတည်း အတူ ကစားခဲ့ရပြီး Xcalibur ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး အလွန်အကျူး အပြစ်တင် ဝေဖန်ခဲ့သလို၊ ဆဲရေးတိုင်းထွာမှုတွေကိုလည်း အလွန်အမင်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် Xcalibur ကို Streamer ဘဝနဲ့ပဲ ဆက်လက် နေထိုင်သွားဖို့၊ ပရိုကစားသမား တစ်ယောက်မှာ ရှိသင့်တဲ့ အရည်အသွေးတွေ Xcalibur မှာ တည်ရှိနေခြင်း မရှိကြောင်း အလွန်အကျူး ပြောကြားသွားခဲ့ပါတယ်။ အခုလို Xcalibur အပေါ် မဆက်ဆံသင့်တဲ့ အပြုအမူတွေနဲ့ ဆက်ဆံခဲ့မိတာကြောင့် VP Esports အဖွဲ့အစည်းဘက်ကတော့ Xcalibur ကို အခုလိုပဲ ပြန်လည် တောင်းပန်သွားခဲ့ပါတယ်။
We want to apologize to @XcaliburYe and all the folks in community for the recent iLTW’s behaviour in a pub game. We in no way tolerate toxicity. The player will be fined and we will take appropriate actions to prevent such things from happening again.
— Virtus.pro (@virtuspro) June 6, 2020
“iLTW ရဲ့ အပြုအမူတွေနဲ့ ပတ်သတ်ပြီး Xcalibur အပါအဝင် Dota2 ပရိသတ်တွေ အားလုံးကို တောင်းပန်အပ်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ ကစားသမား အချင်းချင်း ရိုင်းပြစွာ ဆက်ဆံမှုကို အပြင်းအထန် တားမြစ်ထားသလို အခုလို အပြုအမူမျိုးကို ကျူးလွန်ခဲ့တဲ့ iLTW ကိုလည်း ထိုက်သင့်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ နောက်ထပ် အခုလို အဖြစ်အပျက်မျိုး ထပ်မံ ပေါ်ပေါက်လာခြင်း မရှိစေဖို့လည်း အစွမ်းကုန် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”
REF: VpEsports