မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကိုယ်အားကိုးနိုင်ဖို့ဆိုရင်

မိန်းကလေးတစ်ယောက်က ကိုယ့်ကိုကိုယ်အားကိုးနိုင်ဖို့ဆိုရင်

အခုခေတ်မိန်းကလေးတွေက ပွင့်ပွင့်လင်းလင်းပြောရရင်အရမ်းကိုတော်ကြပါတယ်။မီးဖိုချောင်အလုပ်တွေကိုလည်း လုပ်နိုင်သလို အပြင်ကစီးပွါးရေးကိုလည်းလုပ်နိုင်တာတွေ့လာရပါတယ်။တစ်ချို့မိန်းကလေးတွေကတော့ ကိုယ့်ကိုကိုယ်အဲ့လိုမျိုးလုပ်နိုင်တယ်ဆိုတာကိုလက်ခံဖို့ဝန်လေးနေတတ်ကြပါသေးတယ်။ဒီလိုဆိုရင်ဘယ်အချက်တွေက ကိုယ့်ကိုကိုယ်အားကိုးနိုင်ဖို့တွန်းအားဖြစ်စေနိုင်မလဲ ။
ကိုယ့်ကိုကိုယ်ချစ်ပါ
ကိုယ့်ကိုကိုယ်ချစ်ပါဆိုတဲ့နေရာမှာ မိန်းကလေးတွေကတစ်ခြားသူတွေအတွက်ဆိုအရမ်းကိုပေးဆပ်တတ်ကြပါတယ်။မိန်းကလေးတွေရဲ့စိတ်အရင်းခံက အရမ်းလည်းအားနာတတ်ကြပါတယ်။ဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်တတ်အောင်ကြိုးစားပါ။ကိုယ့်ရဲ့တန်ဖိုးကိုယ်သိမှ ကိုယ်ဘယ်လောက်ကြိုးစားဖို့လိုလဲဆိုတာကိုသိလာနိုင်မှာပါနော်။

Photo Credit -Psychology


နားလည်ပေးပါ
ကိုယ့်အပေါ်မှာမကောင်းတဲ့သူတွေကို နားလည်ပေးခြင်းကသာကိုယ့်အတွက်အကောင်းဆုံးအဖော်အမွန်ပါ။  ကိုယ့်အပေါ်မှာသူကမကောင်းဘူး၊ ငါလည်းသူအပေါ်မှာပြန်မကောင်းနိုင်ဘူးလို့ခံယူနေမဲ့အစားနားလည်ပေးလိုက်ပါ။သူမှာဒီလိုမျိုး စိတ်အရင်းခံတွေရှိနေလို့ပဲ့ဆိုပြီးတော့နားလည်းပေးလိုက်ပါနော်။ကိုယ့်အတွက်ပိုအောင်မြင်မှုတွေရနိုင်မှာပါ။

Photo Credit -mags


အမှားဖြစ်သွားမှာမကြောက်ပါနဲ့
လူတိုင်းကအမှားဖြစ်သွားမှာကြောက်တတ်ကြပါတယ် မိန်းကလေးမှမဟုတ်ပါဘူး။ဘဝမှာလူတိုင်းကအမှားလုပ်ဖူးကြပါတယ်။အမှားလုပ်ပြီးတဲ့အချိန်တွေမှာ ကိုယ့်ကိုကိုယ်နောင်တမရဖို့သာအရေးကြီးပါတယ်။တစ်ခါတစ်လေ လူတွေကအမှားတွေလုပ်မိပြီးသွားရင် သိမ်ငယ်စိတ်တွေဝင်တတ်ကြပါတယ်။အရေးကြီးတာကအမှားသိပြီး အမှန်ပြင်ဖို့ကသာအရေးကြီးပါတယ်နော်။

Photo Credit -Country