TikTok နဲ့ လက်တွဲလိုက်နိုင်ပြီဖြစ်တဲ့ EVOS Esports ရဲ့ Talents ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်း WHIM

TikTok နဲ့ လက်တွဲလိုက်နိုင်ပြီဖြစ်တဲ့ EVOS Esports ရဲ့ Talents ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်း WHIM

အင်ဒိုနီးရှား အခြေစိုက် EVOS Esports ကိုယ်စားပြု Streamer တွေ၊ Content Creator တွေ၊ Casters တွေစတဲ့ Talents တွေအတွက် စီမံခန့်ခွဲမှုတွေ ပြုလုပ်ပေးလျက်ရှိတဲ့ WHIM အဖွဲ့အစည်း အနေနဲ့ နာမည်ကျော် Video-Sharing Platform ဖြစ်တဲ့ TikTok နဲ့ လက်တွဲလိုက်နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Talents ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့အစည်း WHIM အနေနဲ့ TikTok Creator တွေ အတွက် Brand Deals, Content Programming, Creator Collaborations, Digital Rights Management, Monetization စတဲ့ အပိုင်းတွေမှာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် WHIM အနေနဲ့ TikTok Creator တွေ မသိမဖြစ် သိရှိထားဖို့ လိုအပ်တဲ့ Workshops တွေကိုလည်း ဖွင့်လှစ်ကာ သင်ကြားပြသမှုတွေ ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ WHIM အနေနဲ့ အရှေ့တောင်အာရှ Gaming Influencer စီမံခန့်ခွဲမှု အပိုင်းမှာ နယ်ချဲ့နိုင်ဖို့ ရည်ရွယ်လျက်ရှိပြီး အခုလို TikTok နဲ့ လက်တွဲလိုက်နိုင်ခြင်းက WHIM အတွက်တော့ တကယ်ကို အကျိုးရှိတဲ့ လက်တွဲမှု တစ်ခု ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ WHIM အဖွဲ့အစည်း အနေနဲ့ ဒေါ်လာ ၄.၄ သန်းခန့် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး နာမည်ကျော် Creator တွေနဲ့ လက်တွဲနိုင်အောင် ကြိုးပမ်းမှုတွေကို စတင် ပြုလုပ်ခဲ့ပါတယ်။ WHIM အနေနဲ့ လက်ရှိအချိန်မှာ အရှေ့တောင် အာရှအခြေစိုက် Gaming နဲ့ Lifestyle Talents ပေါင်း (၃၀၀) ကျော်နဲ့ လက်တွဲနိုင်ခဲ့ပြီ ဖြစ်သလို TikTok Talents (၆၀) ကျော် အတွက်လည်း စီမံခန့်ခွဲမှုတွေကို ကိုယ်စား ပြုလုပ်ပေးလျက် ရှိပါတယ်။

TikTok အင်ဒိုနီးရှားရဲ့ အကြီးတန်း မားကတ်တင်း မန်နေဂျာဖြစ်သူ Jessica Gautama ကတော့ WHIM နဲ့ လက်တွဲနိုင်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“WHIM နဲ့ လက်တွဲနိုင်ခဲ့တာကြောင့် TikTok Creators တွေ အနေနဲ့ သူတို့ရဲ့ Content အရည်အသွေးတွေကို မြှင့်တင်နိုင်မှာ ဖြစ်သလို WHIM အဖွဲ့အစည်းရဲ့ ညွှန်ကြား ပြသမှုတွေအောက်မှာ ယခုထက် ပိုမို အောင်မြင်လာမယ်လို့လည်း ယုံကြည်မိပါတယ်။”

REF: MarketingInteractive

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle