အပင်လေးတွေကကိုယ့်ပတ်ဝန်းကျင်ကိုဘယ်လိုအကျိုးပြုစေလဲ

အပင်လေးတွေကကိုယ့်ပတ်ဝန်းကျင်ကိုဘယ်လိုအကျိုးပြုစေလဲ

သစ်ပင်ဆိုတာက ကမ္ဘာမြေကြီးပေါ်မှာရှင်သန်နေတဲ့မရှိမဖြစ်အရာတစ်ခုပါ။ရာသီဥတုပြောင်းလဲလာတယ်၊ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေလျော့ကျလာတယ်ဆိုတာက ရှင်သန်နေတဲ့သစ်ပင်တွေလျော့နည်းလာမှုကြောင့်ပါ။သစ်ပင်ပန်းပင်လေးတွေက တစ်နေ့တာပင်ပန်းနွမ်းနယ်လာသမျှကိုပြေလျော့စေပြီးမြင်လိုက်ရင်လည်း စိတ်ကြည်နှုးစေတဲ့အရာမျိုးပါ။ အပင်စိုက်ဖို့နေရာကျယ်ကျယ်ဝန်းဝန်းမရှိဘူးဆိုရင်တောင် ကိုယ်နေတဲ့တိုက်ခန်းလေးမှာပဲ့ဖြစ်ဖြစ်၊ရုံးခန်းလေးတွေမှာလည်း Indoor Plants ပန်းအိုးလေးတွေစိုက်ထားရင်လည်းစိတ်အရမ်းပင်ပန်းနေတဲ့အချိန်လေးဆိုအပင်လေးဆီကထွက်လာတဲ့ အောက်ဆီဂျင်လေကိုလည်းရှုလိုက်ရင်လည်း စိတ်ထွက်ပေါက်တစ်မျိုးပဲနော်။

Philodendron Plant
အစိမ်းရင့်ရင့် Indoor Plant အမျိုးအစားဖြစ်ပြီးအခန်းတွင်းရှိလေကိုသန့်စင်ပေးသလို စိမ်းစိမ်းစိုစိုရှိလို့စိတ်ကိုလန်းဆန်းတက်ကြွစေပါတယ်။ရေအများကြီးလောင်းပေးစရာမလိုပါဘူးနော်။အပင်လေးတွေတဖြည်းဖြည်းကြီးလာရင်တော့ပန်းအိုးကြီးထဲပြောင်းဖို့မမေ့နဲ့နော်။

Lotus Succulent
Succulent ချစ်သူတွေဆိုရင်တော့သိပါတယ်၊ Succulent အပင်အမျိုးအစားတွေကတော့အများကြီးရှိပါတယ်။Rose Succulent ကချစ်စရာကောင်းတယ်၊လက်ဆောင်ပေးရင်လည်းချစ်စရာကောင်းလို့လက်ခံသူပျော်ရွှင်ရလောက်တဲ့   အပင်လေးပါ။။ရေကိုတစ်လနှစ်ကြိမ်လောက်လောင်းရုံနဲ့ရှင်နိုင်ပါတယ်။

Jade Plant
Jade Plant , Money Plant ,Friendship Plant စသည်ဖြင့်နိုင်ငံတကာမှာမျိုးစုံခေါ်ကြပါတယ်။အားလုံးထဲမှာတော့ Friendship Plant လို့ပေးတဲ့နာမည်လေးကတော့အကြိုက်ဆုံးပေါ့နော်။သူငယ်ချင်းအချင်းချင်း အပင်လေးတွေမျှဝေပြီးအတူတူစိုက်ကြတဲ့ဓလေ့ကိုညွှန်းဆိုတာမို့ သိပ်ကိုချစ်စရာကောင်းတဲ့အပင်လေးပါ။

Snake Plant
အလုပ်စားပွဲပေါ်တွေမှာ အလှစိုက်လို့ရသလို အောက်စီဂျင်ကိုထုတ်ပေးလို့ အိပ်ခန်းတွင်လည်းစိုက်သင့်တဲ့အပင်လေးတွေပါ။ နဂါးစက်ပင်လေးကလေထုထဲရှိတတ်တဲ့လူကိုအန္တာရယ်ဖြစ်စေနိုင်တဲ့ Xylene,Trichloroethylene,Benzene,Formaldehyde စတဲ့ဓာတုအငွေ့တွေကိုဖယ်ရှားပေးနိုင်ပါတယ်။

Maple Plant
Maple အပင်လေးတွေ့ အပင်ပုပုလေးဖြစ်ပြီးသူ့အရွက်အရောင်က လွမ်းဆွတ်တမ်းတစရာကောင်းတဲ့အရောင်လေးလိုဖြစ်နေတာပေါ့နော်။အလင်းရောင်ရပြီးလေဝင်လေထွက်ကောင်းတဲနေရာလေးမှာထားပေးရပါမယ်။

Kelly( Akhayar Lifestyle)

Photos Credit

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle