Instagram မှာFollow လုပ်ကိုလုပ်ထားသင့်တဲ့ Fashion Blogger တွေ
အနုပညာရှင်တွေမဟုတ်ပဲနဲ့ သူတို့ရဲ့ ပုံရိပ်တွေကြည့်လိုက်တာနဲ့ အထာကျပြီးတော့ Teenger ကောင်မလေးတွေကို Infulence ဖြစ်အောင်လုပ်နိုင်တဲ့ Blogger လေးတွေကအခု 2019 လောက်ကစပြီးအရမ်းကိုများလာပါတယ်။ကိုယ်က Fashion ကိုလိုက်စားတဲ့သူတစ်ယောက်ဆိုရင်တော့ မင်မင်အခု ပြောပြတဲ့သူတွေကိုတော့ပြေးကြည့်သင့်နေပြီနော်။Fashion Trend အမျိုးအစားတွေအများကြီးတွေထဲကမှ သူတို့ရဲ့မတူုခြားနားတဲ့ Design တွေကလည်း အခုခေတ်ကောင်မလေးတွေကိုဆွဲဆောင်နေတာတော့အမှန်ပါနော်။
AmiAya
Twin Fashion အကြမ်းစားတွေ Street Wear တွေကိုအမိုက်စားတွေကိုကာလာဆန်းဆန်းတွေနဲ့ ထူးခြားတဲ့ပုံစံလေးဖြစ်ပါတယ်။ Japanese Trend တွေရဲ့ Street တွေကိုစိတ်ဝင်စားတယ်ဆိုရင် AmiAya Twin ကို Followလုပ်သင့်နေပြီနော်။
Maggie Mccormack
Maggie က Youtuber တစ်ယောက်လည်းဖြစ်သလို သူမရဲ့ Instagram Feed မှာဆိုကာလာလေးတွေရွေးချယ်ထားတာတွေက အရမ်းကိုမျက်လုံးအေးစေတဲ့အရောင်တွေကြီးပါနော်။ သူရိုက်တဲ့ပုံစံတွေကလည်း Credit ဖြစ်တယ်လို့ပြောလို့ရပါတယ်။
Alicia Roddy
Alicia က Fashion ပိုင်းနဲ့ရော Body ပိုင်းရောအပြစ်ပြောစရာမရှိအောင်ပါနော်။သူ့ရဲ့ Fashion ပုံစံက Street ဘက်လည်းအရမ်းမရောက်တဲ့ပုံစံမျိုးလေးတွေပါ။ခပ်မိုက်မိုက် ကောင်မလေးတစ်ယောက်တောင်ပြောလို့ရပါတယ်။
Kelly - Akhayar Lifestyle