အင်တာနက်ခေတ်ကြီးမှာ လူကို နေမထိထိုင်မသာဖြစ်စေတဲ့ အရာတွေ

အင်တာနက်ခေတ်ကြီးမှာ လူကို နေမထိထိုင်မသာဖြစ်စေတဲ့ အရာတွေ

Digital ခေတ်မှာ လူကို မရိုးမရွဖြစ်စေပြီး၊ နေမထိ ထိုင်မသာဖြစ်စေတဲ့ အရာတွေရဲ့ အဓိက မြစ်ဖျားခံရာကတော့ ဖုန်းတွေ လူမှုကွန်ရက်တွေကပဲ ဖြစ်ပါတယ်။ ပထမဆုံးပြောပြမယ့်အချက်ကတော့…

(၁) Group လို့ပြောလိုက်ရင် ကြက်သီးထလာတာ

Messenger ၊ facebook ၊ Viber ၊ We Chat ၊ Line ၊ Whatapps စတဲ့နေရာတွေမှာ Group ပေါင်း သောင်းခြောက်ထောင်ရှိနေတတ်တဲ့ထဲ ကိုယ်ကိုယ်တိုင်ကလည်း အဲ့ Group တွေထဲက Member တစ်ယောက် မဟုတ်ပါလား။ ခုစာဖတ်နေတဲ့ အခရာပရိသတ်ကြီးတချို့လည်း ဖြစ်မှာပေါ့။ တစ်ယောက်ယောက်ကများ “Group ထဲ ထည့်လိုက်မယ်နော်” လို့ ပြောရင် မကြိုက်သော်လည်း အောင့်ကာနမ်းဆိုသလို “အင်း ထည့်လိုက်လေ” ဆိုပြီး အားနာနာနဲ့ ပြန်ပြောမိတယ် ဟုတ်။

(၂) Noti အသံတွေကို ကြောက်နေတာ

ဒီအသံကို ကြောက်တဲ့သူတွေက ပုံမှန်အားဖြင့် အွန်လိုင်းကို အလုပ်ကိစ္စတစ်ခုအတွက်ပဲ ဦးစားပေးပြီး သုံးတတ်တဲ့ ပုဂ္ဂိုလ်မျိုးတွေမှာ တွေ့ရပါလိမ့်မယ်။ ဒီလို ပုဂ္ဂိုလ်တွေမှာ ရှိတတ်တဲ့ Psycho တွေက အင်တာနက်လိုင်းဖွင့်လိုက်တာနဲ့ Noti တွေ ဆက်တိုက်တက်လာရင် “ငါမသိလိုက်တဲ့ ကိစ္စတွေရှိနေပြီ” ဒါမှမဟုတ် “ဘာပြဿနာတွေတက်ပြန်ပြီလဲ မသိဘူး” ဆိုတဲ့အတွေးတွေက ဆက်တိုက်ဖြစ်နေတတ်ပါတယ်။

(၃) React တွေအပေါ် အတွေးတွေပွားတာ

“ဘာလို့လဲ ဘာလို့လဲ သူငါ့ကို ဘာလို့ Angry ပေးသွားလဲ” ဆိုပြီး တွေးတယ် တွေးတယ် တကယ်တော့ ပေးတဲ့လူဘက်က ဒီတိုင်းလေးပဲ ပေးသွားတာ။ ကိုယ့်မှာတော့ အတွေးပေါင်းသောင်းခြောက်ထောင်ကျန်ခဲ့တဲ့ နေ့တွေ ပရိသတ်ကြီးမှာ ဘယ်လောက်တောင်များနေပြီလဲ။

(၄) Like ၊ Love ၊ Ha Ha တွေရဲ့ အကြီးစားလွှမ်းမိုးမှု

ကိုယ့်အနီးအနားက ယူထားတဲ့ သဘောတူညီအရရော ကိုယ်ကိုယ်တိုင်ကပါ အလှဆုံးလို့ ထင်ရတဲ့ပုံကို တင်ထားရဲ့သားနဲ့ “ဘာလို့ ဟိုနေ့က တင်တဲ့ပုံထက် Love တွေ နည်းနေရတာလဲ” ဆိုပြီး တွေးဖူးရင်တော့ ပရိသတ်ကြီးဟာ ခေတ်သစ်ရောဂါခံစားနေရတဲ့လူလို့ ပြောချင်ပါတယ်။ အရေးထဲ ကိုယ့်ပို့စ်မှာ ရယ်စရာလည်းမပါပါဘဲနဲ့ ဘာမဆိုင် ညာမဆိုင် Ha Ha ပေးသွားတဲ့လူကို ဒေါသထွက်နေရင်တော့ ခေတ်သစ်ရောဂါဖြစ်နေတာ ပိုလို့တောင် သေချာသွားပါပြီ။

(၅) တစ်ခုခုမြင်ရင် ပွတ်မိနေတတ်တာ

ဖုန်းပွတ်ရတာ ဘယ်လောက်တောင် အကျင့်ပါနေလဲဆိုရင် တစ်ခါတလေ ကွန်ပျူတာ Screen ကို လက်နဲ့ ယောင်ပြီး သွားပွတ်တတ်ကြတယ်ဟုတ်။ မညာနဲ့နော် ဒီက သိနေတယ်။ ဒါလည်းပဲ ဒီဂျစ်တယ်ခေတ်ရေစီးကြောင်းက ရလာတဲ့ အကျင့်တစ်ခုပါပဲ။

(၆) အင်တာနက်မရှိရင် တစ်ခုခုလိုနေတာ

ရုံးမှာလည်း Wifi ၊ Shopping Center တွေမှာလည်း Wifi ၊ အိမ်ရောက်လည်း အင်တာနက်သုံးနေတဲ့ ခေတ်ကြီးမှာ ကိုယ့်ဖုန်းထဲမယ်လည်း ဘေလ်မရှိ၊ Wifi မရှိတဲ့နေရာလည်းရောက်ချိန်ဆို နားကားတာပဲ။ ထိုင်မရ ထမရနဲ့၊ အာရုံပြောင်းအောင် ဖုန်းထဲက ဂိမ်းဆော့နေလည်း တစ်ခုခုလိုနေသလို ခံစားရသူတွေ ရှိတယ်ဟုတ်။

Photo credited to Google

NSC (Akhayar)

www.akhayarmedia.com

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle