Qualifier စနစ်နဲ့ ပတ်သတ်ပြီး မနှစ်သက်တဲ့ အချက်များကို ရင်ဖွင့်လာခဲ့တဲ့ Dota2 ကစားသမား xNova

Qualifier စနစ်နဲ့ ပတ်သတ်ပြီး မနှစ်သက်တဲ့ အချက်များကို ရင်ဖွင့်လာခဲ့တဲ့ Dota2 ကစားသမား xNova

PSG.LGD Dota2 အသင်းရဲ့ Pos5 ကစားသမားဖြစ်သူ Jian Wei “xNova” Yap အနေနဲ့ လက်ရှိအချိန်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် မွေးရပ်နိုင်ငံဖြစ်တဲ့ မလေးရှား နိုင်ငံမှာသာ ဆက်လက် တည်ရှိလျက် ရှိသလို အသင်းနဲ့အတူ ပြန်လည် ပူးပေါင်းနိုင်ခြင်းလည်း မရှိသေးပါဘူး။

မလေးရှားနိုင်ငံမှာ မိသားစုနဲ့ အတူ တည်ရှိနေတဲ့ ကာလအတွင်း VP Esports အဖွဲ့သားတွေ အနေနဲ့ 2019-2020 DPC ရာသီမှာ PSG.LGD Dota2 အသင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သတ်ပြီး မေးမြန်းစုံစမ်းခဲ့ရာမှာ xNova ကတော့ အခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။

Q - မင်္ဂလာပါ xNova။ အခုလို အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အခုလို ခက်ခဲကြမ်းတမ်းတဲ့ ကာလမှာ မလေးရှားနိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး ဖြေကြားပေးပါဦး။

A - လက်ရှိအချိန်မှာ မလေးရှားနိုင်ငံ အတွင်း တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ပြီး COIVD-19 ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလျက် ရှိပါတယ်။ အခုဆိုရင် လုပ်ငန်း အများစု အနေနဲ့ ပြန်လည် ဖွင့်လှစ်နိုင်တဲ့ အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပေမယ့် အစိုးရဘက်ကတော့ တတ်နိုင်သမျှ အိမ်ကနေသာ လုပ်စရာ ရှိတာများကို လုပ်ကိုင်ကြဖို့ တိုက်တွန်း နှိုးဆော်လျက် ရှိပါတယ်။

Q - ဒီတော့ Dota2 အကြောင်းလေး ပြောကြရအောင်ဗျာ။ 2019-2020 DPC ရာသီက PSG.LGD အတွက် ဆိုးဝါးတဲ့ ရာသီ တစ်ခု ဖြစ်ခဲ့တယ်နော်။ ဘာဖြစ်လို့လည်း ဆိုတာကို ပြောပြပေးပါဦး။

A – TI9 ပြီးဆုံးချိန်မှာ အချိန်အကြာကြီး အနားယူခဲ့ကြတယ်။ ဒုတိယမြောက် Major လက်ရည်စစ်ပွဲတွေ အတွက် ကြိုတင် ပြင်ဆင်ခြင်း မရှိဘဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတယ်။ နောက်ပြီးတော့ Leipzig Major (ဒုတိယ Major) စတင်ဖို့ အချိန် အနည်းငယ် အလိုမှာ Patch အသစ် ထွက်လာခဲ့တယ်။ အဲဒီ Patch ကို လေ့လာချိန် အနည်းငယ်သာ ရရှိခဲ့တာကြောင့် ကျရှုံးခဲ့တာလို့ ထင်မြင်မိပါတယ်။

တတိယမြောက် Major ဖြစ်တဲ့ ESL One LA အတွက် လက်ရည်စစ်ပွဲတွေ ကျင်းပချိန်မှာ အသင်းအတွင်း ပြဿနာလေးတွေ တည်ရှိနေခဲ့တယ်။ ဒါကြောင့် လူစာရင်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရတယ်။ ဒါပေမယ့်လည်း လူစာရင်း အသစ်နဲ့ အချိန် အနည်းငယ်သာ လေ့ကျင့်ခွင့် ရရှိခဲ့တာကြောင့် Open Qualifier မှာတင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

Q - ကျရှုံးမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ရတာကြောင့် PSG.LGD မှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရတာ ဖြစ်တယ်လို့ သိထားပါတယ်။ ဒါပေမယ့် Chalice ကို Pos1 ကစားသမား အဖြစ် ဘာဖြစ်လို့ ပြောင်းလဲ ကစားခဲ့တယ် ဆိုတာကို ဖြေပေးပါဦး။

A – Ame နေရာမှာ အစားထိုးဖို့ အတွက် Pos1 ကစားသမားကို ရှာဖွေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ ကိုက်ညီမယ့် ကစားသမားဆိုလို့ Offlane ကစားသမားဖြစ်တဲ့ Eleven ကိုသာ တွေ့ရှိခဲ့ကြပါတယ်။ နောက်ပြီးတော့ Chalice အနေနဲ့ အရင်တုန်းက Pos1 နေရာမှာ ကစားဖူးတာကြောင့် Chalice ကို Pos1 နေရာမှာ ပြောင်းလဲ ကစားစေခဲ့ပြီး Eleven ကို‌ Pos3 နေရာ အတွက် ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အဲဒီ အပြောင်းအလဲကလည်း အသင်း အတွက် အလုပ်ဖြစ်စေခဲ့တယ်လေ။

Q – လက်ရည်စစ်ပွဲတွေ အကြောင်း ဆက်ပြောကြရအောင်။ xNova အနေနဲ့ Direct Invite ပေးတဲ့ စနစ်ကို ကြိုက်လား၊ ဒါမှမဟုတ် အသင်းအားလုံး လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ရတဲ့ စနစ်ကို သဘောကျလား ဆိုတာကို ဖြေပေးပါဦး။

A - ကျွန်တော်ကတော့ ပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခဲ့တဲ့ အသင်းတွေကို Direct Invite ပေးတဲ့ စနစ်ကို ပိုပြီးတော့ သဘောကျမိပါတယ်။ Major ချန်ပီယံ အသင်း တစ်သင်းက ပြိုင်ပွဲကနေ ပြန်ရောက်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာ လက်ရည်စစ်ပွဲကနေ တစ်ဆင့် နောက်ထပ် ပြိုင်ပွဲ တစ်ခုမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် ထပ်မံ ကြိုးစားရတယ် ဆိုတာ အလုပ်မဟုတ်ဘူးလို့ ကျွန်တော်ကတော့ ထင်မိပါတယ်။

Q - တရုတ် Dota2 လောကအတွင်း အခြေအနေတွေနဲ့ ပတ်သတ်ပြီးတော့လည်း ဖြေကြားပေးပါဦး။

A - တရုတ် အခြေစိုက် အသင်းတွေ အကြား ပြိုင်ဆိုင်မှုတွေက တစ်နေ့ထက် တစ်နေ့ ပိုမို ပြင်းထန် လာတယ်လို့ ကျွန်တော်ကတော့ ထင်မြင်မိပါတယ်။

Q - လက်ရှိ တရုတ် အင်အားကြီး Dota2 အသင်း (၃) သင်းကို ပြောပါဆိုရင် ဘယ်အသင်းတွေကို ပြောလို့ရမယ် ဆိုတာကို ဖြေပေးပါဦး။

A – Vici Gaming, RNG နဲ့ EHome တို့ကို တရုတ် အခြေစိုက် အင်အားကြီး Dota2 အသင်းများ အဖြစ် သတ်မှတ်နိုင်ပါတယ်။

Q – PSG.LGD ကရော အဲဒီ အင်အားကြီး အသင်းတွေ စာရင်းထဲမှာ ပါဝင်နိုင်တဲ့ အခြေအနေကို မရောက်သေးဘူးလား။

A - ကျွန်တော် အခုနက ပြောခဲ့သလိုပါပဲ။ တရုတ် အခြေစိုက် Dota2 အသင်းတွေနဲ့ ပြိုင်ဆိုင်မှုတွေက တကယ်ကို ပြင်းထန်သလို၊ အရည်အချင်းကလည်း တစ်သင်းနဲ့ တစ်သင်း မတိမ်းမယိမ်း အနေအထားမှာ တည်ရှိနေပါတယ်။ VG, RNG, Ehome, PSG.LGD တို့အပြင် CDEC ဟာဆိုရင်လည်း တကယ်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ အသင်းတစ်သင်း အဖြစ် ရပ်တည်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Q - လက်ရှိ Dota2 Meta ကိုရော သဘောကျရဲ့လား။

A - သိပ်ပြီးတော့ သဘောမကျမိပါဘူး။ Status Resistance အလုပ်လုပ်ပုံနဲ့ Heaven’s Halberd Item တို့က ယခု Meta မှာ Overpower ဖြစ်နေတယ်လို့ ထင်မိပါတယ်။

Q - လက်ရှိ Meta မှာ Pos5 အဖြစ် ကစားလို့ကောင်းတဲ့ Hero လေးတွေကို ပြောပေးပါဦး။

A – Keeper of the Light, Grimstroke, Shadow Demon, Enchantress တို့က အခု Meta မှာ ကစားရတာ တကယ်ကို အဆင်ပြေပါတယ်။

Q - အခုလို အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်မိပါတယ်။ နောက်ထပ်ရော ဘာများပြောချင်သေးလဲဗျ။

A – COVID-19 ရှေ့တန်းစစ်မျက်နှာပြင်မှာ တိုက်ပွဲဝင်လျက်ရှိတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ လူသားတွေ အားလုံး အနေနဲ့လည်း ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး လက်ကိုပုံမှန် ဆေးကြေသန့်စင်ပေးဖို့ မမေ့ကြဖို့ ဒီနေရာကနေ တစ်ဆင့် ပြောကြားလိုပါတယ်။

REF: VpEsports