Introvert တွေကလည်း လုပ်ငန်းခွင်အတွက် အသုံးဝင်တဲ့သူတွေဆိုတာသိကြလား

Introvert တွေကလည်း လုပ်ငန်းခွင်အတွက် အသုံးဝင်တဲ့သူတွေဆိုတာသိကြလား

ခေါင်းဆောင်မှုအပိုင်းနဲ့လုပ်ငန်းပိုင်းတွေမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပြီးတော့ (Charisma) သြဇာရှိတဲ့သူတွေက ပိုပြီးတော့ သင့်တော်တယ် ၊ လုပ်နိုင်ကိုင်နိုင်တယ်လို့ ယေဘုယျအားဖြင့်ယူဆထားကြတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ဟာကိုယ်စားပွဲမှာ ကုတ်ကုတ်နဲ့အလုပ်လုပ်တတ်တဲ့ Introvert တွေကိုတော့ မမြင်ဘဲကျော်သွားကြတယ်။ ဒါပေမယ့် Enterpreneur.com ရဲ့အဆိုအရတော့ Introvert တွေကလည်း အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေဖြစ်နိုင်ပါတယ်တဲ့။

လုပ်ငန်းကိုအထောက်အကူပြုတာ
မှန်ကန်တဲ့လက်နက်သာရှိမယ်ဆိုရင် Introvert တွေတော်တဲ့ခေါင်းဆောင်တွေဖြစ်နိုင်ပြီး လုပ်ငန်းတွေမှာ မြင့်မားတဲ့ရာထူးတွေကိုရနိုင်ပါတယ်တဲ့။ Mark Zukerberg ၊ Bill Gates နဲ့ Warren Buffet တို့လိုသူတွေကိုပဲ ကြည့်ကြည့်ပေါ့။ Quiet: The Power of Introverts in a World That Can’t Stop Talking ဆိုတဲ့ Susan Cain ရေးထားတဲ့စာအုပ်ထဲမှာ Introvert တွေရဲ့ ရှုပ်ထွေးတဲ့ပြဿနာတွေကို အသည်းအသန်ဖြေရှင်းတဲ့ အရည်အချင်း ၊ လုံ့လဝီရိယ ပြသခြင်း ၊ တီထွင်ဆန်းသစ်နိုင်စွမ်းနဲ့ ပြပဿနာတွေကို ဖြေရှင်းပြီး လေ့လာစမ်းစစ်နိုင်ဖို့ အာရုံစိုက်နိုင်စွမ်းတွေနဲ့ လုပ်ငန်းခွင်ကို အထောက်အကူပြုနိုင်တာကို လေ့လာဆန်းစစ်ခဲ့ပါတယ်။

Introvert ဖြစ်တဲ့သူတွေက အေးဆေးနေတတ်တာများတော့ သူတို့ရဲ့တကယ့်အရည်အချင်းတွေနဲ့ ဉာဏ်စွမ်းကို မြင်နိုင်ဖို့အခွင့်အရေးမရကြဘူး။ ပြီးတော့သူတို့ကိုလည်း တကူးတကအခွင့်အရေးတွေမပေးမိတာကြောင့် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဘူးလို့ ယူဆသွားကြပြီး လုပ်ငန်းခွင်နဲ့အဆက်ပြတ်သွားတတ်ကြတယ်။ ကိုယ့်ရဲ့ Introvert ဖြစ်တဲ့လုပ်ဖော်ကိုင်ဖက်ကို သူ့ရဲ့ပင်ကိုယ်အရည်အချင်းတွေ ဖော်ပြနိုင်ဖို့ကို အလုပ်တစ်ခုကိုသူတို့ချဉ်းကပ်တဲ့ပုံစံအတိုင်း လုပ်ခွင့်ပေးတာက ကိုယ့်ရဲ့လုပ်ငန်းအတွက် အများကြီး အထောက်အကူပြုနိုင်ပါတယ်။

Space လေးဖန်တီးပေးတာ
စိတ်ပညာရှင်တွေရဲ့လေ့လာချက်အရ Introvert တိုင်းက လူတွေနဲ့ထိတွေ့ဆက်ဆံရမှာကို မရှက်တတ်ကြပါဘူး။ ပြောရရင်တချို့ Extrovert တွေကတောင် ပြင်ပနဲ့ထိတွေ့ဆက်ဆံတဲ့အခါမှ စိတ်ဆတ်တာတွေ ရှိတတ်ပါသေးတယ်တဲ့။ လုပ်ငန်းခွင်မှာရှိတဲ့ Introvert တစ်ယောက်ကို Space လေးပေးထားပြီး သူတို့အလုပ်ကိုသူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ပေးထားတာက အနှောင့်အယှက်မရှိဘဲ လုပ်ကိုင်ခွင့်ကိုပေးပြီး သူတို့ရဲ့အသေးစိတ်အာရုံစိုက်နိုင်စွမ်းသုံးပြီး ခက်ခဲတဲ့ပရောဂျက်တွေကို ကိုင်တွယ်နိုင်စွမ်းရှိစေတယ်။ လေ့လာချက်တွေက အလုပ်လုပ်နေချိန်မှာ အနှောင့်အယှက်ဖြစ်တာက လုပ်နိုင်ကိုင်နိုင်စွမ်းကို တားဆီးတယ်လို့ ပြသထားတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းခွင်က Introvert လုပ်ဖော်ကိုင်ဖက်တွေကို သူတို့အလုပ်လုပ်နိုင်တဲ့ Space လေးပေးထားတာက သူတို့ရဲ့အရည်အချင်းတွေကို မြင်တွေ့နိုင်ဖို့ အခွင့်အရေးဖြစ်လာမှာပါ။

အစည်းအဝေးတွေနဲ့ အကြံဉာဏ်ထုတ်တဲ့နေရာတွေမှာဆိုရင်
ကိုယ့်ရဲ့ Introvert လုပ်ဖော်ကိုင်ဖက်က အစည်းအဝေးတွေမှာ တက်တက်ကြွကြွနဲ့ ဝင်ရောက်ဆွေးနွေးတာမျိုးမရှိတာနဲ့ပဲ သူတို့မှာဘာအကြံဉာဏ်မှ မရှိဘူးလို့တော့ မဆိုလိုပါဘူး။ သူတို့ကိုလည်း အစည်းအဝေးမှာ ပါဝင်ခွင့်ပေးနိုင်အောင်လို့ စကားကိုတက်တက်ကြွကြွပြောတဲ့သူတွေမပြောခင် သူ့ကိုအရင်ပြောခွင့်ပေးလိုက်ပါ။ သူတို့ကစကားနည်းလို့ အားလုံးကိုမပြောဖြစ်ဘူးဆိုရင် သူတို့ပြင်ဆင်လာတဲ့ စာရွက်စာတမ်းတွေကို အစည်းအဝေးပြီးမှ တင်ခွင့်ပေးလိုက်ပါ။

အစည်းအဝေးတွေမှာ သူတို့ကို အတင်းကြီး စကားပြောဖို့တိုက်တွန်းစရာမလိုပါဘူး။ သူတို့ကစကားပြောနည်းတဲ့သူတွေဖြစ်ပေမယ့် သူများပြောသမ ျှတော့ သေချာနားထောင်တာမို့လို့ သူတို့ရဲ့နားထောင်နိုင်တဲ့စွမ်းရည်နဲ့ တင်ပြလာတဲ့အကြောင်းအရာတွေကို လေ့လာဆန်းစစ်နိုင်တဲ့စွမ်းရည်ကို အခွင့်ကောင်းယူလိုက်ပါ။ ဘာလို့လဲဆိုတော့ အစည်းအဝေးပြီးရင် သူတို့ရဲ့အတွေးတွေကို လူအများရှေ့မှာမပြောပေမယ့် ကိုယ့်ကိုတော့သီးသန့်လာရောက်ပြီး တင်ပြနိုင်တာမို့လို့ပါ။

introverts are great at work too

သူတို့ကို တရစပ်ကြီး အလုပ်မခိုင်းပါနဲ့
တကယ့်တော်တဲ့ခေါင်းဆောင်တွေထဲမှာ Introvert တွေလို့ ယူဆခံထားရတဲ့ သမ္မတ အိုဘားမားလိုလူမျိုးတောင်မှ တစ်ခါတစ်လေမှာ သူတို့သရုပ်ဖော်နေရတဲ့ ပုံရိပ်ကနေ ခဏအနားယူဖို့လိုပါတယ်။ Introvert ဖြစ်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို အစည်းအဝေးပြီးလို့ ခဏနားချိန်တို့ ၊ ကော်ဖီသောက်နားချိန်တို့ ၊ တစ်ယောက်တည်းအေးဆေး အဝေးမှာသွားထိုင်နေချိန်တို့မှာ လွှတ်ထားပေးလိုက်ပါ။ ခဏတဖြုတ်အနားယူလိုက်ရတာက သူတို့အတွက် သက်သောင့်သက်သာမဖြစ်တဲ့ လူတွေနဲ့အမြဲထိတွေ့ဆက်ဆံနေရတဲ့ အလုပ်ကနေ အချိန်ပိုင်းလောက်တော့ ဝေးကွာသွားစေတာမို့လို့ သူတို့ရဲ့စိတ်အားကိုပြန်တက်စေတယ်။

ပြီးတော့အခြားလုပ်ငန်းတွေနဲ့ အဆက်အသွယ်လုပ်တဲ့အခါမှာလည်း သူတို့ရွေးချယ်တဲ့လုပ်ငန်းကိုပဲ ကိုင်တွယ်ခွင့်ပေးလိုက်ပါ။ သူတို့နဲ့အကြောတည့်တဲ့သူကိုတွေ့ပြီး လုပ်ငန်းပိုဖြစ်တာက ခိုင်းသမ ျှကိုလိုက်လုပ်ပြီး သဘောမတွေ့လို့အလုပ်မဖြစ်တာထက် ပိုပြီးတော့ကောင်းပါတယ်။ သူတို့ရဲ့သူမတူတဲ့နားထောင်နိုင်စွမ်းက အစက ကိုယ်သတိမထားမိသေးတဲ့ အကြောင်းအရာတွေကို မြင်တွေ့နိုင်လာတာမို့လို့ သူတို့ကြောင့် လုပ်ငန်းမိတ်ဖက်သစ်တွေဘာတွေ ရသွားတာလည်းရှိပါတယ်။

ပြောဆိုဆက်ဆံရေး
Introvert တွေက သူတို့ရဲ့အတွေးတွေနဲ့ စိတ်ကူးတွေကို စကားနဲ့ဖွဲ့နွဲ့ပြီးပြောနေတာထက် စာနဲ့ချရေးရတာကို ပိုကြိုက်ကြပါတယ်။ လက်လေးသွားတို့ပြီး မေးတာတို့ ၊ ဖုန်းလှမ်းဆက်လိုက်တာတို့က သူတို့ရဲ့ အတွေးတွေကို အနှောင့်အယှက်ဖြစ်ပါတယ်။ သူတို့ကို မိနစ် ၃ဝ စာလောက် စကားတွေသွားပြောပြီး ဆွေးနွေးနေတာက အီးမေးလ်လေးပို့ထားပြီး အကြံတောင်းတာက ပိုပြီးအဓိပ္ပါယ်ရှိတဲ့ အဖြေတွေကိုသူတို့ဆီက ရနိုင်မှာပါ။ ဒါပေမယ့်သူတို့ကို လုံးဝကြီးလည်းပစ်ထားလို့တော့မဖြစ်ပါဘူး။ လူဆိုတဲ့အတိုင်းတခြားသူတစ်ယောက်ကို စကားပြောဖို့တော့လိုအပ်တာပေါ့။

ဒီတော့အရင်ကယူဆခဲ့ကြတဲ့ သွက်မှလက်မှထက်မှ လုပ်ငန်းမှာပိုပြီးတော့ အားကိုးရမယ်ဆိုတာကြီးကို တသမတ်ကြီးလက်ခံစရာမလိုတော့ပါဘူး။ Introvert တွေကလည်း သင့်ကိုအံ့သြမင်သက်အောင်လုပ်နိုင်ပါတယ်။ သူတို့ကို အခွင့်အရေးပဲ ပေးလိုက်ပါ။ သူတို့ကလည်း လုပ်ငန်းခွင်မှာ ပိုပြီးတော့ထက်မြက်တဲ့သူတွေဖြစ်နိုင်ပါတယ်။

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ