Introvert တစ်ယောက်ကို ဒီအချက်တွေကိုမလုပ်မိစေဖို့ Extrovert တွေကိုပြောချင်ပါတယ်

Introvert တစ်ယောက်ကို ဒီအချက်တွေကိုမလုပ်မိစေဖို့ Extrovert တွေကိုပြောချင်ပါတယ်

လူတိုင်းမှာ မတူညီတဲ့အကျင့်စရိုက်တွေ ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေရှိပါတယ်။ ဒါကြောင့်ကိုယ့်က ဒီလိုဖြစ်လို့ တခြားသူကလည်း ဒီလိုဖြစ်ရမယ်ဆိုတဲ့ အပြုအမူတွေ အပြောအဆိုတွေက အရမ်းကိုမှားယွင်းပါတယ်။ ဒီခေတ်ကြီးမှာဆိုရင် လူတွေကပိုပြီးတက်ကြွလာကြတယ် ၊ ပွင့်လင်းလာကြတယ် ၊ ပိုပြီးနိုးကြားလာကြတယ်။ Active ဖြစ်ပြီး Social ကောင်းတဲ့သူတွေ အခွင့်အလမ်းအများကြီးပိုရတဲ့ ခေတ်ကြီးဖြစ်လာတာနဲ့ Introvert တွေအပေါ်မှာ မသိလိုက်ပဲနဲ့ ဖိအားပေးနေမိတာတွေရှိပါတယ်။ Introvert တွေရဲ့ Nature ကိုက အေးအေးဆေးဆေးနေတတ်ပြီး ၊ Isolated (တသီးတသန့်) ဖြစ်တာကို သဘောကျတာပါ။ ဒါကြောင့် သူတို့တွေက ဒီလူမှုဝန်းကျင်မှာ ဝင်ဆံ့အောင်နေနိုင်ဖို့တောင် မနည်းကြိုးစားနေရတာပါ။ ဒါကြောင့်တချို့သူတွေကနေ Introvert တွေကို ဖြစ်စေချင်တဲ့အချက်တွေဟာ သူတို့အတွက်တော့ ခက်ခဲနေတာတွေ ၊ မဖြစ်နိုင်တာတွေ ၊ စိတ်ဆင်းရဲရတာတွေရှိပါတယ်။

အပြင်ကိုခေါ်သွားပြီး ပစ်ထားတာ

ကိုယ့်ရဲ့ Extrovert သူငယ်ချင်းက ကိုယ့်ကိုပါတီပွဲတစ်ခုကိုခေါ်သွားပြီး ဟိုလည်းရောက်ရော သူကကြက်ပျောက်ငှက်ပျောက် ပျောက်သွားတယ်။ ကိုယ့်ကိုသူစိမ်းတွေကြားမှာ ထားခဲ့တယ်။ Extrovert တွေအတွက်တော့ သူစိမ်းတစ်ယောက်ကို နှုတ်ဆက်ပြီးစကားတွေပြော မိတ်ဆွေဖွဲ့လိုက်တာက လွယ်ကူနိုင်ပေမယ့် Introvert တွေအတွက်က အဲဒီလိုမဟုတ်ဘူးလေ။ အဲဒီလိုလူတွေအများကြီးနဲ့ ပြောဆိုဆက်ဆံရတာကို မကြိုက်တာကြောင့် Introvert ဖြစ်နေတာပါဆို အခုလိုပါတီပွဲတွေ ၊ လူများတဲ့နေရာတွေကို ခေါ်လည်းခေါ်သွားတယ် ၊ ဂရုလည်းမစိုက်ဘဲပစ်ထားခဲ့တာက Introvert တွေအတွက် အရမ်းကိုစိတ်ဆိုးချင်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။

အသံနည်းနည်းတိတ်တိတ်နေပေးဖို့ပြောရင် စိတ်ဆိုးတာ

Extrovert ဖြစ်တဲ့သူတွေက Active ဖြစ်ပြီး အမြဲလိုလိုတက်ကြွနေတာကို နားလည်ပါတယ်။ သူတို့တွေက စကားပြောလည်းအရမ်းကောင်းတယ် ၊ လူမှုရေးလည်းအရမ်းကောင်းတယ်။ တော်တော်များများကို ဖြေရှင်းနိုင်ပြီး ပျော်ပျော်လည်းနေတတ်တယ်ဆိုတာသိပါတယ်။ Extrovert တွေစကားပြောတာသဘောကျသလို Introvert တွေကလည်း နားညည်းတာကိုမကြိုက်ကြဘူးလေ။ ဒါကြောင့် ကိုယ့်သူငယ်ချင်း Extrovert က စကားတွေအားရပါးရပြောပြီး အသံကတဖြည်းဖြည်းကျယ်လာတဲ့အခါမှာ မခံစားနိုင်တော့လို့ နည်းနည်းလေးအသံလျော့ပြောပေးပါလားလို့ တောင်းဆိုမိတဲ့အခါတွေရှိပါတယ်။ အဲဒီအချိန်ဆိုရင် သူတို့ကိုနားမလည်ပေးသလို ၊ ကိုယ်ကပဲမှားနေသလိုလိုအကြည့်မျိုးနဲ့ ကြည့်တာကိုခံရပါတယ်။ ဒါပေမယ့် ဒီလိုပြောတာက တမင်တကာ ပါးစပ်ပိတ်ခိုင်းတာမဟုတ်ပါဘူး။ Introvert တွေဘက်ကနေလည်း နားလည်စေချင်လို့ဖြစ်ပါတယ်။

Introvert တစ်ယောက်က စကားစပြောလာတာနဲ့ Miracle ကြီးတစ်ခုလိုဖြစ်ပျက်နေတာ

ဟုတ်ပါတယ်။ Introvert ဖြစ်နေလို့ စကားနည်းတယ် ၊ တော်ရုံတန်ရုံစကားမပြောဖြစ်ဘူး။ ဒါပေမယ့်လိုအပ်လာလို့ စကားပြောတဲ့အခါ။ Oh My God! သူစကားပြောတတ်တယ်တော့။ နောက်ဆုံးတော့ နင်စကားပြောပြီနော်။ ဟဲ့ (Name) စကားပြောနေပြီ ၊ ဒီနေ့တော့မိုးရွာတော့မယ်ထင်တယ်ဆိုပြီး ပြောတာတွေက Introvert ဖြစ်တဲ့သူအတွက် စိတ်ကသိကအောက်ဖြစ်စေပါတယ်။

Introvert ဖြစ်တာနဲ့ပဲ အရာရာကိုငြင်းဆန်တော့မယ်ထင်တာ

Introvert တွေရဲ့သဘာဝအတိုင်း အမြဲလိုလိုတစ်ယောက်တည်းနေတတ်တာမှန်ပါတယ်။ ဒါပေမယ့် အဲဒီလိုနေနေတာနဲ့ပဲ သူငယ်ချင်းတွေတွေ့တဲ့အခါ ၊ မွေးနေ့ပွဲတွေလုပ်တဲ့အခါ ၊ အပြင်သွားရုပ်ရှင်တွေဘာတွေကြည့်တဲ့အခါကျရင် “သူကခေါ်ရင်လည်းလိုက်မှာမဟုတ်ပါဘူးလေ”လို့တွေးလိုက်ပြီး ဘယ်ဆိုဘယ်မှမခေါ်တော့တာ ၊ ဘာပွဲကိုမှမဖိတ်တော့တာမျိုး မလုပ်ပါနဲ့။ အနည်းဆုံးမေးကြည့်လိုက်လို့လည်း အပန်းကြီးတာမှမဟုတ်တာ။ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်ဆိုတာနဲ့ပဲ သူငယ်ချင်းတွေနဲ့စကားပြောရတာကို လုံးဝသဘောမကျဘူးလို့ မဆိုလိုဘူးလေ။

Introvert တွေကို Social ကျဖို့ အတင်းတိုက်တွန်းနေတာ

သူငယ်ချင်းအချင်းချင်းမို့လို့ ကိုယ့်သူငယ်ချင်းကို ကောင်စေချင်လို့ ၊ ကိုယ့်သူငယ်ချင်းတစ်သက်လုံးတစ်ယောက်လည်းနေပြီး သေသွားမှာစိုးလို့ စေတနာနဲ့ Social ကျကျနေအောင် တွန်းအားပေးတာ ၊ တိုက်တွန်းတာတွေကိုမကောင်းဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် Introvert တွေအနေနဲ့ Extrovert သူငယ်ချင်းတွေကို ပြောပြချင်တာက “သူတို့တွေ Social ကျကျနေချင်လာတဲ့တစ်နေ့ဆိုတာ အနာဂတ်မှာရှိလာမှာပါ။ ဒီနေ့မဟုတ်ရင်တောင် မနက်ဖြန်တွေ ၊ သဘက်ခါတွေအများကြီးရှိပါသေးတယ်။ ဒီကမ္ဘာမှာနှစ်တွေအများကြီးနေရဦးမှာပါ။ ဒါကြောင့် Introvert ဖြစ်တဲ့ကိုယ်တွေ Social ကျဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ အတင်းကြီးမတိုက်တွန်းပါနဲ့” လို့ပါ။ တစ်ချိန်ချိန်မှာ သူ့ဘာသာသူဖြစ်သွားမှာမို့လို့ အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ဆိုတာပါ။ ဘယ်သူမှတစ်သက်လုံးတစ်ယောက်တည်းနေသွားမှာ မဟုတ်ပါဘူး။ အပျိုကြီး ၊ လူပျိုကြီးဖြစ်သွားရင်တောင် ကြောင်တွေခွေးတွေမွေးပြီးနေလို့ရတာမို့ အထီးကျန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သိပ်မစိုးရိမ်ဘဲနဲ့ အချိန်နည်းနည်းပေးပြီး စောင့်ပေးပါလို့ ပြောချင်တာပါ။

အိမ်း….ပြောချင်တာကတော့ ဒါအကုန်ပါပဲ။ Extrovert ဖြစ်ဖြစ် Introvert ဖြစ်ဖြစ် အချင်းချင်း နားလည်မှုတွေနဲ့ အပြန်အလှန်တန်ဖိုးထားမှုတွေနဲ့ ကမ္ဘာကြီးမှာ ရှင်သန်ချင်ကြတာပဲလေ။ ဒါကြောင့် အခုပြောတာတွေကိုလည်း ဝေဖန်တယ် ၊ စောဒကတက်တယ်လို့မမြင်ဘဲနဲ့ ဒီအတိုင်းခံစားချက်လေးကို ထုတ်ပြောတယ်လို့ပဲ သဘောထားစေချင်ပါတယ်။

Source: Buzzfeed

Piki (Akhayar)

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ