T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်တဲ့ inYourdreaM နဲ့ Poloson

T1 Dota2 အသင်းနဲ့ လမ်းခွဲလိုက်တဲ့ inYourdreaM နဲ့ Poloson

ကိုရီးယား အခြေစိုက် Dota2 အသင်း T1 ရဲ့ ကပ္ပတိန်ဖြစ်သူ Wilson “Poloson” Koh Chin Wei နဲ့ Mid Laner ဖြစ်သူ Muhammad “inYourdreaM” Rizky တို့ကတော့ အသင်းနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Poloson နဲ့ inYourdreaM တို့ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကို Dota 2 “Majors and Minors” Registration Page ကနေ တစ်ဆင့် သိရှိခဲ့ရတာ ဖြစ်ပါတယ်။ အခုလို ကစားသမား နှစ်ဦး ထပ်မံ ထွက်ခွာလို့ သွားခဲ့တာကြောင့် T1 Dota2 အသင်းမှာ Offlaner ဖြစ်သူ Sam_H နဲ့ Support ကစားသမား Jhocam တို့သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

inYourdreaM နဲ့ Poloson တို့ မထွက်ခွာခင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့တုန်းကလည်း T1 Dota2 အသင်းအနေနဲ့ Carry ကစားသမား Meracle နဲ့ နည်းပြဖြစ်သူ xFreedom တို့နဲ့ လမ်းခွဲခဲ့ပါသေးတယ်။ ဒါ့အပြင် T1 Dota2 အသင်းဟာ စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပသွားခဲ့တဲ့ ESL One Thailand 2020: Asia ပြိုင်ပွဲပြီးကတည်းက ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်းလည်း မရှိခဲ့ပါဘူး။

Meracle

ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိတဲ့အပြင် ကစားသမားတွေ၊ နည်းပြဖြစ်သူတွေနဲ့ ဆက်တိုက် ဆိုသလို လမ်းခွဲမှုတွေ ပြုလုပ်လျက် ရှိတာကြောင့် T1 Dota2 အသင်းကို မကြာခင် အချိန်အတွင်း ပြန်လည် ဖျက်သိမ်းသွားဖွယ် ရှိနေပါတယ်။ T1 Dota2 အသင်းကို ၂၀၂၀ ခုနှစ်၊ မတ်လမှာ စတင် တည်ထောင်ခဲ့ပြီး ကစားသမား အပြောင်းအလဲ များစွာကို ပြုလုပ်ခဲ့ပေမယ့် ကြီးကြီးမားမား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတုန်းပဲ ဖြစ်ပါတယ်။

inYourDreaM

လက်ရှိအချိန်မှာ SEA ဒေသတွင်း ပြိုင်ပွဲကျင်းပမှုတွေ နည်းပါးလျက် ရှိတာကြောင့် T1 Dota2 အသင်း အနေနဲ့ Dota2 လောကကနေ ခေတ္တ ပြန်လည် ထွက်ခွာသွားဖွယ် ရှိနေပြီး DPC ရာသီ ပြန်လည် စတင်ချိန်မှသာ တောင့်တင်းတဲ့ ကစားသမား စာရင်းတစ်ခုနဲ့ အတူ ပြန်လည် ဝင်ရောက်လာဖွယ် ရှိနေပါတယ်။

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle