League Partnership Program ကနေထုတ်ပယ်ခံလိုက်ရတဲ့ IWillDominate

League Partnership Program ကနေထုတ်ပယ်ခံလိုက်ရတဲ့ IWillDominate

နာမည်ကြီး League of Legends Streamer တစ်ယောက်ဖြစ်တဲ့ IWillDominate ကို Riot ရဲ့ League Partnership Program (LPP) ကနေထုတ်ပယ်လိုက်ပါတယ်။ ဘာကြောင့်ဒီလို ထုတ်ပယ်လိုက်တာကိုလည်း Riot ကနေ ဖြေရှင်းချက်တိတိကျကျ မပေးခဲ့ပါဘူး။

Team Liquid Player ဟောင်းတစ်ယောက်လည်းဖြစ်၊ LoL Streamer တစ်ယောက်လည်းဖြစ်တဲ့ IWillDominate ဟာ LPP ကနေ ထုတ်ပယ်ခံလိုက်ရပြီဖြစ်ကြောင်းကို Twitch ရဲ့ Livestream မှာ ပြောကြားလိုက်ပါတယ်။  LPP ကနေထုတ်ပယ်ခံလိုက်ရတဲ့အတွက် သူဟာ LoL Championship Series နဲ့ Academy ဂိမ်းတွေကို Co-streaming လုပ်လို့ရတော့မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။ ဒါ့အပြင် League Unlocked access ကိုလည်း ရရှိတော့မှာမဟုတ်ပါဘူး။

Riot ရဲ့အဆိုအရ IWillDominate ရဲ့ Social Media Account မှာ Riot ရဲ့ Policy တွေနဲ့ ငြိစွန်းတဲ့အရာတွေရှိနေတဲ့အတွက် လုံခြုံစိတ်ချရတဲ့ Community အဖြစ် ဆက်လက်တည်တံ့နေဖို့အတွက် အခုလို ထုတ်ပယ်လိုက်ရတယ်လို့သိရှိရပါတယ်။ IWillDominate ဟာ LPP အတွက် အစမ်းခန့်အဆင့်မှာပဲရှိနေတာကြောင့် အခုလိုမျိုး ငြိစွန်းလာတဲ့အခါ တစ်ခါတည်းထုတ်ခံလိုက်ရတာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ဘယ်လိုအကြောင်းအရာတွေက ငြိစွန်းနေတယ်ဆိုတာကို ကာယကံရှင် IWillDominate ကိုယ်တိုင်မသိရှိသလို၊ သူ့အနေနဲ့ LPP ထဲမှာပဲဆက်လက်ရှိနေချင်တယ်လို့ဆိုပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ Twitch Streamer Yassuo နဲ့အတူ အခြား IWillDominate ရဲ့ fans တွေကလည်း IWillDominate ကို LPP ထဲပြန်လည်ထည့်သွင်းပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီလိုမျိုး Riot ကနေ LPP အတွက် ထုတ်ပယ်တာတွေက ဒါ ပထမဆုံးတော့မဟုတ်ပါဘူး။ ဇွန်လတုန်းကလည်း Cloud9 ရဲ့ Mid Laner ဟောင်းတစ်ယောက်ဖြစ်တဲ့ Hai ကိုလည်း Chat Restriction တွေထားခဲ့တာကြောင့် LPP ရဲ့ အမြဲတမ်း Member ကနေ အစမ်းခန့်အဖြစ် ပြန်လည်သတ်မှတ်ခဲ့ပါတယ်။ တကယ်လို့ သူဟာ ဒီလိုမျိုး Restriction တွေဆက်လက်ထားဦးမယ်ဆိုရင်တော့ နောက်သုံးလအတွင်းမှာ အခုလိုမျိုးထုတ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle