Jabz နေရာ အစားထိုးဖို့ Jabz ကိုပဲ ပြန်လည်ခေါ်ယူခဲ့တဲ့ Fnatic Dota2

Jabz နေရာ အစားထိုးဖို့ Jabz ကိုပဲ ပြန်လည်ခေါ်ယူခဲ့တဲ့ Fnatic Dota2

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ Fnatic Dota2 အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ Jabz ကတော့ နောက်ဆုံးမှာ Fnatic Dota2 အသင်းကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ Fnatic Dota2 အသင်း အနေနဲ့ Jabz ကို ပြန်လည် ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ကြောင်းကို ဟာသဆန်ဆန် ဗီဒီယိုတစ်ခုဖြင့် ကြေညာသွားခဲ့တာ ဖြစ်ပါတယ်။

We have found our replacement for Jabz

After searching all over SEA, we've finally found the perfect person to replace Jabz. Coming in เดือด, welcome Jabz.

Posted by Fnatic Dota on Tuesday, October 13, 2020

Jabz အနေနဲ့ Position 4 ကစားသမား ဘဝကို ပြန်လည် ခံယူလိုတာကြောင့် Fantic Dota2 အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပြီး Fnatic Dota2 အသင်းကနေ ထွက်ခွာခဲ့တာ ကာလမှာ အခြားသော SEA အခြေစိုက် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Kuku, 23savage, Abed တို့နဲ့အတူ Among Us Dota2 အသင်းကို အပျော်သဘော တည်ထောင်ကာ BTS Pro Series Season 3: SEA ပြိုင်ပွဲမှာ ဝင်ရောက် ကစားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာ Jabz အနေနဲ့ Fnatic Dota2 အသင်းကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေမယ့် Pos4 အဖြစ် ကစားသွားမှာလား ဒါမှမဟုတ် Pos5 အဖြစ်သာ ကစားသွားမှာလား ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ အခုလို Jabz ကို ပြန်လည် ခေါ်ယူလိုက်နိုင်တာကြောင့် Fnatic Dota2 အသင်း အနေနဲ့ Iceiceice နေရာ အစားထိုးဖို့ အတွက်သာ ရှာဖွေဖို့ လိုအပ်တော့မှာဖြစ်ပြီး နာမည်ကျော် Offlane ကစားသမား တစ်ဦးဖြစ်တဲ့ Kuku အနေနဲ့လည်း အသင်းလက်မဲ့ အဖြစ် တည်ရှိနေစဲ ဖြစ်တာကြောင့် Kuku ကိုပဲ ခေါ်ယူသွားမလား ဒါမှမဟုတ် Jabz နည်းတူ Iceiceice ကိုပဲ ပြန်လည် ခေါ်ယူသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Fnatic Dota2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Raven - Pos 1
  • Moon - Pos 2
  • DJ - Pos 4/5
  • Jabz - Pos 4/5

REF: AfkGaming

Read more

'' Vincent Van Gogh  ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

'' Vincent Van Gogh ရဲ့ စိတ်ဝင်စားစရာအကြောင်းများ ''

Vincent Van Gogh ကို နယ်သာလန်တွင် မတ်လ 30 ရက် 1853 တွင်မွေးဖွားခဲ့ပါတယ်။‌မွေးချင်းအစ်ကို(Theo)တစ်ယောက်ရှိပါတယ်။Vincent Van Goghမှာ မွေးမွေးပြီးချင်းဆုံးသွားတဲ့ နာမည်တူတဲ့ နောက်

By Akhayar Lifestyle
ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

ရောင်းအားအကောင်းဆုံးဆုများစွာပေးအပ်ချီးမြှင့်ခဲ့တဲ့ Manulife နဲ့ uab တို့ရဲ့ Stronger Together အခမ်းအနား

Manulife Myanmar နဲ့ uab ဘဏ်တို့ပူးပေါင်းပြီး Stronger Together Gala Dinner အခမ်းအနားကို မေလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဝင်ဒမ်ဂရန်းဟိုတယ်မှာ ကျင်းပခဲ့ကြပါတယ်။ ဒီအခမ်းအနားမှာ ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှ

By Akhayar Lifestyle
ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

ဈေးကွက်တွင်း ထုပ်ပိုးမှုအသစ် ဘူးအကြည်‌ရောင်နဲ့ မြင်လာရသည့် Sprite® အချိုရည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့၊ ပလတ်စတစ်လျော့ချဖို့ ဆိုတဲ့ကိစ္စရပ်တွေကို လူတွေ တွင်တွင်ကျယ်ကျယ် အရေးယူပြောဆိုလာကြတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာလည်

By Akhayar Lifestyle
‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

‘‘ အလုံမြို့တွင် Pizza Hut ဆိုင်ခွဲအသစ်ဖွင့်လှစ်’’

Jardine Restaurant Group နှင့် CMHL တို့၏ ဖက်စပ်လုပ်ငန်းဖြစ်သော Pizza Hut Myanmar သည် Mayလ 11ရက်နေ့က ရန်ကုန် အလုံမြို့နယ်ရှိ ၊ ကြည့်မြင်တိုင်ကမ်းနားလမ်းက အလုံ City Mart တွင်“ဆိုင်ခွဲအသစ်” ကိ

By Akhayar Lifestyle